နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် အကြမ်းဖက်သတ်ဖြတ်ခံရမှု အပါအဝင် ထိခိုက်သေဆုံးခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့ငွေပေးရန် စီစဥ်သွားမည်

 12678

ယွန်း (NP News) - ဒီဇင်ဘာ ၇

နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် အကြမ်းဖက်သတ်ဖြတ်ခံရမှု အပါအဝင် ထိခိုက်သေဆုံးခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့ငွေပေးရန် စီစဥ်သွားမည်ဖြစ်ကြောင်း သိရသည်။

နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ(၆)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နစကအနေဖြင့် နိုင်ငံတော်ကို ထူးကဲစွာအကျိုးပြုသည့် ဂုဏ်ပြုချီးမြှင့်ထိုက်သူ သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်တံဆိပ်များ၊ ဘွဲ့တံဆိပ်များ စနစ်တကျစိစစ်ပြီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် ထိခိုက်၊ဒဏ်ရာရ၊ သေဆုံး၊ကျဆုံးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်နိုင်ရန် ထည့်သွင်းစိစစ်သွားမည်ဖြစ်ကြောင်းလည်း နစကဒုဥက္ကဋ္ဌက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ် ဖြတ်မှုကြောင့် သေဆုံးသူ(၆၇၀၀)ကျော်ရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

ထိုသို့အကြမ်းဖက်သတ်ဖြတ်ခံရသူများထဲတွင် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဆရာ၊ဆရာမ၊ ဆရာဝန်၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်၊ လျှပ်စစ်ဝန်ထမ်း၊ လ.ဝ.ကဝန်ထမ်းများ အပါအဝင် အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများ ပါဝင်ကြောင်း သိရသည်။

“သူ့တာဝန်သူ တာဝန်သိစွာနဲ့ ထမ်းဆောင်နေရတဲ့အချိန်မှာ အသတ်ခံလိုက်ရတာတွေရှိပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တာတွေလည်းရှိတယ်။ ထောက်ပံ့ ကြေးပေးမယ်ဆိုတော့လည်း ကောင်းတာပေါ့။ သူတို့မိသားစုတွေအတွက်လည်းအားဆေးလိုဖြစ်တာပေါ့။ မီးသတ်ဝန်ထမ်းဆိုတာ ရတဲ့လစာနဲ့ ခြိုးခြိုးခြံခြံစားရတဲ့သူတွေကြီးပဲ။ အချိန်ပြည့်တာဝန်ထမ်းဆောင်ရတာ အပြင်အလုပ်လည်းထွက်လုပ်လို့ရတာမဟုတ်ဘူး။ တခြားဝန်ထမ်းတွေဆို ပိတ်ရက်တွေရှိတယ်။ ကျွန်တော်တို့မှာပိတ်ရက်လည်းမရှိဘူး။ အဲဒီတော့ တာဝန်ထမ်းဆောင်ရင်းထိခိုက်သေဆုံးသွားတဲ့သူတွေကို ထောက်ပံ့ပေးတယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့”ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက NP News ကိုပြောသည်။

နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် ရဲတပ်ဖွဲ့ဝင်(၄၄၅)ဦး၊ ရစဖမှူး(၆၉၁)ဦး၊ ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမ(၁၀၀)နီးပါး၊ ကျန်းမာရေးဝန်ထမ်း(၁၆)ဦးနှင့် အခြားဝန်ထမ်း(၂၅၁)ဦးတို့သည် လက်ရှိနစကလက်ထက်၌ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။

zawgyi version
ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္စဥ္ အၾကမ္းဖက္သတ္ျဖတ္ခံရမႈ အပါအဝင္ ထိခိုက္ေသဆုံးခဲ့ေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ေထာက္ပံ့ေငြေပးရန္ စီစဥ္သြားမည္

ယြန္း (NP News) - ဒီဇင္ဘာ ၇

ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္စဥ္ အၾကမ္းဖက္သတ္ျဖတ္ခံရမႈ အပါအဝင္ ထိခိုက္ေသဆုံးခဲ့ေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ေထာက္ပံ့ေငြေပးရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဒီဇင္ဘာလ(၆)ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ ၂၀၂၄ ခုႏွစ္အတြက္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းရန္ စိစစ္ေရးအဖြဲ႕အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

