ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်အဟုန်မြှင့်တင်ရန် မြန်မာ နှင့်တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး

 1135

Pearl (NP News) - ဒီဇင်ဘာ ၇

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်အဟုန်မြှင့်တင်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင် - လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးများကာလအတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ယမန်နေ့ (ဒီဇင်ဘာ ၆ရက်)တွင် သီးခြားတွေ့ဆုံဆွေးနွေးရာ၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား ပိုမိုခိုင်မာရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့်ရပ်ဝန်း နှင့် ပိုးလမ်းမစီမံကိန်းအောက်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း ၊ တရုတ် - မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်တည်ထောင်ရေးအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန် အဟုန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့်အဖွဲ့အစည်းဖွဲ့ရန်အတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိသည်။ အဆိုပါ EOI စတင်အဆိုပြုသည့်အချိန်တွင် အနည်းဆုံးအမေရိကန်ဒေါ်လာ (၅)သန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခုတင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရန်လိုအပ်သည်။

အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်နိုင်ရေး ဆောင်ရွက်သွားရန်လည်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သော အောက်တိုဘာလအတွင်းက တိုက်တွန်းပြောကြားခဲ့ဖူးသည်။

အလားတူ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံရာ၌ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေး ချမ်းရေးထိန်းသိမ်းရန် ၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု နှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ်တိုက်ဖျက်ရန် နှစ်ဖက်တရားဥပဒေ စိုးမိုးရေးအဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူး ပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့် သတင်းအမှားများကို ဟန့်တားထိန်းချုပ်နိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဒေသတွင်းနှင့် နိုင်ငံ တကာမျက်နှာစာများ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု နှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှု ၊ မြန်မာပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုခြင်း နှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုတို့အပေါ် ထောက်ခံလျက်ရှိသော တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

zawgyi version
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း အရွိန္အဟုန္ျမႇင့္တင္ရန္ ျမန္မာ ႏွင့္တ႐ုတ္ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေဆြးေႏြး

Pearl (NP News) - ဒီဇင္ဘာ ၇

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း အရွိန္အဟုန္ျမႇင့္တင္ရန္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိတို႔ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕တြင္ က်င္းပသည့္ (၈)ႀကိမ္ေျမာက္ မဲေခါင္ - လန္ခ်န္း ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအဆင့္ အစည္းအေဝးမ်ားကာလအတြင္း ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားက ယမန္ေန႔ (ဒီဇင္ဘာ ၆ရက္)တြင္ သီးျခားေတြ႕ဆုံေဆြးေႏြးရာ၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေတြ႕ဆုံစဥ္ ျမန္မာ-တ႐ုတ္ ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးအား ပိုမိုခိုင္မာေရး၊ ျမန္မာ-တ႐ုတ္ စီးပြားေရးစႀကႍႏွင့္ရပ္ဝန္း ႏွင့္ ပိုးလမ္းမစီမံကိန္းေအာက္မွ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း ၊ တ႐ုတ္ - ျမန္မာ မီးရထားလမ္းေဖာက္လုပ္ေရးႏွင့္ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးကြန္ရက္တည္ေထာင္ေရးအပါအဝင္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ စီမံကိန္းမ်ား အရွိန္ အဟုန္ျမႇင့္တင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလကလည္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၌ ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံသားပိုင္ကုမၸဏီမ်ားပါဝင္သည့္အဖြဲ႕အစည္းဖြဲ႕ရန္အတြက္ စိတ္ဝင္စားမႈ အဆိုျပဳလႊာ (EOI) ေခၚယူလ်က္ရွိသည္။ အဆိုပါ EOI စတင္အဆိုျပဳသည့္အခ်ိန္တြင္ အနည္းဆုံးအေမရိကန္ေဒၚလာ (၅)သန္း ထည့္ဝင္ႏိုင္ေၾကာင္း အေထာက္အထားတစ္ခုခုတင္ျပႏိုင္သည့္ ကုမၸဏီျဖစ္ရန္လိုအပ္သည္။

အဆိုပါ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းစီမံကိန္းကို အျမန္ဆုံးစတင္ႏိုင္ေရး ေဆာင္႐ြက္သြားရန္လည္း နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ၿပီးခဲ့ေသာ ေအာက္တိုဘာလအတြင္းက တိုက္တြန္းေျပာၾကားခဲ့ဖူးသည္။

အလားတူ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားေတြ႕ဆုံရာ၌ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတစ္ေလွ်ာက္ လုံၿခဳံေရးႏွင့္တည္ၿငိမ္ေအး ခ်မ္းေရးထိန္းသိမ္းရန္ ၊ တရားမဝင္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ၊ လူကုန္ကူးမႈ ႏွင့္ အြန္လိုင္းလိမ္လည္မႈမ်ား အျမစ္ျပတ္တိုက္ဖ်က္ရန္ ႏွစ္ဖက္တရားဥပေဒ စိုးမိုးေရးအဖြဲ႕မ်ားအၾကား ပိုမိုနီးကပ္စြာ ဆက္လက္ပူး ေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံဆက္ဆံေရးအေပၚ ထိခိုက္ေစႏိုင္သည့္ သတင္းအမွားမ်ားကို ဟန႔္တားထိန္းခ်ဳပ္ႏိုင္ရန္ မီဒီယာက႑တြင္ ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ မဲေခါင္ - လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈအပါအဝင္ ေဒသတြင္းႏွင့္ ႏိုင္ငံ တကာမ်က္ႏွာစာမ်ား၌ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ရန္လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိက ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈ ႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈတို႔အေပၚ အစဥ္ေလးစားမႈ ၊ ျမန္မာျပည္တြင္းေရးတြင္ ဝင္ေရာက္စြက္ဖက္မႈမျပဳျခင္း ႏွင့္ ျမန္မာႏိုင္ငံႏွင့္ ကိုက္ညီသည့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းေၾကာင္း ေ႐ြးခ်ယ္မႈတို႔အေပၚ ေထာက္ခံလ်က္ရွိေသာ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္ကို အတည္ျပဳေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.