F-15 တိုက်လေယာဉ်ပျက်ကျမှုအတွင်း ဆော်ဒီအာရေးဗျမင်းသား သေဆုံးခဲ့ကြောင်း မီဒီယာများ ဖော်ပြ

 6650

Pika (NP News) - ဒီဇင်ဘာ ၈

ဆော်ဒီအာရေးဗျမင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud သည် အသက် (၆၂)နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆော်ဒီအာရေးဗျအစိုးရက ဒီဇင်ဘာလ(၇)ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud သည် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း အာရပ်မီဒီယာများက ဖော်ပြခဲ့သည်။ ဆော်ဒီအာရေးဗျတော်ဝင်တရားရုံးသည် မင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud ကွယ်လွန်ကြောင်း ထုတ်ပြန်ချက်အတိုတစ်ခု ထုတ်ပြန်ခဲ့ပြီး ဈာပနဆုတောင်းပွဲများကို ရီယာ့ဒ်မြို့ရှိ Imam Turki bin Abdullah ဗလီတွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ဆော်ဒီအာရေးဗျတော်ဝင်တရားရုံး၏ ထုတ်ပြန်ချက်တွင် သေဆုံးရသည့်အကြောင်းအရင်းကို ရေးသားဖော်ပြထား ခြင်းမျိုး မရှိကြောင်း သိရသည်။ သို့သော်လည်း မင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud ၏ F-15 တိုက်လေယာဉ်သည် ဒီဇင်ဘာလ(၇)ရက် အစောပိုင်းတွင် လေတပ်နှင့် လေ့ကျင့်ရေးတစ်ခုအတွင်း ပျက်ကျခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန်အခြေစိုက် Al Mashhad သတင်းစာက ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ(၇)ရက်တွင် ဆော်ဒီအာရေးဗျလေတပ်၏ တိုက်လေယာဉ်များထဲမှတစ်စင်းသည် လေ့ကျင့်ရေးမစ်ရှင် တစ်ခုအတွင်း ပျက်ကျခဲ့ရာ လိုက်ပါသွားသည့်စစ်သားအားလုံး သေဆုံးသွားခဲ့ကြောင်း ဆော်ဒီအာရေးဗျ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လေ့ကျင့်ရေးမစ်ရှင်တွင် ပါဝင်ခဲ့သော F-15 တိုက်လေယာဉ်သည် Dhahran မြို့ရှိ King Abdulaziz လေတပ် အခြေစိုက်စခန်းတွင် ပုံမှန်လေ့ကျင့်ရေးပျံသန်းမှုများ လုပ်ဆောင်နေချိန်အတွင်း ယခုကဲ့သို့ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း ဆော်ဒီအာရေးဗျကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ် Turki al-Maliki က ပြောကြားခဲ့ သည်။

အဆိုပါ F-15 တိုက်လေယာဉ် ပျက်ကျမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို ဆက်လက်စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း Turki al-Maliki က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ဆော်ဒီအာရေးဗျလေတပ်မှ F-15 တိုက်လေယာဉ်တစ်စင်းသည် Khamis Mushait မြို့တွင် လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူအားလုံးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် နောက်ထပ် F-15 တိုက်လေယာဉ်တစ်စင်းသည် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် King Abdulaziz လေတပ်အခြေစိုက်စခန်း လေ့ကျင့်ရေးနေရာတွင် ပျက်ကျခဲ့ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ F-15 တိုက်လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အရာရှိနှစ်ဦးသည် ၎င်းတို့၏ ထိုင်ခုံများနှင့်အတူ ကန်ထွက်ခဲ့ပြီးနောက် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
F-15 တိုက္ေလယာဥ္ပ်က္က်မႈအတြင္း ေဆာ္ဒီအာေရးဗ်မင္းသား ေသဆုံးခဲ့ေၾကာင္း မီဒီယာမ်ား ေဖာ္ျပ
Pika (NP News) - ဒီဇင္ဘာ ၈

ေဆာ္ဒီအာေရးဗ်မင္းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud သည္ အသက္ (၆၂)ႏွစ္အ႐ြယ္တြင္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ေဆာ္ဒီအာေရးဗ်အစိုးရက ဒီဇင္ဘာလ(၇)ရက္တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။

