ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ကြသူများအတွက် ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များကို လွတ်လပ်ရေးနေ့၌ ပေးအပ်ချီးမြှင့်သွားမည်

 540

ကျော် (NP News) - ဒီဇင်ဘာ ၇

နိုင်ငံတော်ကိုတည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံက မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြသူများအတွက် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များကို လာမည့် လွတ် လပ်ရေးနေ့၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခံရမည့်ပုဂ္ဂိုလ်များသည် သားစဉ်မြေး ဆက်ဂုဏ်ယူဝင့်ကြွားနိုင်သော ထိုက်တန်သည့်စွမ်းဆောင်ရည်များရှိရမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်)က နေပြည်တော်၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတွက် ထူးကဲစွာ ဘာသာသာသနာ့အကျိုးဆောင်ရွက်ခဲ့ကြသည့် သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ ၊ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စားစွာတာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ဝန်ထမ်းများကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ် ကြောင်း ပြောသည်။

ထိုသို့ ပေးအပ်ချီးမြှင့်နိုင်ရန် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များပြဋ္ဌာန်းချက်၊ ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်၊ ၂၀၁၄ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်ကို ဖြည့်စွက်ပြဋ္ဌာန်းချက်တို့နှင့်အညီ စီစစ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"နစက ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံး၊ကျဆုံးခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုလည်း ထောက်ပံ့ငွေတွေပေးအပ်နိုင်ဖို့အတွက် စိစစ်သွားမှာပါ"ဟု နစက ဒုဥက္ကဋ္ဌကပြောသည်။

ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ ဂုဏ်ထူးဆောင်တံ ဆိပ်ရရှိသူများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

zawgyi version
က႑ေပါင္းစုံမွ ႀကိဳးပမ္းေဆာင္႐ြက္ၾကသူမ်ားအတြက္ ဂုဏ္ထူးေဆာင္ဘြဲ႕/တံဆိပ္မ်ားကို လြတ္လပ္ေရးေန႔၌ ေပးအပ္ခ်ီးျမႇင့္သြားမည္

ေက်ာ္ (NP News) - ဒီဇင္ဘာ ၇

ႏိုင္ငံေတာ္ကိုတည္ေဆာက္ရာတြင္ က႑ေပါင္းစုံက မဆုတ္မနစ္ေသာ ဇြဲ၊ လုံ႔လ၊ ဝီရိယႀကီးမားစြာျဖင့္ စြမ္းစြမ္းတမံ ႀကိဳးပမ္းေဆာင္႐ြက္ၾကသူမ်ားအတြက္ ဂုဏ္ထူးေဆာင္ဘြဲ႕၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို လာမည့္ လြတ္လပ္ေရးေန႔၌ ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဂုဏ္ထူးေဆာင္ဘြဲ႕ ခ်ီးျမႇင့္အပ္ႏွင္းခံရမည့္ပုဂၢိဳလ္မ်ားသည္ သားစဥ္ေျမး ဆက္ဂုဏ္ယူဝင့္ႂကြားႏိုင္ေသာ ထိုက္တန္သည့္စြမ္းေဆာင္ရည္မ်ားရွိရမည္ျဖစ္ေၾကာင္း နစက ဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

ယမန္ေန႔(ဒီဇင္ဘာလ ၆ ရက္)က ေနျပည္ေတာ္၌ က်င္းပသည့္ ၂၀၂၄ ခုႏွစ္အတြက္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းရန္ စိစစ္ေရးအဖြဲ႕အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အတြက္ ထူးကဲစြာ ဘာသာသာသနာ့အက်ိဳးေဆာင္႐ြက္ခဲ့ၾကသည့္ သာသနာ့အာဇာနည္မ်ား၊ လူပုဂၢိဳလ္မ်ားကို ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ၊ဂုဏ္ထူးေဆာင္တံဆိပ္မ်ားႏွင့္ စြမ္းေဆာင္မႈဆိုင္ရာဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

ထို႔ျပင္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္တရားဥပေဒစိုးမိုးေရးတာဝန္မ်ား ထမ္းေဆာင္ရာတြင္ မိမိကိုယ္က်ိဳးကို မငဲ့ကြက္ဘဲ ရဲဝံ့စြန႔္စားစြာတာဝန္ထမ္းေဆာင္ခဲ့ၾကေသာ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ ျပည္သူ႔ဝန္ထမ္းမ်ားကိုလည္း ခ်ီးျမႇင့္ေပးအပ္သြားမည္ျဖစ္ ေၾကာင္း ေျပာသည္။

ထိုသို႔ ေပးအပ္ခ်ီးျမႇင့္ႏိုင္ရန္ သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္မ်ားျပ႒ာန္းခ်က္၊ ၂၀၀၉ ခုႏွစ္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားဆိုင္ရာျပ႒ာန္းခ်က္၊ ၂၀၁၄ ခုႏွစ္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူး ေဆာင္တံဆိပ္မ်ားဆိုင္ရာျပ႒ာန္းခ်က္ကို ျဖည့္စြက္ျပ႒ာန္းခ်က္တို႔ႏွင့္အညီ စီစစ္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

"နစက ဥကၠ႒ရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ရင္း ထိခိုက္၊ ဒဏ္ရာရ၊ ေသဆုံး၊က်ဆုံးခဲ့တဲ့ ႏိုင္ငံ့ဝန္ထမ္းေတြကိုလည္း ေထာက္ပံ့ေငြေတြေပးအပ္ႏိုင္ဖို႔အတြက္ စိစစ္သြားမွာပါ"ဟု နစက ဒုဥကၠ႒ကေျပာသည္။

ဂုဏ္ထူးေဆာင္ဘြဲ႕ရရွိသူမ်ား၊ ဂုဏ္ထူးေဆာင္တံ ဆိပ္ရရွိသူမ်ားကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္(လြတ္လပ္ေရးေန႔)တြင္ ခ်ီးျမႇင့္ေပးအပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.