အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စောင့်ကြည့်ပြီး ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်ပါက ဖော်ထုတ်ဖြေရှင်းရန် ဒုဝန်ကြီးချုပ်တိုက်တွန်း

 1446

Pearl (NP News) - ဒီဇင်ဘာ ၈

အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်ပါက အကြောင်းရင်းကို သေချာစိစစ်ဖော်ထုတ်ဖြေရှင်းရန် ဒုဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က တိုက်တွန်း ပြောကြားထားသည်။

၎င်းက ဒီဇင်ဘာလ (၆)ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သော ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၂/၂၀၂၃) အစည်းအဝေး၌ အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဓိက စားသောက်ကုန်များဖြစ်သည့် ဆန် နှင့် စားသုံးဆီစျေးနှုန်းများ တည်ငြိမ်ရေးအတွက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများအခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဈေးနှုန်းပြောင်းလဲမှု ဖြစ်ပေါ်ပါက အကြောင်းရင်းကို သေချာစိစစ်ဖော်ထုတ်၍ ဖြေရှင်းပေးနိုင်ရေး နှင့် ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ ဈေးကစားခြင်းမဖြစ်ပေါ်စေရေးအတွက် ကြပ်မတ်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က တိုက်တွန်းထားသည်။

အလားတူ စားအုန်းဆီ ဖြန့်ဝေရန်လျာထားမှုနှင့်ပတ်သက်၍ ဈေးကွက်အတွင်း အမှန်တကယ် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်ရေး၊ စားအုန်းဆီတင်သွင်းမှုပမာဏ အပြည့်အဝဖြစ်စေရေးတို့ကိုလည်း ကြပ်မတ်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ ဆန်တင်ပို့သူများကိုလည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးမှသာ လိုင်စင်ထုတ်ပေးရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆန်စပါးဥပဒေ ပြဋ္ဌာန်းနိုင်ရေးနှင့် ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန် ဆန်စပါးဝယ်ယူရာတွင်လည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ရန် ရည်ညွှန်းဈေးများဖြင့် ဝယ်ယူရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

zawgyi version
အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားကို ေစာင့္ၾကည့္ၿပီး ေဈးႏႈန္းေျပာင္းလဲမႈျဖစ္ေပၚပါက ေဖာ္ထုတ္ေျဖရွင္းရန္ ဒုဝန္ႀကီးခ်ဳပ္တိုက္တြန္း

Pearl (NP News) - ဒီဇင္ဘာ ၈

အေျခခံစားေသာက္ကုန္ပစၥည္း ေဈးႏႈန္းမ်ားကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ၿပီး ေဈးႏႈန္းေျပာင္းလဲမႈျဖစ္ေပၚပါက အေၾကာင္းရင္းကို ေသခ်ာစိစစ္ေဖာ္ထုတ္ေျဖရွင္းရန္ ဒုဝန္ႀကီးခ်ဳပ္၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးဝင္းရွိန္က တိုက္တြန္း ေျပာၾကားထားသည္။

၎က ဒီဇင္ဘာလ (၆)ရက္တြင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၌ က်င္းပခဲ့ေသာ ျပည္ေထာင္စု ကုန္ေဈးႏႈန္း တည္ၿငိမ္ေရးေကာ္မတီ (၂/၂၀၂၃) အစည္းအေဝး၌ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ အဓိက စားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္ ႏွင့္ စားသုံးဆီေစ်းႏႈန္းမ်ား တည္ၿငိမ္ေရးအတြက္ ျပည္ေထာင္စုကုန္ေဈးႏႈန္းတည္ၿငိမ္ေရးေကာ္မတီအေနျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အေျခခံစားေသာက္ကုန္ပစၥည္း ေဈးႏႈန္းမ်ားအေျခအေနကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ၿပီး ေဈးႏႈန္းေျပာင္းလဲမႈ ျဖစ္ေပၚပါက အေၾကာင္းရင္းကို ေသခ်ာစိစစ္ေဖာ္ထုတ္၍ ေျဖရွင္းေပးႏိုင္ေရး ႏွင့္ ယင္းအေျခအေနကို အခြင့္ေကာင္းယူ၍ ေဈးကစားျခင္းမျဖစ္ေပၚေစေရးအတြက္ ၾကပ္မတ္ရန္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးဝင္းရွိန္က တိုက္တြန္းထားသည္။

အလားတူ စားအုန္းဆီ ျဖန႔္ေဝရန္လ်ာထားမႈႏွင့္ပတ္သက္၍ ေဈးကြက္အတြင္း အမွန္တကယ္ ျဖန႔္ျဖဴးေရာင္းခ်ျခင္း ရွိ/မရွိ ၾကပ္မတ္ေရး၊ စားအုန္းဆီတင္သြင္းမႈပမာဏ အျပည့္အဝျဖစ္ေစေရးတို႔ကိုလည္း ၾကပ္မတ္ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပသို႔ ဆန္တင္ပို႔သူမ်ားကိုလည္း သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈရွိ/မရွိ စိစစ္ၿပီးမွသာ လိုင္စင္ထုတ္ေပးေရးကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဆန္စပါးဥပေဒ ျပ႒ာန္းႏိုင္ေရးႏွင့္ ၂၀၂၃ ခုႏွစ္ မိုးစပါးေပၚခ်ိန္ ဆန္စပါးဝယ္ယူရာတြင္လည္း သင့္တင့္မွ်တေသာ ေဈးႏႈန္းမ်ားျဖစ္ရန္ ရည္ၫႊန္းေဈးမ်ားျဖင့္ ဝယ္ယူေရးတို႔ႏွင့္ ပတ္သက္၍ ေဆြးေႏြးမႈမ်ားလည္းျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.