မန်ယူအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အသင်းကစားသမားများ၏ စွမ်းဆောင်ရည်များကို စိတ်ပျက်မှုများ မရှိခဲ့ကြောင်း ချဲလ်ဆီးနည်းပြပြော

 433

Pika (NP News) - ဒီဇင်ဘာ ၇

မန်ယူအသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဒီဇင်ဘာလ(၆)ရက်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချဲလ်ဆီးအသင်းကစားသမားများ၏ စွမ်းဆောင်ရည်များကို စိတ်ပျက်ခြင်းမျိုးမရှိခဲ့ကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ထုတ်ဖော်ပြောခဲ့သည်။

ပိုချက်တီနိုက "ချဲလ်ဆီးအသင်းကစားသမားတွေဟာ အကောင်းဆုံးပေးဆပ်ပြီး ကစားခဲ့ကြပါတယ်။ သူတို့ဟာ ဂိုးသရေကျဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းရဲ့ခြေစွမ်းတွေကိုတော့ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ကစားနိုင်စွမ်းတွေအကြောင်းကို ပြောဖြစ်ခဲ့ပါ တယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့လိုချင်တဲ့အရာကို မရရှိခဲ့ပါဘူး။ ကျွန်တော်တို့ပြောခဲ့သလိုပဲ ပြောင်းလဲနိုင်တာ မျိုးတွေ မရှိခဲ့ပါဘူး။ ကျွန်တော့်အသင်းကစားသမားတွေကို စိတ်မပျက်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ အကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်။ အိမ်ရှင်အသင်းကို ကျွန်တော်တို့ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ သူတို့က ကျွန်တော် တို့ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ (၂)ဂိုး-(၁)ဂိုး ဆိုတဲ့ရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ လာမည့်ပွဲစဉ်အတွက် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားရမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောခဲ့သည်။

ချဲလ်ဆီးအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပွဲပေါင်း(၁၅)ပွဲကစားထားပြီး ရမှတ်(၁၉)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁ဝ) မှာ ရပ်တည်နေကြောင်းလည်း သိရသည်။

Zawgyi Version;
မန္ယူအသင္းကို ရႈံးနိမ့္ခဲ့ေသာ္လည္း အသင္းကစားသမားမ်ား၏ စြမ္းေဆာင္ရည္မ်ားကို စိတ္ပ်က္မႈမ်ား မရွိခဲ့ေၾကာင္း ခ်ဲလ္ဆီးနည္းျပေျပာ
Pika (NP News) - ဒီဇင္ဘာ ၇

မန္ယူအသင္းကို (၂)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့သည့္ ဒီဇင္ဘာလ(၆)ရက္က ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ ခ်ဲလ္ဆီးအသင္းကစားသမားမ်ား၏ စြမ္းေဆာင္ရည္မ်ားကို စိတ္ပ်က္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ခ်ဲလ္ဆီးနည္းျပ ပိုခ်က္တီႏိုက ထုတ္ေဖာ္ေျပာခဲ့သည္။

ပိုခ်က္တီႏိုက "ခ်ဲလ္ဆီးအသင္းကစားသမားေတြဟာ အေကာင္းဆုံးေပးဆပ္ၿပီး ကစားခဲ့ၾကပါတယ္။ သူတို႔ဟာ ဂိုးသေရက်ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ေပမယ့္လည္း အိမ္ရွင္အသင္းရဲ႕ေျခစြမ္းေတြကိုေတာ့ မယွဥ္ၿပိဳင္ႏိုင္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ကြၽန္ေတာ္တို႔ရဲ႕ေကာင္းမြန္တဲ့ေျခစြမ္းနဲ႔ ကစားႏိုင္စြမ္းေတြအေၾကာင္းကို ေျပာျဖစ္ခဲ့ပါ တယ္။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔လိုခ်င္တဲ့အရာကို မရရွိခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ေျပာခဲ့သလိုပဲ ေျပာင္းလဲႏိုင္တာ မ်ိဳးေတြ မရွိခဲ့ပါဘူး။ ကြၽန္ေတာ့္အသင္းကစားသမားေတြကို စိတ္မပ်က္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ အေကာင္းဆုံးႀကိဳးစားေပးခဲ့ပါတယ္။ အိမ္ရွင္အသင္းကို ကြၽန္ေတာ္တို႔ မယွဥ္ၿပိဳင္ႏိုင္ခဲ့ပါဘူး။ သူတို႔က ကြၽန္ေတာ္ တို႔ထက္ ပိုေကာင္းခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးယွဥ္ၿပိဳင္ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ (၂)ဂိုး-(၁)ဂိုး ဆိုတဲ့ရလဒ္နဲ႔ အဆုံးသတ္ခဲ့ပါတယ္။ လာမည့္ပြဲစဥ္အတြက္ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျပင္ဆင္ထားရမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္" ဟု ေျပာခဲ့သည္။

ခ်ဲလ္ဆီးအသင္းသည္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ပြဲေပါင္း(၁၅)ပြဲကစားထားၿပီး ရမွတ္(၁၉)မွတ္ျဖင့္ အမွတ္ေပးဇယားတြင္ အဆင့္(၁ဝ) မွာ ရပ္တည္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.