နှစ်နိုင်ငံ အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးရန် မြန်မာ-ထိုင်း နှစ်နိုင်ငံကြားဆွေးနွေး

 416

Pearl (NP News) – ဒီဇင်ဘာ ၇

နှစ်နိုင်ငံ အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးလက်မှတ်ရေးထိုးရန် မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အလုပ်သမားဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)တွင် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Phiphat Ratchakitprakarn ဦးဆောင်သည့် အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးရန်အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး နှင့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI)ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ခလစာများကို မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင်များထံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာလွှဲပြောင်းပေးပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ Visa ကြေးများကို ဖြေလျှော့ဆောင်ရွက်ပေးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အလုပ်သမားဝန်ကြီး ဦးမြင့်နောင် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး၏ ဖိတ်ကြားမှုအရ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)က သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း မြန်မာအလုပ်သမားများ အများဆုံး နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် နေရာဒေသများရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွား ရောက်တွေ့ဆုံခြင်း နှင့် ထိုင်းနိုင်ငံ ဘတ် ၅ သန်းကုမ္ပဏီများ နှင့် MoU လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

zawgyi version
ႏွစ္ႏိုင္ငံ အလုပ္သမားမ်ား အလုပ္ခန႔္ထားေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ သက္တမ္းတိုး လက္မွတ္ေရးထိုးရန္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံၾကားေဆြးေႏြး

Pearl (NP News) – ဒီဇင္ဘာ ၇

ႏွစ္ႏိုင္ငံ အလုပ္သမားမ်ား အလုပ္ခန႔္ထားေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ သက္တမ္းတိုးလက္မွတ္ေရးထိုးရန္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အလုပ္သမားဝန္ႀကီး ဦးျမင့္ေနာင္သည္ ယမန္ေန႔ (ဒီဇင္ဘာလ ၆ ရက္)တြင္ ထိုင္းႏိုင္ငံအလုပ္သမားဝန္ႀကီးဌာန ဝန္ႀကီး Mr. Phiphat Ratchakitprakarn ဦးေဆာင္သည့္ အလုပ္သမားေရးရာတာဝန္ရွိသူမ်ားႏွင့္ ထိုင္းႏိုင္ငံ၌ ေတြ႕ဆုံ၍ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေရးရာကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေဆြးေႏြးရာတြင္ ႏွစ္ႏိုင္ငံ အလုပ္သမားေရးရာ ပူးေပါင္းေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာ (MoU)ႏွင့္ အလုပ္သမားမ်ား အလုပ္ခန႔္ထားေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ သက္တမ္းတိုး လက္မွတ္ေရးထိုးရန္အတြက္လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ထိုင္းအစိုးရအဖြဲ႕ဆုံးျဖတ္ခ်က္အရ ယာယီေနထိုင္ အလုပ္လုပ္ကိုင္ခြင့္အတြက္ အမည္စာရင္းတင္သြင္းထားသည့္ အလုပ္သမားမ်ားကို (ပန္းေရာင္ကတ္) ထုတ္ေပးႏိုင္ေရး ႏွင့္ အေထာက္အထားမဲ့ ျမန္မာအလုပ္သမားမ်ားအား မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity- CI)ျဖင့္ တရားဝင္ ေနထိုင္လုပ္ကိုင္ခြင့္ရရွိေရးအတြက္ ေရွ႕ဆက္ေဆာင္႐ြက္ရမည့္ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အလားတူ ထိုင္းႏိုင္ငံေရာက္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား၏ လုပ္ခလစာမ်ားကို ျမန္မာႏိုင္ငံတြင္ က်န္ရွိသည့္ မိသားစုဝင္မ်ားထံသို႔ တရားဝင္လမ္းေၾကာင္းမွ လုံၿခဳံစိတ္ခ်စြာလႊဲေျပာင္းေပးပို႔ႏိုင္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ညႇိႏႈိင္းေဆြးေႏြးခဲ့ၾကၿပီး ထိုင္းႏိုင္ငံဘက္မွ Visa ေၾကးမ်ားကို ေျဖေလွ်ာ့ေဆာင္႐ြက္ေပးမႈမ်ားအတြက္ အသိအမွတ္ျပဳ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။

အလုပ္သမားဝန္ႀကီး ဦးျမင့္ေနာင္ ႏွင့္ ကိုယ္စားလွယ္အဖြဲ႕သည္ ထိုင္းႏိုင္ငံ အလုပ္သမားဝန္ႀကီး၏ ဖိတ္ၾကားမႈအရ အလုပ္သမားေရးရာကိစၥရပ္မ်ား ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး ႏွစ္ႏိုင္ငံ အလုပ္သမားဝန္ႀကီးမ်ား ေတြ႕ဆုံေဆြးေႏြးမႈ ျပဳလုပ္ရန္ ရန္ကုန္ၿမိဳ႕မွ ထိုင္းႏိုင္ငံသို႔ ယမန္ေန႔ (ဒီဇင္ဘာလ ၆ ရက္)က သြားေရာက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါခရီးစဥ္အတြင္း ျမန္မာအလုပ္သမားမ်ား အမ်ားဆုံး ေနထိုင္အလုပ္လုပ္ကိုင္လ်က္ရွိသည့္ ေနရာေဒသမ်ားရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ သြား ေရာက္ေတြ႕ဆုံျခင္း ႏွင့္ ထိုင္းႏိုင္ငံ ဘတ္ ၅ သန္းကုမၸဏီမ်ား ႏွင့္ MoU လုပ္ငန္းစဥ္ဆိုင္ရာ ကိစၥရပ္မ်ား ေတြ႕ဆုံေဆြးေႏြးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.