ဂျပန်မှာ လမ်းပေါ်မှ ခိုတစ်ကောင်ကို ကားနဲ့တိုက်ခဲ့ခြင်းကြောင့် Taxi driver တစ်ဦး ဖမ်းဆီးခံရ

 643

ရောင်နီ (NP News) - ဒီဇင်ဘာ ၈

ဂျပန်နိုင်ငံ၊ တိုကျိုမှာ အငှားယာဉ်မောင်း(Taxi driver) တစ်ဦးဟာ လမ်းပေါ်မှ ခိုအုပ်ဆီကို တမင်တကာ မောင်းဝင်ကာ ခိုကို ကားနဲ့တက်ကြိတ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

အသက် ၅ဝ နှစ်အရွယ် အငှားယာဉ်မောင်း အက်ဆုရှီအိုဇာဝါ အမည်ရှိ အမျိုးသားတစ်ဦးကို ဂျပန်တိုကျို မြို့တော် အတွင်း တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဥပဒေချိုးဖောက်မှုနဲ့ ဒီဇင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့တယ်လို့ တိုကျိုရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အိုဇက်ဝါဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက မီးပွိုင့်မှ တစ်နာရီ ကီလိုမီတာ ၆ဝ နှုန်းအရှိန်နဲ့ ပြေးထွက်ကာ ငှက်တွေကြားထဲ ပြေးဝင်သွားခဲ့တာဖြစ်တယ်လို့ ဒေသဆိုင်ရာမီဒီယာက ပြောကြားခဲ့ပါတယ်။ တိုကျိုရဲတပ်ဖွဲ့က "လမ်းတွေကို လူသားတွေက ပိုင်တာဖြစ်ပေမယ့် အပြစ်မဲ့တဲ့ ခိုတွေကို ရှောင်ကာမောင်းသင့်တယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ ခိုကို ကားနဲ့တိုက်မိခြင်းဆိုတာထက် ကားဟွန်းမတီးဘဲ၊ ရည်ရွယ်ချက်ရှိရှိ ခိုအုပ်ကို ဝင်တိုက်ခဲ့ခြင်းကြောင့် စည်းမျည်းစည်းကမ်းနဲ့ ဆန့်ကျင်နေကာ ဖမ်းဆီးရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္မွာ လမ္းေပၚမွ ခိုတစ္ေကာင္ကို ကားနဲ႔တိုက္ခဲ့ျခင္းေၾကာင့္ Taxi driver တစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၈

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳမွာ အငွားယာဥ္ေမာင္း(Taxi driver) တစ္ဦးဟာ လမ္းေပၚမွ ခိုအုပ္ဆီကို တမင္တကာ ေမာင္းဝင္ကာ ခိုကို ကားနဲ႔တက္ႀကိတ္ခဲ့တဲ့အတြက္ ဖမ္းဆီးခံခဲ့ရပါတယ္။

အသက္ ၅ဝ ႏွစ္အ႐ြယ္ အငွားယာဥ္ေမာင္း အက္ဆုရွီအိုဇာဝါ အမည္ရွိ အမ်ိဳးသားတစ္ဦးကို ဂ်ပန္တိုက်ိဳ ၿမိဳ႕ေတာ္ အတြင္း ေတာ႐ိုင္းတိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒခ်ိဳးေဖာက္မႈနဲ႔ ဒီဇင္ဘာ ၃ ရက္က ဖမ္းဆီးခဲ့တယ္လို႔ တိုက်ိဳရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

အိုဇက္ဝါဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလက မီးပြိဳင့္မွ တစ္နာရီ ကီလိုမီတာ ၆ဝ ႏႈန္းအရွိန္နဲ႔ ေျပးထြက္ကာ ငွက္ေတြၾကားထဲ ေျပးဝင္သြားခဲ့တာျဖစ္တယ္လို႔ ေဒသဆိုင္ရာမီဒီယာက ေျပာၾကားခဲ့ပါတယ္။ တိုက်ိဳရဲတပ္ဖြဲ႕က "လမ္းေတြကို လူသားေတြက ပိုင္တာျဖစ္ေပမယ့္ အျပစ္မဲ့တဲ့ ခိုေတြကို ေရွာင္ကာေမာင္းသင့္တယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါဟာ ခိုကို ကားနဲ႔တိုက္မိျခင္းဆိုတာထက္ ကားဟြန္းမတီးဘဲ၊ ရည္႐ြယ္ခ်က္ရွိရွိ ခိုအုပ္ကို ဝင္တိုက္ခဲ့ျခင္းေၾကာင့္ စည္းမ်ည္းစည္းကမ္းနဲ႔ ဆန္႔က်င္ေနကာ ဖမ္းဆီးရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.