တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်နေသော အဖွဲ့အစည်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 1030

မြူနစ် (NP News) - ဒီဇင်ဘာ ၈

တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်နေသော အဖွဲ့အစည်းမဟုတ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းက ယမန်နေ့(ဒီဇင်ဘာလ ၇ ရက်)တွင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဝန်ကြီးချုပ်များခန့်အပ်ခြင်း ပုဒ်မ ၂၆၁ အား ပြင်ဆင်နိုင်ရန် ငြိမ်းချမ်းရေးညီလာခံ၌ တရားဝင်ပြောကြားခဲ့ဖူးကြောင်း နစကမှ ဆိုသည်။

“ပုဒ်မ ၂၆၁ ရဲ့အနှစ်သာရအရ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေထဲက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သမ္မတကခန့်ရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အဲဒီအချိန်တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လွှတ်တော်က သူတို့ထောက်ခံတဲ့ သူကိုတင်ချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့လည်း လွှတ်တော်ကနေ အများစုထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားသင့်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် ယင်းအချိန်တွင် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး ကြွေးကြော်နေသော အစိုးရအနေဖြင့် ငြိမ်သတ်နေခဲ့သည်ဟု ၎င်းက ဆက်လက်ပြော သည်။

“အဲဒီအချိန်တုန်းက အခု ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ ကြွေးကြော်နေတဲ့သူများသည် အစိုးရဖြစ်ပါတယ်။ တုတ်တုတ်မှ မလှုပ်ခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်ပြောချင်တာက တိုင်းရင်းသားများအနေ နဲ့ တိုင်းရင်းသားများ၊ ပြည်သူလူထုများ အလိုရှိတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်အစိုးရက ဦးဆောင်ပြီး ဖော်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုအထိ ဒီစနစ်ကို အာမခံပါတယ်လို့လည်း ပြောထားတာဖြစ်ပါတယ်။ တပ်မတော်အစိုးရသည်၊ တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်နေတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး” ဟု နစကပြောခွင့်ရက ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများ အမြန်ချုပ်ငြိမ်းရေးအတွက် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်းလည်း နစကဘက်က မေတ္တာရပ်ခံထားသည်။

ထို့ပြင် နိုင်ငံအတွင်း၌ အကြမ်းဖက်မှုများကို အားပေးလုပ်နေသော NUG၊ PDF နှင့် ၎င်းတို့၏ နောက်ကွယ်တွင် ဒီမိုကရေစီ အမည်ခံထားသည့် နိုင်ငံကြီးများရှိနေပြီး မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည်ဟု နစကမှ ဆိုသည်။

ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး ကြွေးကြော်ထားသူများအနေဖြင့် ရဟန်းသံဃာ အပါအဝင် ဆရာ၊ ဆရာမ နှင့် ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်နေသည့်အပြင် ပြည်သူလူထု၏အခြေခံအဆောက်အဦးဖြစ်သော လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်များကို ဖျက်ဆီးနေကြောင်းလည်း နစကပြောခွင့်ရက ပြောသည်။

zawgyi version
တပ္မေတာ္သည္ ပါတီစုံဒီမိုကေရစီစနစ္ကို သံေယာင္လိုက္ေနေသာ အဖြဲ႕အစည္းမဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၈

တပ္မေတာ္သည္ ပါတီစုံဒီမိုကေရစီစနစ္ကို သံေယာင္လိုက္ေနေသာ အဖြဲ႕အစည္းမဟုတ္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

၎က ယမန္ေန႔(ဒီဇင္ဘာလ ၇ ရက္)တြင္ ႏိုင္ငံအတြင္း ျဖစ္ေပၚေနေသာအေျခအေနမ်ားႏွင့္ပတ္သက္၍ မီဒီယာမ်ားကို ရွင္းလင္းေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနျဖင့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ပါရွိေသာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ ဝန္ႀကီးခ်ဳပ္မ်ားခန႔္အပ္ျခင္း ပုဒ္မ ၂၆၁ အား ျပင္ဆင္ႏိုင္ရန္ ၿငိမ္းခ်မ္းေရးညီလာခံ၌ တရားဝင္ေျပာၾကားခဲ့ဖူးေၾကာင္း နစကမွ ဆိုသည္။