နစကအေနျဖင့္ ႏိုင္ငံေတာ္ကို ထူးကဲစြာအက်ိဳးျပဳသည့္ ဂုဏ္ျပဳခ်ီးျမႇင့္ထိုက္သူ သာသနာ့အာဇာနည္မ်ား၊ လူပုဂၢိဳလ္မ်ား၊ တပ္မေတာ္သားမ်ား၊ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ဂုဏ္ထူးေဆာင္တံဆိပ္မ်ား၊ ဘြဲ႕တံဆိပ္မ်ား စနစ္တက်စိစစ္ၿပီး ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ႏွင့္အညီ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္စဥ္ ထိခိုက္၊ဒဏ္ရာရ၊ ေသဆုံး၊က်ဆုံးခဲ့သည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ေထာက္ပံ့ေငြမ်ားေပးအပ္ႏိုင္ရန္ ထည့္သြင္းစိစစ္သြားမည္ျဖစ္ေၾကာင္းလည္း နစကဒုဥကၠ႒က ေျပာသည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ျမန္မာႏိုင္ငံ၌ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ အၾကမ္းဖက္အဖြဲ႕မ်ား၏ လုပ္ႀကံသတ္ ျဖတ္မႈေၾကာင့္ ေသဆုံးသူ(၆၇၀၀)ေက်ာ္ရွိခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ထိုသို႔အၾကမ္းဖက္သတ္ျဖတ္ခံရသူမ်ားထဲတြင္ ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ဆရာမ၊ ဆရာဝန္၊ ရဲတပ္ဖြဲ႕ဝင္၊ မီးသတ္တပ္ဖြဲ႕ဝင္၊ လွ်ပ္စစ္ဝန္ထမ္း၊ လ.ဝ.ကဝန္ထမ္းမ်ား အပါအဝင္ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ အရပ္သားမ်ား ပါဝင္ေၾကာင္း သိရသည္။

“သူ႔တာဝန္သူ တာဝန္သိစြာနဲ႔ ထမ္းေဆာင္ေနရတဲ့အခ်ိန္မွာ အသတ္ခံလိုက္ရတာေတြရွိပါတယ္။ ထိခိုက္ဒဏ္ရာရခဲ့တာေတြလည္းရွိတယ္။ ေထာက္ပံ့ ေၾကးေပးမယ္ဆိုေတာ့လည္း ေကာင္းတာေပါ့။ သူတို႔မိသားစုေတြအတြက္လည္းအားေဆးလိုျဖစ္တာေပါ့။ မီးသတ္ဝန္ထမ္းဆိုတာ ရတဲ့လစာနဲ႔ ၿခိဳးၿခိဳးၿခံၿခံစားရတဲ့သူေတြႀကီးပဲ။ အခ်ိန္ျပည့္တာဝန္ထမ္းေဆာင္ရတာ အျပင္အလုပ္လည္းထြက္လုပ္လို႔ရတာမဟုတ္ဘူး။ တျခားဝန္ထမ္းေတြဆို ပိတ္ရက္ေတြရွိတယ္။ ကြၽန္ေတာ္တို႔မွာပိတ္ရက္လည္းမရွိဘူး။ အဲဒီေတာ့ တာဝန္ထမ္းေဆာင္ရင္းထိခိုက္ေသဆုံးသြားတဲ့သူေတြကို ေထာက္ပံ့ေပးတယ္ဆိုရင္ေတာ့ အရမ္းေကာင္းတာေပါ့”ဟု ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ အရာရွိတစ္ဦးက NP News ကိုေျပာသည္။

ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္စဥ္ ရဲတပ္ဖြဲ႕ဝင္(၄၄၅)ဦး၊ ရစဖမႉး(၆၉၁)ဦး၊ ပညာေရးဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ ဆရာမ(၁၀၀)နီးပါး၊ က်န္းမာေရးဝန္ထမ္း(၁၆)ဦးႏွင့္ အျခားဝန္ထမ္း(၂၅၁)ဦးတို႔သည္ လက္ရွိနစကလက္ထက္၌ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည္။

Related news

© 2021. All rights reserved.