မလေးရှားရှိ မိုးပျံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ်သားတစ်ဦး ပြုတ်ကျသေဆုံး

 3276

စော (NP News) - ဒီဇင်ဘာ ၇

မလေးရှားနိုင်ငံရှိ မိုးပျံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ် သားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံမှ သိရသည်။

ထို့သို့ ပြုတ်ကျသေဆုံးခဲ့သည့် အမျိုးသားသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် နေထိုင်သည့် ကိုစည်သူဟိန်း (၂၃)နှစ်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ကိုစည်သူဟိန်းသည် ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်တွင် မိုးပျံတံတားရှိသံချောင်းများအား ဝရိန်ဆော်နေစဉ် မတော်တဆဖြစ်ကာ ဆောက်လက်စ တံတားပေါ်မှ ပြုတ်ကျခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုတ်ကျခဲ့ပြီးနောက် ကွာလာလမ်ပူမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း ဆုံးပါးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က အသိပေးထားသည်။

ကိုစည်သူဟိန်း၏ ရုပ်အလောင်းအား လာမည့် ဒီဇင်ဘာလ ၁၀ ရက်တွင် ကွာလာလမ်ပူမြို့၊ ချဲရပ်သုဿန်ဂျလန်ကွာလီ၌ မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

မိုးပျံတံတားပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော ကိုစည်သူဟိန်းသည် ပဲခူးတိုင်း၊ ဇောင်းတူမြို့နယ်၊ ဇီးတောကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

zawgyi version
မေလးရွားရွိ မိုးပ်ံတံတားေဆာက္လုပ္ေရးလုပ္ငန္းခြင္၌ ျမန္မာလုပ္သားတစ္ဦး ျပဳတ္က်ေသဆုံး

ေစာ (NP News) - ဒီဇင္ဘာ ၇

မေလးရွားႏိုင္ငံရွိ မိုးပ်ံတံတားေဆာက္လုပ္ေရးလုပ္ငန္းခြင္၌ ျမန္မာလုပ္ သားတစ္ဦး ျပဳတ္က်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား)ထံမွ သိရသည္။

ထို႔သို႔ ျပဳတ္က်ေသဆုံးခဲ့သည့္ အမ်ိဳးသားသည္ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕တြင္ ေနထိုင္သည့္ ကိုစည္သူဟိန္း (၂၃)ႏွစ္ျဖစ္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုတြင္ အလုပ္လုပ္ကိုင္ေနသူတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

ကိုစည္သူဟိန္းသည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၃၀ ရက္တြင္ မိုးပ်ံတံတားရွိသံေခ်ာင္းမ်ားအား ဝရိန္ေဆာ္ေနစဥ္ မေတာ္တဆျဖစ္ကာ ေဆာက္လက္စ တံတားေပၚမွ ျပဳတ္က်ခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ျပဳတ္က်ခဲ့ၿပီးေနာက္ ကြာလာလမ္ပူၿမိဳ႕ရွိ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးခဲ့ေသာ္လည္း ဆုံးပါးသြားခဲ့ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား)က အသိေပးထားသည္။

ကိုစည္သူဟိန္း၏ ႐ုပ္အေလာင္းအား လာမည့္ ဒီဇင္ဘာလ ၁၀ ရက္တြင္ ကြာလာလမ္ပူၿမိဳ႕၊ ခ်ဲရပ္သုႆန္ဂ်လန္ကြာလီ၌ မီးသၿဂိဳလ္မည္ျဖစ္ေၾကာင္း သိရသည္။

မိုးပ်ံတံတားေပၚမွ ျပဳတ္က်ေသဆုံးခဲ့ေသာ ကိုစည္သူဟိန္းသည္ ပဲခူးတိုင္း၊ ေဇာင္းတူၿမိဳ႕နယ္၊ ဇီးေတာေက်း႐ြာတြင္ ေနထိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.