ပြစ်ဒဏ်ကျခံနေရသော်လည်း စစ်မှုထမ်းလိုသော စစ်သည်များကို ခံဝန်ဖြင့် ယနေ့(အမျိုးသားနေ့)တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

 11135

မျိုးကြီး (NP News) - ဒီဇင်ဘာ ၇

ပြစ်ဒဏ်ကျခံနေရသော်လည်း စစ်မှုထမ်းဆောင်လိုသော စစ်သည်များကို ခံဝန်ဖြင့် ယနေ့(ဒီဇင်ဘာလ ၇ ရက်)၊ (အမျိုးသားနေ့)တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရာဇဝတ်မှု ပြစ်မှုကြီး (၁၀)မှု ကျူးလွန်ထားခြင်းမရှိသော စစ်သည်များကိုသာ ခံဝန်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ပြောသည်။

“ကျွန်တော်တို့ ပြောခဲ့သလိုပဲ အမိန့်စာမှာ ရာဇဝတ်မှု ပြစ်မှုကြီး (၁၀)မှု ကျူးလွန်ခြင်းမရှိဘဲနဲ့ သာမန်အမှုတွေနဲ့ပဲ စစ်မှုထမ်းဆောင်ချင်တဲ့ စစ်သည်များ ကိုယ်တိုင်လျှောက်ထားရင် ထမ်းဆောင်နိုင်တယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ လူဦးရေကတော့ ကျွန်တော်လည်း မသိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့(အမျိုးသားနေ့)တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည့် စစ်သည်အရေအတွက်အား လတ်တလောတွင် သိရှိခြင်းမရှိသေးကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

စစ်မှုထမ်းရန် ဆန္ဒပြုသော သာမန်ပြစ်မှုကျူးလွန်ထားသည့် စစ်သည်များကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒီဇင်ဘာလ ၃ ရက်တွင် ကြေညာခဲ့သည်။

ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သော စစ်သည်များသည် အထက်ပါ ကြေညာချက်မထွက်မီအချိန် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ စစ်မှုထမ်းဆောင်လိုကြောင်း ဆန္ဒပြုထားသူများဖြစ်သည်ဟု နစကပြောခွင့်ရက ပြောသည်။

“အဲဒီမှာ အဓိကတော့ နံပါတ်တစ်က ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ် သက်ပြီး စစ်မှုထမ်းဆောင်ချင်တယ်ဆိုပြီး ကိုယ်တိုင်ဆန္ဒပြုသူများဖြစ်ပါတယ်။ ဒီအမိန့်စာမထွက်ခင်ကတည်းက ဆန္ဒပြုထားတဲ့သူတွေ ဖြစ်တယ်။ ပြီးရင် သူတို့အနေနဲ့က ယခင်ကတည်းက ရဲဘော်ရဲဖက်စိတ် ထမ်းဆောင်ချင်တဲ့ သူတွေဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ထောင်နှင့်ချီသော စစ်ပြေးများအပါအဝင် စစ်မှုထမ်းဟောင်းများသည် စစ်မှုပြန်လည်ထမ်းဆောင်လိုကြောင်း ဆက်သွယ်လာသည်ဟု နစကဘက်က အသိပေးထားသည်။

zawgyi version
ျပစ္ဒဏ္က်ခံေနရေသာ္လည္း စစ္မႈထမ္းလိုေသာ စစ္သည္မ်ားကို ခံဝန္ျဖင့္ ယေန႔(အမ်ိဳးသားေန႔)တြင္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပး
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၇

ျပစ္ဒဏ္က်ခံေနရေသာ္လည္း စစ္မႈထမ္းေဆာင္လိုေသာ စစ္သည္မ်ားကို ခံဝန္ျဖင့္ ယေန႔(ဒီဇင္ဘာလ ၇ ရက္)၊ (အမ်ိဳးသားေန႔)တြင္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

ရာဇဝတ္မႈ ျပစ္မႈႀကီး (၁၀)မႈ က်ဴးလြန္ထားျခင္းမရွိေသာ စစ္သည္မ်ားကိုသာ ခံဝန္ျဖင့္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးလိုက္ျခင္းျဖစ္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို ေျပာသည္။

“ကြၽန္ေတာ္တို႔ ေျပာခဲ့သလိုပဲ အမိန႔္စာမွာ ရာဇဝတ္မႈ ျပစ္မႈႀကီး (၁၀)မႈ က်ဴးလြန္ျခင္းမရွိဘဲနဲ႔ သာမန္အမႈေတြနဲ႔ပဲ စစ္မႈထမ္းေဆာင္ခ်င္တဲ့ စစ္သည္မ်ား ကိုယ္တိုင္ေလွ်ာက္ထားရင္ ထမ္းေဆာင္ႏိုင္တယ္ဆိုတဲ့ ခံဝန္ခ်က္နဲ႔ ေဆာင္႐ြက္တာျဖစ္ပါတယ္။ လူဦးေရကေတာ့ ကြၽန္ေတာ္လည္း မသိပါဘူး” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ယေန႔(အမ်ိဳးသားေန႔)တြင္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးလိုက္သည့္ စစ္သည္အေရအတြက္အား လတ္တေလာတြင္ သိရွိျခင္းမရွိေသးေၾကာင္းလည္း ၎က ထပ္မံေျပာသည္။

စစ္မႈထမ္းရန္ ဆႏၵျပဳေသာ သာမန္ျပစ္မႈက်ဴးလြန္ထားသည့္ စစ္သည္မ်ားကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးသြားမည္ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ဒီဇင္ဘာလ ၃ ရက္တြင္ ေၾကညာခဲ့သည္။

ယေန႔တြင္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳလိုက္ေသာ စစ္သည္မ်ားသည္ အထက္ပါ ေၾကညာခ်က္မထြက္မီအခ်ိန္ ႏိုင္ငံအတြင္း ျဖစ္ေပၚေနသည့္အေျခအေနမ်ားႏွင့္ပတ္သက္၍ စစ္မႈထမ္းေဆာင္လိုေၾကာင္း ဆႏၵျပဳထားသူမ်ားျဖစ္သည္ဟု နစကေျပာခြင့္ရက ေျပာသည္။

“အဲဒီမွာ အဓိကေတာ့ နံပါတ္တစ္က ျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ ပတ္ သက္ၿပီး စစ္မႈထမ္းေဆာင္ခ်င္တယ္ဆိုၿပီး ကိုယ္တိုင္ဆႏၵျပဳသူမ်ားျဖစ္ပါတယ္။ ဒီအမိန႔္စာမထြက္ခင္ကတည္းက ဆႏၵျပဳထားတဲ့သူေတြ ျဖစ္တယ္။ ၿပီးရင္ သူတို႔အေနနဲ႔က ယခင္ကတည္းက ရဲေဘာ္ရဲဖက္စိတ္ ထမ္းေဆာင္ခ်င္တဲ့ သူေတြျဖစ္တယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ေထာင္ႏွင့္ခ်ီေသာ စစ္ေျပးမ်ားအပါအဝင္ စစ္မႈထမ္းေဟာင္းမ်ားသည္ စစ္မႈျပန္လည္ထမ္းေဆာင္လိုေၾကာင္း ဆက္သြယ္လာသည္ဟု နစကဘက္က အသိေပးထားသည္။

Related news

© 2021. All rights reserved.