ဆီဆိုင်မြို့နယ်တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်အိမ်ထောင်စု(၈၆ဝ) ကျော်အတွက် ဆန်အိတ်များထောက်ပံ့ပေး

 528

ကျော် (NP News) - ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အခြေပြုဒေသဖြစ်သော ဆီဆိုင်မြို့နယ်တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်အိမ်ထောင်စု(၈၆၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးခဲ့ကြောင်း ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံးမှ သိရသည်။

အဆိုပါ ဆန်အိတ်များကို အလှူရှင်များက ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)၊ နံနက်ပိုင်းက ထောက်ပံ့ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့က ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ အရိယာမဂ္ဂင်ဓမ္မာရုံတွင် စစ်ဘေးရှောင်အိမ်ထောင်စု (၄၁၁)စုအတွက် ဆန်(၆)ပြည်ပါ ဆန်အိတ်(၄၁၁) အိတ်နှင့် စောင်(၂၄၀)ထည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဆိုက်ခေါင်ကျေးရွာတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင် အိမ်ထောင် စု (၁၃၆)စုအတွက်လည်း ဆန်(၆)ပြည်ပါ ဆန်အိတ်(၁၃၆)အိတ်၊ ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသော စစ်ဘေးရှောင်အိမ်ထောင်စု (၁၉၈)စုအတွက် ဆန်(၆)ပြည်ပါ ဆန်အိတ် (၁၉၈)အိတ်၊ နောင်မွန်ကျေးရွာ အုပ်စုအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်အိမ်ထောင်စု (၁၁၆)စုအတွက် ဆန်(၆)ပြည်ပါ ဆန်အိတ် (၁၁၆)အိတ်တို့ကိုလည်းထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

"PNLO အခြေပြုဒေသ ဆီဆိုင်မြို့နယ်ထဲမှာရောက်နေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်အိမ်ထောင်စု(၈၆၁)စုက လူဦးရေ(၃၁၂၇) ယောက်အတွက် ဆန်(၆)ပြည်ပါ ဆန်အိတ် (၈၆၁)အိတ်နဲ့ စောင်(၂၄၀)ကိုထောက်ပံ့ ပေးခဲ့ကြတာပါ"ဟု ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အခြေပြုဒေသများဖြစ်သည့် ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ နောင်မွန်မြို့၊ ဆိုက်ခေါင်မြို့၊ နောင်ထောဝ်မြို့တို့တွင်ရောက်ရှိနေသည့် ကယားပြည်နယ်မှ စစ်ဘေးရှောင်များအား PNLO ၏ တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များကို ဖြန့်ဝေပေးလျက်ရှိသည်။

လက်ရှိအချိန်၌ PNLO အခြေပြုဒေသများနှင့်ဆက်စပ်ဧရိယာများတွင်ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင် ကယားပြည်နယ်မှစစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်ရောက်ရှိခိုလှုံလျက်ရှိကြောင်း သိရသည်။

zawgyi version
ဆီဆိုင္ၿမိဳ႕နယ္တြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္အိမ္ေထာင္စု(၈၆ဝ) ေက်ာ္အတြက္ ဆန္အိတ္မ်ားေထာက္ပံ့ေပး

ေက်ာ္ (NP News) - ဒီဇင္ဘာ ၇

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)အေျချပဳေဒသျဖစ္ေသာ ဆီဆိုင္ၿမိဳ႕နယ္တြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္အိမ္ေထာင္စု(၈၆၁)စုအတြက္ ဆန္အိတ္မ်ားေထာက္ပံ့ေပးခဲ့ေၾကာင္း ဆီဆိုင္ၿမိဳ႕ PNLO ဆက္ဆံေရး႐ုံးမွ သိရသည္။

အဆိုပါ ဆန္အိတ္မ်ားကို အလႉရွင္မ်ားက ယမန္ေန႔ (ဒီဇင္ဘာလ ၆ ရက္)၊ နံနက္ပိုင္းက ေထာက္ပံ့ေပးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔က ဆီဆိုင္ၿမိဳ႕၊ ျမကန္သာရပ္ကြက္ရွိ အရိယာမဂၢင္ဓမၼာ႐ုံတြင္ စစ္ေဘးေရွာင္အိမ္ေထာင္စု (၄၁၁)စုအတြက္ ဆန္(၆)ျပည္ပါ ဆန္အိတ္(၄၁၁) အိတ္ႏွင့္ ေစာင္(၂၄၀)ထည္တို႔ကို ေထာက္ပံ့ေပးအပ္ခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ဆိုက္ေခါင္ေက်း႐ြာတြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္ အိမ္ေထာင္ စု (၁၃၆)စုအတြက္လည္း ဆန္(၆)ျပည္ပါ ဆန္အိတ္(၁၃၆)အိတ္၊ ဘန္းယဥ္ေက်း႐ြာအုပ္စုအတြင္း ေရာက္ရွိေနေသာ စစ္ေဘးေရွာင္အိမ္ေထာင္စု (၁၉၈)စုအတြက္ ဆန္(၆)ျပည္ပါ ဆန္အိတ္ (၁၉၈)အိတ္၊ ေနာင္မြန္ေက်း႐ြာ အုပ္စုအတြင္း ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္အိမ္ေထာင္စု (၁၁၆)စုအတြက္ ဆန္(၆)ျပည္ပါ ဆန္အိတ္ (၁၁၆)အိတ္တို႔ကိုလည္းေထာက္ပံ့ေပးခဲ့ၾကေၾကာင္း သိရသည္။

"PNLO အေျချပဳေဒသ ဆီဆိုင္ၿမိဳ႕နယ္ထဲမွာေရာက္ေနတဲ့ ကယားျပည္နယ္က စစ္ေဘးေရွာင္အိမ္ေထာင္စု(၈၆၁)စုက လူဦးေရ(၃၁၂၇) ေယာက္အတြက္ ဆန္(၆)ျပည္ပါ ဆန္အိတ္ (၈၆၁)အိတ္နဲ႔ ေစာင္(၂၄၀)ကိုေထာက္ပံ့ ေပးခဲ့ၾကတာပါ"ဟု ဆီဆိုင္ၿမိဳ႕ PNLO ဆက္ဆံေရး႐ုံးမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO အေျချပဳေဒသမ်ားျဖစ္သည့္ ဆီဆိုင္ၿမိဳ႕၊ ဘန္းယဥ္ၿမိဳ႕၊ ေနာင္မြန္ၿမိဳ႕၊ ဆိုက္ေခါင္ၿမိဳ႕၊ ေနာင္ေထာဝ္ၿမိဳ႕တို႔တြင္ေရာက္ရွိေနသည့္ ကယားျပည္နယ္မွ စစ္ေဘးေရွာင္မ်ားအား PNLO ၏ တာဝန္ရွိသူမ်ားက အေျခခံစားေသာက္ကုန္မ်ားကို ျဖန္႔ေဝေပးလ်က္ရွိသည္။

လက္ရွိအခ်ိန္၌ PNLO အေျချပဳေဒသမ်ားႏွင့္ဆက္စပ္ဧရိယာမ်ားတြင္ဖြင့္လွစ္ထားသည့္ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ကယားျပည္နယ္မွစစ္ေဘးေရွာင္ဦးေရ ၁၀၀၀၀ ေက်ာ္ေရာက္ရွိခိုလႈံလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.