နယူးယောက်မြို့က ကျောင်းတွေမှာ ၂ ရက်အတွင်း ဓားထိုးမှု ၂ မှု ဖြစ်ပွား

 388

ရောင်နီ (NP News) - ဒီဇင်ဘာ ၇

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ဘရွတ်ကလင်အထက်တန်းကျောင်းမှာ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ဓားထိုးခံရပြီး တစ်ရက်အကြာ၊ ဒီဇင်ဘာ ၆ ရက်မှာ Soundview အပိုင်းရှိ James M. Kieran အလယ်တန်း ကျောင်း Bronx မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက် ဓားထိုးခံခဲ့ရပါတယ်။

Bronx အလယ်တန်းကျောင်းသူရဲ့ဖြစ်ရပ်ဟာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီ ၃ဝ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကျောင်းသူကို Jacobi ဆေးရုံ ပို့ဆောင်ခဲ့ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် ကျောင်းအဆောက်အအုံအတွင်း သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လက်နက်တွေကို စကင်န်ဖတ်ကာ စစ်ဆေးသွားမယ်လို့ ပညာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စဂျန်နာလေလီ က ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီ ၂ဝ ခန့်က Brooklyn's Midwood အပိုင်းရှိ Edward R. Murrow အထက်တန်းကျောင်းမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး ဓားထိုးခံရပြီးနောက် တစ်ရက်အကြာမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version;
နယူးေယာက္ၿမိဳ႕က ေက်ာင္းေတြမွာ ၂ ရက္အတြင္း ဓားထိုးမႈ ၂ မႈ ျဖစ္ပြား
ေရာင္နီ (NP News) - ဒီဇင္ဘာ ၇

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ ဘ႐ြတ္ကလင္အထက္တန္းေက်ာင္းမွာ အသက္ ၁၅ ႏွစ္အ႐ြယ္ ေယာက္်ားေလး တစ္ဦး ဓားထိုးခံရၿပီး တစ္ရက္အၾကာ၊ ဒီဇင္ဘာ ၆ ရက္မွာ Soundview အပိုင္းရွိ James M. Kieran အလယ္တန္း ေက်ာင္း Bronx မွ အသက္ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေျခေထာက္ ဓားထိုးခံခဲ့ရပါတယ္။

Bronx အလယ္တန္းေက်ာင္းသူရဲ႕ျဖစ္ရပ္ဟာ ေဒသစံေတာ္ခ်ိန္ ဒီဇင္ဘာ ၆ ရက္ နံနက္ ၉ နာရီ ၃ဝ မိနစ္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေက်ာင္းသူကို Jacobi ေဆး႐ုံ ပို႔ေဆာင္ခဲ့ၿပီး သံသယရွိသူတစ္ဦးကို ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။ တိုက္ခိုက္မႈေၾကာင့္ ေက်ာင္းအေဆာက္အအုံအတြင္း သြားလာလႈပ္ရွားမႈေတြကို ကန႔္သတ္ထားၿပီး လက္နက္ေတြကို စကင္န္ဖတ္ကာ စစ္ေဆးသြားမယ္လို႔ ပညာေရးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ မစၥဂ်န္နာေလလီ က ေျပာၾကားခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ ဒီဇင္ဘာ ၅ ရက္ နံနက္ ၉ နာရီ ၂ဝ ခန႔္က Brooklyn's Midwood အပိုင္းရွိ Edward R. Murrow အထက္တန္းေက်ာင္းမွာ အသက္ ၁၅ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦး ဓားထိုးခံရၿပီးေနာက္ တစ္ရက္အၾကာမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.