မြန်မာပြည်သူများ အကျိူးကျေးဇူးရှိစေမည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်ဟု အိန္ဒိယအစိုးရပြော

 832

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၇

အိန္ဒိယနိုင်ငံသည် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအရ လုပ်ဆောင်မည့်စီမံကိန်း အပါအဝင် ပြည်သူများတိုးတက်မည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပြောသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် Vinay Kwatra သည် နယူးဒေလီမြို့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက "အိန္ဒိယအစိုးရဟာ ဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးသွားပါမယ်။ မြန်မာပြည်သူတွေ အကျိုးစီးပွားများအတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် များအရ နှစ်နိုင်ငံကြား ဆက်သွယ်နေတဲ့စီမံကိန်းတွေ အပါအဝင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို လည်း ကူညီထောက်ပံ့ပေးမှု ဆက်လက်လုပ်ဆောင်သွားမယ်" ဟု ထုတ်ဖော်ပြောဆိုထားသည်။

ထို့အပြင် ၎င်းတို့သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ရာဇဝတ်မှုများ အခြေအနေ၊ စီမံကိန်းများအခြေအနေ နှင့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စတို့အပြင် အိန္ဒိယ-မြန်မာနယ်စပ်လုံခြုံရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာျပည္သူမ်ား အက်ိဴးေက်းဇူးရွိေစမည့္ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းမ်ားကို ဆက္လက္ ကူညီေထာက္ပံ့ေပးသြားမည္ဟု အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၇

အိႏၵိယႏိုင္ငံသည္ နယ္စပ္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္ ႏွင့္ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး အစီအစဥ္မ်ားအရ လုပ္ေဆာင္မည့္စီမံကိန္း အပါအဝင္ ျပည္သူမ်ားတိုးတက္မည့္ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းမ်ားကို ကူညီေထာက္ပံ့ေပးမႈမ်ား ဆက္လက္လုပ္ကိုင္သြားမည္ျဖစ္ေၾကာင္း အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာနက ေျပာသည္။

အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာန ႏိုင္ငံျခားေရးအၿမဲတမ္းအတြင္းဝန္ Vinay Kwatra သည္ နယူးေဒလီၿမိဳ႕တြင္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလြင္ဦး ႏွင့္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၏ ဖက္ဒရယ္ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း အိႏၵိယ အစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာနက "အိႏၵိယအစိုးရဟာ ဖက္ဒရယ္ ဒီမိုကေရစီအသြင္ကူးေျပာင္းႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံကို ကူညီေထာက္ပံ့ေပးသြားပါမယ္။ ျမန္မာျပည္သူေတြ အက်ိဳးစီးပြားမ်ားအတြက္ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္နဲ႔ နယ္စပ္ေဒသဖြံ႕ၿဖိဳးတိုးတက္မႈအစီအစဥ္ မ်ားအရ ႏွစ္ႏိုင္ငံၾကား ဆက္သြယ္ေနတဲ့စီမံကိန္းေတြ အပါအဝင္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းေတြကို လည္း ကူညီေထာက္ပံ့ေပးမႈ ဆက္လက္လုပ္ေဆာင္သြားမယ္" ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။

ထို႔အျပင္ ၎တို႔သည္ အြန္လိုင္းမွတဆင့္ လိမ္လည္မႈက်ဴးလြန္ေနသည့္ ရာဇဝတ္မႈမ်ား အေျခအေန၊ စီမံကိန္းမ်ားအေျခအေန ႏွင့္ ကုန္သြယ္ေရး၊ ကူးသန္းေရာင္းဝယ္ေရးကိစၥတို႔အျပင္ အိႏၵိယ-ျမန္မာနယ္စပ္လုံၿခဳံေရး အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.