မင္းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud သည္ ေလယာဥ္ပ်က္က်မႈအတြင္း ေသဆုံး သြားခဲ့ျခင္းျဖစ္ေၾကာင္း အာရပ္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ေဆာ္ဒီအာေရးဗ်ေတာ္ဝင္တရား႐ုံးသည္ မင္းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud ကြယ္လြန္ေၾကာင္း ထုတ္ျပန္ခ်က္အတိုတစ္ခု ထုတ္ျပန္ခဲ့ၿပီး ဈာပနဆုေတာင္းပြဲမ်ားကို ရီယာ့ဒ္ၿမိဳ႕ရွိ Imam Turki bin Abdullah ဗလီတြင္ ျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

ေဆာ္ဒီအာေရးဗ်ေတာ္ဝင္တရား႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေသဆုံးရသည့္အေၾကာင္းအရင္းကို ေရးသားေဖာ္ျပထား ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။ သို႔ေသာ္လည္း မင္းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud ၏ F-15 တိုက္ေလယာဥ္သည္ ဒီဇင္ဘာလ(၇)ရက္ အေစာပိုင္းတြင္ ေလတပ္ႏွင့္ ေလ့က်င့္ေရးတစ္ခုအတြင္း ပ်က္က်ခဲ့ၿပီးေနာက္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း လက္ဘႏြန္အေျခစိုက္ Al Mashhad သတင္းစာက ေဖာ္ျပခဲ့သည္။

ဒီဇင္ဘာလ(၇)ရက္တြင္ ေဆာ္ဒီအာေရးဗ်ေလတပ္၏ တိုက္ေလယာဥ္မ်ားထဲမွတစ္စင္းသည္ ေလ့က်င့္ေရးမစ္ရွင္ တစ္ခုအတြင္း ပ်က္က်ခဲ့ရာ လိုက္ပါသြားသည့္စစ္သားအားလုံး ေသဆုံးသြားခဲ့ေၾကာင္း ေဆာ္ဒီအာေရးဗ် ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ေလ့က်င့္ေရးမစ္ရွင္တြင္ ပါဝင္ခဲ့ေသာ F-15 တိုက္ေလယာဥ္သည္ Dhahran ၿမိဳ႕ရွိ King Abdulaziz ေလတပ္ အေျခစိုက္စခန္းတြင္ ပုံမွန္ေလ့က်င့္ေရးပ်ံသန္းမႈမ်ား လုပ္ေဆာင္ေနခ်ိန္အတြင္း ယခုကဲ့သို႔ပ်က္က်ခဲ့ျခင္းျဖစ္ ေၾကာင္း ေဆာ္ဒီအာေရးဗ်ကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူဗိုလ္ခ်ဳပ္ Turki al-Maliki က ေျပာၾကားခဲ့ သည္။

အဆိုပါ F-15 တိုက္ေလယာဥ္ ပ်က္က်မႈ ဘာေၾကာင့္ျဖစ္ပြားရသည္ဆိုသည့္အခ်က္ကို ဆက္လက္စုံစမ္းစစ္ေဆး ေနဆဲျဖစ္ေၾကာင္း Turki al-Maliki က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ ဇူလိုင္လတြင္ ေဆာ္ဒီအာေရးဗ်ေလတပ္မွ F-15 တိုက္ေလယာဥ္တစ္စင္းသည္ Khamis Mushait ၿမိဳ႕တြင္ ေလ့က်င့္ေရးမစ္ရွင္တစ္ခုအတြင္း ပ်က္က်ခဲ့ရာ ေလယာဥ္ေပၚပါ လူအားလုံးေသဆုံးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ ေနာက္ထပ္ F-15 တိုက္ေလယာဥ္တစ္စင္းသည္ နည္းပညာပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈမ်ားေၾကာင့္ King Abdulaziz ေလတပ္အေျခစိုက္စခန္း ေလ့က်င့္ေရးေနရာတြင္ ပ်က္က်ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အဆိုပါ F-15 တိုက္ေလယာဥ္ေပၚတြင္ လိုက္ပါသြားသည့္ အရာရွိႏွစ္ဦးသည္ ၎တို႔၏ ထိုင္ခုံမ်ားႏွင့္အတူ ကန္ထြက္ခဲ့ၿပီးေနာက္ အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.