မြန်မာအကျဉ်းသူများ သင့်လျော်သည့်ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဆွေးနွေးခဲ့

 348

ကျော် (NP News) - ဒီဇင်ဘာ ၈

ချင်းမိုင်မြို့ရှိ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော် သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းမှ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းသည် ဒီဇင်ဘာ ၇ ရက်က ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းသို့ သွားရောက်၍ အကျဥ်းကျခံနေရသည့် မြန်မာအကျဥ်းသူများ၊ ထိုင်းအကျဥ်းသူများအား တွေ့ဆုံခဲ့သည်။

ထို့ပြင် အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း၏ ညွှန်ကြားရေးမှူး Mrs. Sununta Kongpakpian နှင့်တွေ့ဆုံ၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများနှင့်ဆက်သွယ်ခွင့်ရရှိရေး၊ ကောင်စစ်ရေးရာ ဆက်သွယ် ဆောင်ရွက်ခွင့်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှုရရှိရေး၊ လူမှုဖူလုံရေးနှင့်သက်သာချောင်ချိရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူ(၄ဝ)ဦး နှင့် ခရစ်ယာန်ဘာသာဝင် ထိုင်းအကျဉ်းသူ (၃ဝ)ဦးတို့အား တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

ထို့ပြင် အကျဥ်းသူများအား တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ အသင့်စားအစားအစာများ၊ နေ့လယ်စာ ထမင်း ဘူးများကို လှူဒါန်းပေးခဲ့ပြီး အကျဉ်းကျခံစဉ် မီးဖွားခဲ့သည့် မိခင်များနှင့် ကလေးများအတွက် အသုံးအဆောင် ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ္စည်းများအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး နှင့် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများ၊ ချင်းမိုင်မြို့၌ မြန်မာနိုင်ငံ သားများဖွဲ့စည်းတည်ထောင်ထားသည့် ပရဟိတအသင်းများက ပူး ပေါင်းထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်ကလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ဦးစိုးကိုကိုသည် မလေးရှား နိုင်ငံရှိ Sungai Buloh အကျဥ်းထောင်နှင့် Taiping အကျဥ်းထောင်တို့၌ အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသား (၄)ဦးကို သွားရောက်တွေ့ဆုံကာ အကျဥ်းသားများ၏ အမှုများအယူခံဝင်နိုင်မှုကိုမေးမြန်း၍ ကူညီမှုများပြုလုပ်ပေး ခဲ့သည်။

ထို့ပြင် သံအမတ်ဦးစိုးကိုကိုသည် Joru ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၅၁)ဦးအား မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာအက်ဥ္းသူမ်ား သင့္ေလ်ာ္သည့္က်န္းမာေရးေစာင့္ေရွာက္မႈရရွိရန္ ခ်င္းမိုင္ၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ေဆြးေႏြးခဲ့
ေက်ာ္ (NP News) - ဒီဇင္ဘာ ၈

ခ်င္းမိုင္ၿမိဳ႕ရွိ အမ်ိဳးသမီးျပဳျပင္ထိန္းသိမ္းေရးစခန္းတြင္ အက်ဥ္းက်ခံေနရသည့္ ျမန္မာအက်ဥ္းသူမ်ား သင့္ေလ်ာ္ သည့္ က်န္းမာေရးေစာင့္ေရွာက္မႈရရွိရန္ ခ်င္းမိုင္ၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးမင္းေက်ာ္လင္းမွ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ဦးမင္းေက်ာ္လင္းသည္ ဒီဇင္ဘာ ၇ ရက္က ခ်င္းမိုင္ၿမိဳ႕၊ အမ်ိဳးသမီးျပဳျပင္ထိန္းသိမ္းေရးစခန္းသို႔ သြားေရာက္၍ အက်ဥ္းက်ခံေနရသည့္ ျမန္မာအက်ဥ္းသူမ်ား၊ ထိုင္းအက်ဥ္းသူမ်ားအား ေတြ႕ဆုံခဲ့သည္။

ထို႔ျပင္ အမ်ိဳးသမီးျပဳျပင္ထိန္းသိမ္းေရးစခန္း၏ ၫႊန္ၾကားေရးမႉး Mrs. Sununta Kongpakpian ႏွင့္ေတြ႕ဆုံ၍လည္း ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အက်ဥ္းက်ခံေနရသည့္ ျမန္မာအက်ဥ္းသူမ်ား သင့္ေလ်ာ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈရရွိေရး၊ ျမန္မာႏိုင္ငံရွိ မိဘေဆြမ်ိဳးမ်ားႏွင့္ဆက္သြယ္ခြင့္ရရွိေရး၊ ေကာင္စစ္ေရးရာ ဆက္သြယ္ ေဆာင္႐ြက္ခြင့္ရရွိေရး၊ လူသားခ်င္းစာနာေထာက္ထားမႈရရွိေရး၊ လူမႈဖူလုံေရးႏွင့္သက္သာေခ်ာင္ခ်ိေရးတို႔ကို ေဆြးေႏြးေျပာၾကားခဲ့သည္။

ထို႔ေနာက္ အက်ဥ္းက်ခံေနရသည့္ ျမန္မာအက်ဥ္းသူ(၄ဝ)ဦး ႏွင့္ ခရစ္ယာန္ဘာသာဝင္ ထိုင္းအက်ဥ္းသူ (၃ဝ)ဦးတို႔အား ေတြ႕ဆုံ၍ အားေပးစကားမ်ားေျပာၾကားခဲ့သည္။

ထို႔ျပင္ အက်ဥ္းသူမ်ားအား တစ္ကိုယ္ရည္အသုံးေဆာင္ပစၥည္းမ်ား၊ အသင့္စားအစားအစာမ်ား၊ ေန႔လယ္စာ ထမင္း ဘူးမ်ားကို လႉဒါန္းေပးခဲ့ၿပီး အက်ဥ္းက်ခံစဥ္ မီးဖြားခဲ့သည့္ မိခင္မ်ားႏွင့္ ကေလးမ်ားအတြက္ အသုံးအေဆာင္ ပစၥည္းမ်ားကိုလည္း ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါပစၥည္းမ်ားအား ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံး ႏွင့္ ခ်င္းမိုင္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံသားမ်ား၊ ခ်င္းမိုင္ၿမိဳ႕၌ ျမန္မာႏိုင္ငံ သားမ်ားဖြဲ႕စည္းတည္ေထာင္ထားသည့္ ပရဟိတအသင္းမ်ားက ပူး ေပါင္းေထာက္ပံ့လႉဒါန္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁ ရက္ကလည္း မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၏ သံအမတ္ဦးစိုးကိုကိုသည္ မေလးရွား ႏိုင္ငံရွိ Sungai Buloh အက်ဥ္းေထာင္ႏွင့္ Taiping အက်ဥ္းေထာင္တို႔၌ အက်ဥ္းက်ခံေနရသည့္ ျမန္မာႏိုင္ငံသား (၄)ဦးကို သြားေရာက္ေတြ႕ဆုံကာ အက်ဥ္းသားမ်ား၏ အမႈမ်ားအယူခံဝင္ႏိုင္မႈကိုေမးျမန္း၍ ကူညီမႈမ်ားျပဳလုပ္ေပး ခဲ့သည္။

ထို႔ျပင္ သံအမတ္ဦးစိုးကိုကိုသည္ Joru ထိန္းသိမ္းေရးစခန္းတြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံသား (၅၁)ဦးအား ျမန္မာႏိုင္ငံသို႔ျပန္လည္ပို႔ေဆာင္ႏိုင္ေရးအတြက္ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.