လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး

 552

Pearl (NP News) - ဒီဇင်ဘာ ၈

လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် ပြီးခဲ့သော ဒီဇင်ဘာ လ (၆)ရက်၊ နယူးဒေလီမြို့တွင်ကျင်းပသော မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ၌ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာဗီနေးမိုဟန်ကွာထရာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အပါအဝင် နယ်နိမိတ်ဆိုင်ရာများ နှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ နှင့် အိန္ဒိယ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ကြား မကြာခင်၌ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အလားတူ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ကောင်စစ်ဆိုင်ရာ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးလွင်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာအား သွားရောက်တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပေါင်းစည်းချိတ်ဆက်မှု ကဏ္ဍအပါအဝင် အကျိုးတူပူးပေါင်းဆောင် ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
လုံၿခဳံေရးႏွင့္ကာကြယ္ေရးက႑ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာ-အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားၾကား မူဝါဒေရးရာ ညႇိႏႈိင္းေဆြးေႏြးပြဲတြင္ ထည့္သြင္းေဆြးေႏြး

Pearl (NP News) - ဒီဇင္ဘာ ၈

လုံၿခဳံေရးႏွင့္ကာကြယ္ေရးက႑ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာ-အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားၾကား မူဝါဒေရးရာညႇိႏႈိင္းေဆြးေႏြးပြဲတြင္ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးလြင္ဦးသည္ ၿပီးခဲ့ေသာ ဒီဇင္ဘာ လ (၆)ရက္၊ နယူးေဒလီၿမိဳ႕တြင္က်င္းပေသာ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံ ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနမ်ားအၾကား မူဝါဒေရးရာ ညႇိႏႈိင္းေဆြးေႏြးပြဲ၌ အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာန ႏိုင္ငံျခားေရးအတြင္းဝန္ မစၥတာဗီေနးမိုဟန္ကြာထရာႏွင့္အတူ ပူးတြဲသဘာပတိအျဖစ္ ေဆာင္႐ြက္ခဲ့သည္။

ေဆြးေႏြးပြဲတြင္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံဆက္ဆံေရး ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ရန္ အပါအဝင္ နယ္နိမိတ္ဆိုင္ရာမ်ား ႏွင့္ နယ္စပ္ေဒသ ပူးေပါင္းေဆာင္႐ြက္ေရး၊ လုံၿခဳံေရးႏွင့္ကာကြယ္ေရးက႑ပူးေပါင္းေဆာင္႐ြက္မႈမ်ား ႏွင့္ အိႏၵိယ၏ အကူအညီျဖင့္ ေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္းမ်ား၏ တိုးတက္မႈအေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ အိႏၵိယတပ္မေတာ္ၾကား မၾကာခင္၌ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

အလားတူ ကုန္သြယ္ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ား၊ ေကာင္စစ္ဆိုင္ရာ ႏွင့္ ယဥ္ေက်းမႈဆိုင္ရာမ်ား ၊ အနာဂတ္တြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္က႑မ်ားအပါအဝင္ ႏွစ္ႏိုင္ငံအၾကား က႑စုံပူးေပါင္း ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ ဒုတိယဝန္ႀကီးဦးလြင္ဦးသည္ အိႏၵိယျပည္ပေရးရာဝန္ႀကီး ေဒါက္တာ အက္စ္ဂ်ိဳင္ရွန္ကာအား သြားေရာက္ေတြ႕ဆုံ၍ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံအၾကားဆက္ဆံေရး ပိုမိုတိုးျမႇင့္ေရး၊ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ ေပါင္းစည္းခ်ိတ္ဆက္မႈ က႑အပါအဝင္ အက်ိဳးတူပူးေပါင္းေဆာင္ ႐ြက္မႈမ်ား ပိုမိုျမႇင့္တင္ေရးကိစၥရပ္မ်ားအေပၚ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.