ယူကရိန်းပဋိပက္ခ အဆုံးသတ်လိုပါက ဥရောပသမဂ္ဂအနေဖြင့် ရုရှားကို ဘေးသို့ ဖယ်ထုတ်နေခြင်းအား ရှောင်ရှားရမည်ဖြစ်ကြောင်း ဥရောပဆိုင်ရာ တရုတ်သံတမန်ပြော

 1283

Pika (NP News) - ဒီဇင်ဘာ ၈

ယူကရိန်းပဋိပက္ခကို အဆုံးသတ်လိုပါက ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံကို ဘေးသို့ဖယ်ထုတ်နေခြင်းအား ရှောင်ရှားရမည်ဖြစ်သလို ရုရှားနှင့်ဆွေးနွေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဥရောပဆိုင်ရာ တရုတ်သံတမန်က ဝန်ခံခဲ့သည်။

ထို့အပြင် ဥရောပသမဂ္ဂ၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများနှင့် ပိတ်ဆို့အရေးယူမှုများသည် ယူကရိန်းတွင် လုပ်ဆောင်နေသော ရုရှား၏ စစ်ဆင်ရေးများကို ဟန့်တားနိုင်မည်မဟုတ်ဟု သတိပေးခဲ့ကြောင်း ဥရောပရေးရာ အထူးကိုယ်စားလှယ် Wu Hongbo က ပြောကြားခဲ့သည်။

၎င်း က "ကျွန်တော်ပြောတာကို သူတို့မယုံကြပါဘူး။ သူတို့ရဲ့ပိတ်ဆို့အရေးယူမှုတွေက အကျိုးသက်ရောက်မှုတွေ မရှိတဲ့အပြင် ပဋိပက္ခကို ပိုဆိုးအောင်လုပ်ဆောင်နေတာပါ။ ဥရောပသမဂ္ဂတာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးထံကို ချဉ်းကပ်ခဲ့ပြီး ပဋိပက္ခကို ရပ်တန့်ဖိုအတွက် ရုရှားသမ္မတပူတင်ကို စည်းရုံးပေးဖို့ တရုတ်သံတမန်တွေ ကို တောင်းဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံအပေါ် ကျွန်တော်တို့ရဲ့ဩဇာလွှမ်းမိုးမှုတွေကို အထင်မကြီးဖို့ သူတို့ကို ကျွန်တော်တို့ ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပါတယ်။ ဒီပဋိပက္ခကို ဂရုတစိုက်ကိုင်တွယ်သင့်တယ် လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ ဒီလိုတွန်းအားပေးတာမျိုးတွေ ဆက်လုပ်နေမယ်ဆိုရင် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့အတွက်က နှစ်ဖက်လုံးအတွက် ခက်ခဲသွားပါလိမ့်မယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ယူကရိန်းပဋိပက္ခကို စေ့စပ်ညှိနှိုင်းမှုများဖြင့်သာ အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း Wu Hongbo က ဝန်ခံခဲ့သည်။ ထို့နောက် ဥရောပတွင် လုံခြုံရေးမူဘောင်တစ်ခုပေါ်ထွက်လာမည်ဆိုပါက ရုရှားနိုင်ငံသည် အဆိုပါ ဖွဲ့စည်းပုံထဲတွင် ပါဝင်ရမည်ဖြစ်ကြောင်း Wu Hongbo က ပြောခဲ့သည်။ Wu Hongbo ၏ မှတ်ချက်ပြု ပြောဆိုမှုများထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာတွင် တရုတ်သမ္မတရှီကျင့်ဖျင်သည် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီချယ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်တို့ နှင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် "ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့က အရေးကြီးတယ်လို့ ဗွန်ဒါလီယန်က သမ္မတရှီကျင့်ဖျင်ကို ပြောခဲ့ပါတယ်။ ဥရောပသမဂ္ဂဟာ အရှေ့ အလယ်ပိုင်းဒေသနဲ့ ယူကရိန်း အပါအဝင် ဒေသတွင်းမှာ ပြေလည်မှုတွေရှိအောင် လုပ်ဆောင်လိုတဲ့ပုံပေါ်ပါတယ်" ဟု ရေးသားဖော်ပြထားသည်။

Zawgyi Version;
ယူကရိန္းပဋိပကၡ အဆုံးသတ္လိုပါက ဥေရာပသမဂၢအေနျဖင့္ ႐ုရွားကို ေဘးသို႔ ဖယ္ထုတ္ေနျခင္းအား ေရွာင္ရွားရမည္ျဖစ္ေၾကာင္း ဥေရာပဆိုင္ရာ တ႐ုတ္သံတမန္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၈

