ကိုးကန့်ရှိ BP(၁၂၅)စစ်ဘေးရှောင်စခန်း၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေ

 660

ကျော် (NP News) - ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ BP(၁၂၅)စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များအတွက် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာလ ၂၇ ရက်မှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ BP(၁၂၅) စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ခိုလှုံနေကြကြောင်း သိရသည်။

"တိုက်ပွဲတွေဖြစ်နေတာက တစ်လကျော်ကြာနေပြီ။ အဲဒီတော့ BP (၁၂၅) စစ်ဘေးရှောင်စခန်းမှာရောက်နေတဲ့ စစ်ဘေးရှောင်အရေအတွက်က ၃၀၀၀၀ ကျော်လောက်ရှိတယ်။ ဒီရက်ပိုင်း ရာသီဥတုကအရမ်းအေးလာတော့ သူတို့အတွက် အမိုး/အကာ/အခင်းနဲ့အနွေးထည်တွေ စောင်တွေလည်းလိုလာပြီ။ စစ်ဘေးရှောင်အနေနဲ့စပြေးလာကြပြီဆိုထဲက တစ်ချို့တွေဆိုရင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာကြရတာ"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ အခက်အခဲဖြစ်နေသည်မှာ သောက်သုံးရေဖြစ်ပြီး နေ့လည်ပိုင်းတွင် စစ်ဘေးရှောင်များသည် သောက်သုံးရေရရှိရန်အတွက် ရေပိုက်ခေါင်းဆင်ပေးထားသည့်နေရာတွင် တန်းစီစောင့်ဆိုင်းသူများပြားသဖြင့် အချို့ စစ်ဘေးရှောင်များသည် ညပိုင်းလူနည်းချိန်တွင် သောက်သုံးရေသယ်ယူနေရခြင်းများရှိနေကြောင်း သိရသည်။

"စစ်ဘေးရှောင်တွေသောက်သုံးရေအဆင်ပြေဖို့ ရေပိုက်ခေါင်းတွေတပ်ထားပေးတယ်။ လူအရေအတွက်နဲ့ရေဖြန့်ဝေပေးနိုင်မှုမလောက်တော့ အခက်အခဲဖြစ်နေကြတာပါ။ သောက်သုံးရေကမရှိဘူးမဟုတ်ဘူးရှိတယ်။ မလောက်ငတာပါ"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးကပြောသည်။

ထိုသို့ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေမှုအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတာဝန်ရှိသူများက ကူညီဖြေရှင်းပေးရန်လည်း စစ်ဘေးရှောင်များမှ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

"ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တာဝန်ရှိသူတွေကိုလည်း ဒီကိစ္စကိုသတင်းပို့ထားတယ်။ သူတို့ဘက်ကတော့ အတတ်နိုင်ဆုံးဖြေရှင်းပေးမယ်လို့တော့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တာတွေကိုနိုင်သလောက်ကူညီပေးနေပါတယ်"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးကပြောသည်။

ထို့ပြင် BP(၁၂၅)စစ်ဘေးရှောင်စခန်း၌ ရောက်ရှိနေသည့်စစ်ဘေးရှောင်များကို ကူညီပေးနေသော လူမှုကူညီရေးအသင်းဝင်များနှင့်တာဝန်ရှိသူများမှလည်း အလှူရှင်များလာရောက်လှူဒါန်းထားသည့် အခြေခံစားသောက်ကုန်များနှင့်အဝတ်အထည်များကို အမှန်တကယ်လိုအပ်သည့် စစ်ဘေးရှောင်များထံ ဖြန့်ခွဲလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက်ကကျင်းပခဲ့ရာတွင်လည်း စားနပ်ရိက္ခာပြတ်လပ်မှုအခက်အခဲများအား ညှိနှိုင်းဆောင်ရွက်ရန် စီမံချက်များချမှတ်ခဲ့ကြကြောင်း သိရသည်။

zawgyi version
ကိုးကန္႔ရွိ BP(၁၂၅)စစ္ေဘးေရွာင္စခန္း၌ ေသာက္သုံးေရအခက္အခဲျဖစ္ေပၚေန

ေက်ာ္ (NP News) - ဒီဇင္ဘာ ၇

ရွမ္းျပည္နယ္၊ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ BP(၁၂၅)စစ္ေဘးေရွာင္စခန္းရွိ စစ္ေဘးေရွာင္မ်ားအတြက္ ေသာက္သုံးေရအခက္အခဲျဖစ္ေပၚေနေၾကာင္း ကူညီေပးေနသူမ်ားထံမွ သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၌ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ BP(၁၂၅) စစ္ေဘးေရွာင္စခန္း၌ စစ္ေဘးေရွာင္ဦးေရ ၃၀၀၀၀ ေက်ာ္ခိုလႈံေနၾကေၾကာင္း သိရသည္။

