မြဝတီမြို့မရဲစခန်းဝင်းအတွင်းသို့ Drop Bomb ‌ကျရောက်ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

 1200

ကျော် (NP News) - ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီမြို့မရဲစခန်းအတွင်းသို့ Drop Bomb ကျရောက်ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)၊ ည ၆ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြု၍ မြဝတီမြို့ရှိ မြဝတီမြို့မရဲစခန်းအတွင်းသို့ Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

"Drop Bomb ၃ လုံးနဲ့ပစ်ချတိုက်ခိုက်တာလို့ သိထားတယ်။ ရဲစခန်းဝင်းထဲမှာ ၂ လုံးပေါက်ကွဲတယ်။ နောက်တစ်လုံးက စခန်းဝင်းထဲမှာပေါက်ကွဲတာမဟုတ်ပါဘူး အပြင်ဘက်မှာပါ။ လူထိခိုက်ဒဏ်ရာရတာနဲ့သေဆုံးတာမရှိပါဘူး"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Drop Bomb ကျရောက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုအချို့ရှိခဲ့ပြီး မြဝတီမြို့တစ်မြို့လုံးအား လျှပ်စစ်မီးများဖြတ်တောက်ခဲ့ကြောင်း သိရသည်။

"အခု Drop Bomb ပေါက်ကွဲမှုဖြစ်စဥ်က ဒုတိယအကြိမ်ပါ။ စက်တင်ဘာလက ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်။ လက်ရှိဖြစ်စဥ်ကို လိုအပ်တဲ့စုံစမ်းစစ်ဆေးတာတွေလုပ်နေတာတွေ့တယ်။ လျှပ်စစ်မီးကတော့ ပေါက်ကွဲတာတွေဖြစ်ပြီးတဲ့အချိန်ကတည်းကဖြတ်လိုက်တာ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့မရဲစခန်းအား ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်ကလည်း လက်နက်ကိုင်အဖွဲ့ဝင်များမှ Drone ယာဥ်အသုံးပြုကာ Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် တာဝန်ရှိသူများအပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ မြဝတီမြို့၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ စုပေါင်းရုံးနေရာအား ညအချိန်တွင်ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီး နံနက်ပိုင်းမှညနေပိုင်းအထိသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

zawgyi version
ျမဝတီၿမိဳ႕မရဲစခန္းဝင္းအတြင္းသို႔ Drop Bomb ‌က်ေရာက္ေပါက္ကြဲမႈ ထပ္မံျဖစ္ပြား

ေက်ာ္ (NP News) - ဒီဇင္ဘာ ၇

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ရွိ ျမဝတီၿမိဳ႕မရဲစခန္းအတြင္းသို႔ Drop Bomb က်ေရာက္ေပါက္ကြဲမႈ ထပ္မံျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ယမန္ေန႔ (ဒီဇင္ဘာလ ၆ ရက္)၊ ည ၆ နာရီခန္႔က လက္နက္ကိုင္အဖြဲ႕ဝင္မ်ားသည္ Drone ယာဥ္အသုံးျပဳ၍ ျမဝတီၿမိဳ႕ရွိ ျမဝတီၿမိဳ႕မရဲစခန္းအတြင္းသို႔ Drop Bomb မ်ားျဖင့္ပစ္ခ်တိုက္ခိုက္ခဲ့ၾကေၾကာင္း သိရသည္။

"Drop Bomb ၃ လုံးနဲ႔ပစ္ခ်တိုက္ခိုက္တာလို႔ သိထားတယ္။ ရဲစခန္းဝင္းထဲမွာ ၂ လုံးေပါက္ကြဲတယ္။ ေနာက္တစ္လုံးက စခန္းဝင္းထဲမွာေပါက္ကြဲတာမဟုတ္ပါဘူး အျပင္ဘက္မွာပါ။ လူထိခိုက္ဒဏ္ရာရတာနဲ႔ေသဆုံးတာမရွိပါဘူး"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

Drop Bomb က်ေရာက္ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ပစ္ခတ္မႈအခ်ိဳ႕ရွိခဲ့ၿပီး ျမဝတီၿမိဳ႕တစ္ၿမိဳ႕လုံးအား လွ်ပ္စစ္မီးမ်ားျဖတ္ေတာက္ခဲ့ေၾကာင္း သိရသည္။

"အခု Drop Bomb ေပါက္ကြဲမႈျဖစ္စဥ္က ဒုတိယအႀကိမ္ပါ။ စက္တင္ဘာလက ပထမအႀကိမ္ ေပါက္ကြဲမႈျဖစ္ခဲ့ေသးတယ္။ လက္ရွိျဖစ္စဥ္ကို လိုအပ္တဲ့စုံစမ္းစစ္ေဆးတာေတြလုပ္ေနတာေတြ႕တယ္။ လွ်ပ္စစ္မီးကေတာ့ ေပါက္ကြဲတာေတြျဖစ္ၿပီးတဲ့အခ်ိန္ကတည္းကျဖတ္လိုက္တာ"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ျမဝတီၿမိဳ႕မရဲစခန္းအား ၿပီးခဲ့သည့္ စက္တင္ဘာလ ၃ ရက္ကလည္း လက္နက္ကိုင္အဖြဲ႕ဝင္မ်ားမွ Drone ယာဥ္အသုံးျပဳကာ Drop Bomb ျဖင့္ပစ္ခ်တိုက္ခိုက္ခဲ့မႈေၾကာင့္ တာဝန္ရွိသူမ်ားအပါအဝင္ ၆ ဦးေသဆုံးကာ ၁၁ ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္၌ ျမဝတီၿမိဳ႕၊ ဘုရင့္ေနာင္လမ္းမႀကီးေပၚရွိ စုေပါင္း႐ုံးေနရာအား ညအခ်ိန္တြင္ျဖတ္သန္းသြားလာခြင့္ပိတ္ထားၿပီး နံနက္ပိုင္းမွညေနပိုင္းအထိသာ ျဖတ္သန္းခြင့္ျပဳထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.