“ပုဒ္မ ၂၆၁ ရဲ႕အႏွစ္သာရအရ သက္ဆိုင္ရာတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲက လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကို သမၼတကခန႔္ရတာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာ အဲဒီအခ်ိန္တုန္းက ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခိုင္လႊတ္ေတာ္က သူတို႔ေထာက္ခံတဲ့ သူကိုတင္ခ်င္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔လည္း လႊတ္ေတာ္ကေန အမ်ားစုေထာက္ခံတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ကို ျပည္နယ္နဲ႔တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ဖို႔ စဥ္းစားသင့္တယ္လို႔ ကြၽန္ေတာ္တို႔ ေျပာခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

သို႔ေသာ္ ယင္းအခ်ိန္တြင္ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေရး ေႂကြးေၾကာ္ေနေသာ အစိုးရအေနျဖင့္ ၿငိမ္သတ္ေနခဲ့သည္ဟု ၎က ဆက္လက္ေျပာ သည္။

“အဲဒီအခ်ိန္တုန္းက အခု ဒီမိုကေရစီတို႔၊ ဖက္ဒရယ္တို႔ ေႂကြးေၾကာ္ေနတဲ့သူမ်ားသည္ အစိုးရျဖစ္ပါတယ္။ တုတ္တုတ္မွ မလႈပ္ခဲ့ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ေျပာခ်င္တာက တိုင္းရင္းသားမ်ားအေန နဲ႔ တိုင္းရင္းသားမ်ား၊ ျပည္သူလူထုမ်ား အလိုရွိတဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို တပ္မေတာ္အစိုးရက ဦးေဆာင္ၿပီး ေဖာ္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ အခုအထိ ဒီစနစ္ကို အာမခံပါတယ္လို႔လည္း ေျပာထားတာျဖစ္ပါတယ္။ တပ္မေတာ္အစိုးရသည္၊ တပ္မေတာ္သည္ ပါတီစုံဒီမိုကေရစီစနစ္ကို သံေယာင္လိုက္ေနတဲ့အဖြဲ႕အစည္းမဟုတ္ပါဘူး” ဟု နစကေျပာခြင့္ရက ဆိုသည္။

လက္ရွိျဖစ္ေပၚေနေသာ လက္နက္ကိုင္ပဋိပကၡမ်ား အျမန္ခ်ဳပ္ၿငိမ္းေရးအတြက္ တပ္မေတာ္၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအျပင္ ျပည္သူလူထု၏ ပူးေပါင္းပါဝင္ေဆာင္႐ြက္မႈသည္ အေရးႀကီးေၾကာင္းလည္း နစကဘက္က ေမတၱာရပ္ခံထားသည္။

ထို႔ျပင္ ႏိုင္ငံအတြင္း၌ အၾကမ္းဖက္မႈမ်ားကို အားေပးလုပ္ေနေသာ NUG၊ PDF ႏွင့္ ၎တို႔၏ ေနာက္ကြယ္တြင္ ဒီမိုကေရစီ အမည္ခံထားသည့္ ႏိုင္ငံႀကီးမ်ားရွိေနၿပီး ျမန္မာႏိုင္ငံ အလုံးစုံပ်က္သုဥ္းေရးကို ဦးတည္ေဆာင္႐ြက္ေနသည္ဟု နစကမွ ဆိုသည္။

ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေရး ေႂကြးေၾကာ္ထားသူမ်ားအေနျဖင့္ ရဟန္းသံဃာ အပါအဝင္ ဆရာ၊ ဆရာမ ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို သတ္ျဖတ္ေနသည့္အျပင္ ျပည္သူလူထု၏အေျခခံအေဆာက္အဦးျဖစ္ေသာ လမ္း၊ တံတား၊ လွ်ပ္စစ္တာဝါတိုင္မ်ားကို ဖ်က္ဆီးေနေၾကာင္းလည္း နစကေျပာခြင့္ရက ေျပာသည္။

Related news

© 2021. All rights reserved.