မတ္တရာမြို့နယ်တွင် PDF အဖွဲ့က အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီးနောက် လူ(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့ပြော

 978

NP News - ဒီဇင်ဘာ ၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် PDF အဖွဲ့က အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီးနောက် လူ(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော (ဒီဇင်ဘာလ ၄ ရက်)၊ ည ၁ နာရီခန့်က မတ္တရာမြို့ နယ်၊ အောက်တောင်ကိုင်းကျေးရွာသွားလမ်းပေါ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီလကုန်းကျေးရွာတွင်နေထိုင်သည့် ဦးဇော်ထူး(ခ)ရွှေထူး(၄၀)နှစ်သည် ၎င်းနှင့်တစ်ရွာတည်းနေ ကိုကျော်စွာထွန်း(၂၆)နှစ်၊ ကိုဝေယံထွန်း (၂၂)နှစ်၊ မငယ်လေး(၂၉)နှစ်တို့နှင့်အတူ အောက်တောင်ကိုင်းကျေးရွာ၏ အနောက်ဘက်(၂)ဖာလုံခန့်အကွာရှိ ဖရဲစိုက်ခင်း ယာစောင့်တဲ၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၄)ဦးက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသား(၃)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ဦးဇော်ထူး(ခ)ရွှေထူးအား အခင်းဖြစ်နေရာအရောက်၌ PDF အဖွဲ့က ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဦးဇော်ထူး(ခ)ရွှေထူးတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်နှင့် နောက်ကျောထိုးသွင်းဒဏ်ရာ (၄)ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုကျော်စွာထွန်းနှင့် ကိုဝေယံထွန်းတို့(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးခံထားရသူ(၂)ဦးအား ပြန်လည်ကယ်တင်နိုင်ရေး နှင့် ပြစ် မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မတၱရာၿမိဳ႕နယ္တြင္ PDF အဖြဲ႕က အမ်ိဳးသားတစ္ဦးကို သတ္ျဖတ္ၿပီးေနာက္ လူ(၂)ဦးအား ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ရဲတပ္ဖြဲ႕ေျပာ

NP News - ဒီဇင္ဘာ ၈

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ PDF အဖြဲ႕က အမ်ိဳးသားတစ္ဦးကို သတ္ျဖတ္ၿပီးေနာက္ လူ(၂)ဦးအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ (ဒီဇင္ဘာလ ၄ ရက္)၊ ည ၁ နာရီခန႔္က မတၱရာၿမိဳ႕ နယ္၊ ေအာက္ေတာင္ကိုင္းေက်း႐ြာသြားလမ္းေပၚတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သီလကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ဦးေဇာ္ထူး(ခ)ေ႐ႊထူး(၄၀)ႏွစ္သည္ ၎ႏွင့္တစ္႐ြာတည္းေန ကိုေက်ာ္စြာထြန္း(၂၆)ႏွစ္၊ ကိုေဝယံထြန္း (၂၂)ႏွစ္၊ မငယ္ေလး(၂၉)ႏွစ္တို႔ႏွင့္အတူ ေအာက္ေတာင္ကိုင္းေက်း႐ြာ၏ အေနာက္ဘက္(၂)ဖာလုံခန႔္အကြာရွိ ဖရဲစိုက္ခင္း ယာေစာင့္တဲ၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္(၄)ဦးက ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အမ်ိဳးသား(၃)ဦးအား ဖမ္းဆီးေခၚေဆာင္သြားကာ ဦးေဇာ္ထူး(ခ)ေ႐ႊထူးအား အခင္းျဖစ္ေနရာအေရာက္၌ PDF အဖြဲ႕က ဓားမ်ားျဖင့္ ဝိုင္းဝန္းထိုးခုတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ထိုးခုတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဦးေဇာ္ထူး(ခ)ေ႐ႊထူးတြင္ လည္ပင္းျပတ္ရွဒဏ္ရာတစ္ခ်က္ႏွင့္ ေနာက္ေက်ာထိုးသြင္းဒဏ္ရာ (၄)ခ်က္တို႔ရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ၿပီး ကိုေက်ာ္စြာထြန္းႏွင့္ ကိုေဝယံထြန္းတို႔(၂)ဦးအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးခံထားရသူ(၂)ဦးအား ျပန္လည္ကယ္တင္ႏိုင္ေရး ႏွင့္ ျပစ္ မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရးတို႔အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.