ယူကရိန္းပဋိပကၡကို အဆုံးသတ္လိုပါက ဥေရာပသမဂၢသည္ ႐ုရွားႏိုင္ငံကို ေဘးသို႔ဖယ္ထုတ္ေနျခင္းအား ေရွာင္ရွားရမည္ျဖစ္သလို ႐ုရွားႏွင့္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ဥေရာပဆိုင္ရာ တ႐ုတ္သံတမန္က ဝန္ခံခဲ့သည္။

ထို႔အျပင္ ဥေရာပသမဂၢ၏ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မႈမ်ားႏွင့္ ပိတ္ဆို႔အေရးယူမႈမ်ားသည္ ယူကရိန္းတြင္ လုပ္ေဆာင္ေနေသာ ႐ုရွား၏ စစ္ဆင္ေရးမ်ားကို ဟန႔္တားႏိုင္မည္မဟုတ္ဟု သတိေပးခဲ့ေၾကာင္း ဥေရာပေရးရာ အထူးကိုယ္စားလွယ္ Wu Hongbo က ေျပာၾကားခဲ့သည္။

၎ က "ကြၽန္ေတာ္ေျပာတာကို သူတို႔မယုံၾကပါဘူး။ သူတို႔ရဲ႕ပိတ္ဆို႔အေရးယူမႈေတြက အက်ိဳးသက္ေရာက္မႈေတြ မရွိတဲ့အျပင္ ပဋိပကၡကို ပိုဆိုးေအာင္လုပ္ေဆာင္ေနတာပါ။ ဥေရာပသမဂၢတာဝန္ရွိသူေတြဟာ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးထံကို ခ်ဥ္းကပ္ခဲ့ၿပီး ပဋိပကၡကို ရပ္တန႔္ဖိုအတြက္ ႐ုရွားသမၼတပူတင္ကို စည္း႐ုံးေပးဖို႔ တ႐ုတ္သံတမန္ေတြ ကို ေတာင္းဆိုခဲ့ပါတယ္။ ႐ုရွားႏိုင္ငံအေပၚ ကြၽန္ေတာ္တို႔ရဲ႕ဩဇာလႊမ္းမိုးမႈေတြကို အထင္မႀကီးဖို႔ သူတို႔ကို ကြၽန္ေတာ္တို႔ ေျပာခဲ့ပါတယ္။

႐ုရွားႏိုင္ငံဟာ လြတ္လပ္တဲ့အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္ပါတယ္။ ဒီပဋိပကၡကို ဂ႐ုတစိုက္ကိုင္တြယ္သင့္တယ္ လို႔ ကြၽန္ေတာ္တို႔ေျပာခဲ့ပါတယ္။ ဒီလိုတြန္းအားေပးတာမ်ိဳးေတြ ဆက္လုပ္ေနမယ္ဆိုရင္ ေဆြးေႏြးပြဲေတြ လုပ္ေဆာင္ဖို႔အတြက္က ႏွစ္ဖက္လုံးအတြက္ ခက္ခဲသြားပါလိမ့္မယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ယူကရိန္းပဋိပကၡကို ေစ့စပ္ညႇိႏႈိင္းမႈမ်ားျဖင့္သာ အဆုံးသတ္ႏိုင္မည္ျဖစ္ေၾကာင္း Wu Hongbo က ဝန္ခံခဲ့သည္။ ထို႔ေနာက္ ဥေရာပတြင္ လုံၿခဳံေရးမူေဘာင္တစ္ခုေပၚထြက္လာမည္ဆိုပါက ႐ုရွားႏိုင္ငံသည္ အဆိုပါ ဖြဲ႕စည္းပုံထဲတြင္ ပါဝင္ရမည္ျဖစ္ေၾကာင္း Wu Hongbo က ေျပာခဲ့သည္။ Wu Hongbo ၏ မွတ္ခ်က္ျပဳ ေျပာဆိုမႈမ်ားထြက္ေပၚလာၿပီးေနာက္ တစ္ရက္အၾကာတြင္ တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ ဥေရာပေကာင္စီဥကၠ႒ ခ်ားလ္စ္မီခ်ယ္၊ ဥေရာပေကာ္မရွင္ဥကၠ႒ ဗြန္ဒါလီယန္တို႔ ႏွင့္ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ေၾကာင္းလည္း သိရသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ "ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို အဆုံးသတ္ဖို႔က အေရးႀကီးတယ္လို႔ ဗြန္ဒါလီယန္က သမၼတရွီက်င့္ဖ်င္ကို ေျပာခဲ့ပါတယ္။ ဥေရာပသမဂၢဟာ အေရွ႕ အလယ္ပိုင္းေဒသနဲ႔ ယူကရိန္း အပါအဝင္ ေဒသတြင္းမွာ ေျပလည္မႈေတြရွိေအာင္ လုပ္ေဆာင္လိုတဲ့ပုံေပၚပါတယ္" ဟု ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.