စင်ကာပူမှာ ကြွက်သေများနဲ့ ဖုန်မှုန့်အညစ်အကြေးများ တွေ့ရှိရခြင်းကြောင့် Proofer Bakery ဒဏ်ရိုက်ခံရ

 1956

ရောင်နီ (NP News) - ဒီဇင်ဘာ ၇

စင်ကာပူနိုင်ငံမှာ Proofer Bakery ကို ကြွက်သေများ၊ မီးဖိုချောင်အတွင်း ဖုန်မှုန့်များနဲ့ အညစ်အကြေးများ တွေ့ရခြင်းကြောင့် စင်္ကာပူအစားအစာအေဂျင်စီ (SFA) က ဒီဇင်ဘာ ၆ ရက်မှာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၃ဝဝဝ ဒဏ်ရိုက်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံတစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်း ၁၇ ဆိုင် ဖွင့်လှစ်ထားတဲ့ Bakery လုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက အစားအသောက်ရောင်းချခြင်း စည်းမျဉ်းအရ လိုင်စင်ရ စားသောက်ကုန်လုပ်ငန်းကို သန့်ရှင်းပြီး စနစ်တကျ ထိန်းသိမ်းဖို့ ပျက်ကွက်ခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က MacPherson ဧရိယာ၊ 171 Kampong Ampat ရှိ KA Foodlink မှာ Proofer ရဲ့မီးဖိုချောင်ကို တာဝန်ရှိသူတွေက စစ်ဆေးတဲ့အခါ ညစ်ပတ်ခြင်းကြောင့်ဖြစ်တဲ့ ပိုးမွှား ကျရောက်မှုတွေ၊ ကြွက်သေကောင်တွေနဲ့ အမှိုက်သရိုက်တွေ တွေ့ရှိခဲ့တယ်လို့ SFA က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အအေးခန်း နံရံများလည်း ပျက်စီး၊ ညစ်ပတ်ကာ အစွန်းအထင်းတွေ ရှိနေပြီး အပေါက်တွေ တွေ့ရှိရ တယ်လို့ သိရပါတယ်။ ဒါကြောင့် ကာကွယ်မှုအနေနဲ့ SFA က ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှာ ၎င်းရဲ့ လက်လီ ၁၆ ဆိုင်မှာ အစားအသောက်ထုတ်ကုန်များ ပြန်လည်သိမ်းဆည်းဖို့ ကုမ္ပဏီကို ညွှန်ကြားခဲ့ပါတယ်။

အဆိုပါဆိုင်းငံ့မှုကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာတော့ ပြန်လည် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူမှာ လိုင်စင်ရ စားသောက်ဆိုင်မှာ သန့်ရှင်းသပ်ရပ်မှုမရှိရင် အမြင့်ဆုံးဒဏ်ငွေ စင်ကာပူဒေါ်လာ ၅ဝဝဝ ထိ ချမှတ် ခံရနိုင်ပါတယ်။

Zawgyi Version;
စင္ကာပူမွာ ႂကြက္ေသမ်ားနဲ႔ ဖုန္မႈန႔္အညစ္အေၾကးမ်ား ေတြ႕ရွိရျခင္းေၾကာင့္ Proofer Bakery ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၇

စင္ကာပူႏိုင္ငံမွာ Proofer Bakery ကို ႂကြက္ေသမ်ား၊ မီးဖိုေခ်ာင္အတြင္း ဖုန္မႈန္႔မ်ားနဲ႔ အညစ္အေၾကးမ်ား ေတြ႕ရျခင္းေၾကာင့္ စကၤာပူအစားအစာေအဂ်င္စီ (SFA) က ဒီဇင္ဘာ ၆ ရက္မွာ ဒဏ္ေငြ စင္ကာပူေဒၚလာ ၃ဝဝဝ ဒဏ္႐ိုက္ခဲ့ပါတယ္။
စင္ကာပူႏိုင္ငံတစ္ဝွမ္းမွာ ဆိုင္ခြဲေပါင္း ၁၇ ဆိုင္ ဖြင့္လွစ္ထားတဲ့ Bakery လုပ္ငန္း ကိုယ္စားလွယ္တစ္ဦးက အစားအေသာက္ေရာင္းခ်ျခင္း စည္းမ်ဥ္းအရ လိုင္စင္ရ စားေသာက္ကုန္လုပ္ငန္းကို သန႔္ရွင္းၿပီး စနစ္တက် ထိန္းသိမ္းဖို႔ ပ်က္ကြက္ျခင္းအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။

ျဖစ္စဥ္ကေတာ့ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၂၆ ရက္က MacPherson ဧရိယာ၊ 171 Kampong Ampat ရွိ KA Foodlink မွာ Proofer ရဲ႕မီးဖိုေခ်ာင္ကို တာဝန္ရွိသူေတြက စစ္ေဆးတဲ့အခါ ညစ္ပတ္ျခင္းေၾကာင့္ျဖစ္တဲ့ ပိုးမႊား က်ေရာက္မႈေတြ၊ ႂကြက္ေသေကာင္ေတြနဲ႔ အမႈိက္သ႐ိုက္ေတြ ေတြ႕ရွိခဲ့တယ္လို႔ SFA က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အေအးခန္း နံရံမ်ားလည္း ပ်က္စီး၊ ညစ္ပတ္ကာ အစြန္းအထင္းေတြ ရွိေနၿပီး အေပါက္ေတြ ေတြ႕ရွိရ တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ကာကြယ္မႈအေနနဲ႔ SFA က ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၂၆ ရက္မွာ ၎ရဲ႕ လက္လီ ၁၆ ဆိုင္မွာ အစားအေသာက္ထုတ္ကုန္မ်ား ျပန္လည္သိမ္းဆည္းဖို႔ ကုမၸဏီကို ၫႊန္ၾကားခဲ့ပါတယ္။

အဆိုပါဆိုင္းငံ့မႈကို ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီ ၂၆ ရက္မွာေတာ့ ျပန္လည္ ႐ုတ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။ စင္ကာပူမွာ လိုင္စင္ရ စားေသာက္ဆိုင္မွာ သန႔္ရွင္းသပ္ရပ္မႈမရွိရင္ အျမင့္ဆုံးဒဏ္ေငြ စင္ကာပူေဒၚလာ ၅ဝဝဝ ထိ ခ်မွတ္ ခံရႏိုင္ပါတယ္။

Related news

© 2021. All rights reserved.