"တိုက္ပြဲေတြျဖစ္ေနတာက တစ္လေက်ာ္ၾကာေနၿပီ။ အဲဒီေတာ့ BP (၁၂၅) စစ္ေဘးေရွာင္စခန္းမွာေရာက္ေနတဲ့ စစ္ေဘးေရွာင္အေရအတြက္က ၃၀၀၀၀ ေက်ာ္ေလာက္ရွိတယ္။ ဒီရက္ပိုင္း ရာသီဥတုကအရမ္းေအးလာေတာ့ သူတို႔အတြက္ အမိုး/အကာ/အခင္းနဲ႔အေႏြးထည္ေတြ ေစာင္ေတြလည္းလိုလာၿပီ။ စစ္ေဘးေရွာင္အေနနဲ႔စေျပးလာၾကၿပီဆိုထဲက တစ္ခ်ိဳ႕ေတြဆိုရင္ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ေျပးလာၾကရတာ"ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသူတစ္ဦးက ေျပာသည္။

လက္ရွိအခ်ိန္၌ အခက္အခဲျဖစ္ေနသည္မွာ ေသာက္သုံးေရျဖစ္ၿပီး ေန႔လည္ပိုင္းတြင္ စစ္ေဘးေရွာင္မ်ားသည္ ေသာက္သုံးေရရရွိရန္အတြက္ ေရပိုက္ေခါင္းဆင္ေပးထားသည့္ေနရာတြင္ တန္းစီေစာင့္ဆိုင္းသူမ်ားျပားသျဖင့္ အခ်ိဳ႕ စစ္ေဘးေရွာင္မ်ားသည္ ညပိုင္းလူနည္းခ်ိန္တြင္ ေသာက္သုံးေရသယ္ယူေနရျခင္းမ်ားရွိေနေၾကာင္း သိရသည္။

"စစ္ေဘးေရွာင္ေတြေသာက္သုံးေရအဆင္ေျပဖို႔ ေရပိုက္ေခါင္းေတြတပ္ထားေပးတယ္။ လူအေရအတြက္နဲ႔ေရျဖန္႔ေဝေပးႏိုင္မႈမေလာက္ေတာ့ အခက္အခဲျဖစ္ေနၾကတာပါ။ ေသာက္သုံးေရကမရွိဘူးမဟုတ္ဘူးရွိတယ္။ မေလာက္ငတာပါ"ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသူတစ္ဦးကေျပာသည္။

ထိုသို႔ ေသာက္သုံးေရအခက္အခဲျဖစ္ေပၚေနမႈအား ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတာဝန္ရွိသူမ်ားက ကူညီေျဖရွင္းေပးရန္လည္း စစ္ေဘးေရွာင္မ်ားမွ ေမွ်ာ္လင့္လ်က္ရွိေၾကာင္း သိရသည္။

"ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရဲ႕ တာဝန္ရွိသူေတြကိုလည္း ဒီကိစၥကိုသတင္းပို႔ထားတယ္။ သူတို႔ဘက္ကေတာ့ အတတ္ႏိုင္ဆုံးေျဖရွင္းေပးမယ္လို႔ေတာ့ေျပာတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း လိုအပ္တာေတြကိုႏိုင္သေလာက္ကူညီေပးေနပါတယ္"ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသူတစ္ဦးကေျပာသည္။

ထို႔ျပင္ BP(၁၂၅)စစ္ေဘးေရွာင္စခန္း၌ ေရာက္ရွိေနသည့္စစ္ေဘးေရွာင္မ်ားကို ကူညီေပးေနေသာ လူမႈကူညီေရးအသင္းဝင္မ်ားႏွင့္တာဝန္ရွိသူမ်ားမွလည္း အလႉရွင္မ်ားလာေရာက္လႉဒါန္းထားသည့္ အေျခခံစားေသာက္ကုန္မ်ားႏွင့္အဝတ္အထည္မ်ားကို အမွန္တကယ္လိုအပ္သည့္ စစ္ေဘးေရွာင္မ်ားထံ ျဖန္႔ခြဲလႉဒါန္းေပးလ်က္ရွိေၾကာင္း သိရသည္။

ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕၏ ဌာနဆိုင္ရာလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ဒီဇင္ဘာလ ၄ ရက္ကက်င္းပခဲ့ရာတြင္လည္း စားနပ္ရိကၡာျပတ္လပ္မႈအခက္အခဲမ်ားအား ညႇိႏႈိင္းေဆာင္႐ြက္ရန္ စီမံခ်က္မ်ားခ်မွတ္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.