အမေရိကန်နိုင်ငံက ၎င်း၏ မိတ်ဖက်နိုင်ငံများအပေါ် အမြတ်ထုတ်နေကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော

 448

Pika (NP News) - ဒီဇင်ဘာ ၈

အမေရိကန်နိုင်ငံသည် ၎င်း၏ မဟာမိတ်နိုင်ငံများအပေါ် အမြတ်ထုတ်နေကြောင်း ရုရှားသမ္မတပူတင်က ပြောခဲ့ သည်။

ထို့အပြင် အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏ဩဇာလွှမ်းမိုးမှုများကို ဆက်လက်ထိန်းသိမ်းရန်အတွက် ဂလိုဘယ်လိုက်ဇေးရှင်းလုပ်ငန်းစဉ်ကို ပစ္စည်းကိရိယာတစ်ခုအဖြစ် အသုံးပြုနေကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။
ပူတင် က "အမေရိကန်နိုင်ငံဟာ သူ့ရဲ့မိတ်ဖက်နိုင်ငံတွေ အပါအဝင် အခြားနိုင်ငံတွေအပေါ် အခွင့်ကောင်းယူဖို့ တုံ့ဆိုင်းနေတာမျိုး မရှိပါဘူး။ ဒါကြောင့် ကမ္ဘာကြီးဟာ စစ်မှန်တဲ့ဒီမိုကရေစီကမ္ဘာလုံးဆိုင်ရာစီးပွားရေးအသစ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းရှိပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင် အားလုံးကို အကျိုးရှိစေဖို့နဲ့ လူမျိုးတိုင်းကို တူညီတဲ့ တန်းတူအခွင့်အရေးတွေ ပေးနိုင်ဖို့ ရည်မှန်းထားပေမယ့်လည်း လက်တွေ့မှာတော့ အဲဒီလိုမျိုးမဖြစ်လာခဲ့ပါဘူး" ဟု ပြောခဲ့သည်။

အမေရိကန်နိုင်ငံသည် ထိပ်ဆုံးနေရာတွင် အမြဲတမ်းရပ်တည်နေနိုင်မည့် ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာနှင့် ပတ်သက်ပြီး ၎င်း၏ ကိုယ်ပိုင်အမြင်များလည်းရှိကြောင်း ပူတင်က ပြောခဲ့သည်။ ထို့အပြင် အနောက်အုပ်စုနိုင်ငံ များသည် အခြားနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုအတုယူကာ ချုပ်ကိုင်ရန်ကြိုးပမ်းနေပြီး ၎င်းတို့ကို ကိုလိုနီနိုင်ငံများကဲ့သို့ ဆက်ဆံနေကြောင်း ပူတင်က ပြောခဲ့သည်။

ပူတင် က "တကယ်တော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးရဲ့အခြားအဖွဲ့အစည်းတွေလိုပဲ မဟာမိတ်တွေအပေါ်ကို အမြတ်ထုတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယခင်မော်ဒယ်ဟောင်းကို ဝင်ရိုးစုံကမ္ဘာနဲ့ အစားထိုးဖို့ကြိုးပမ်းနေပါပြီ။ ရုရှားနိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးကြားမှာ တရားမျှတမှုရှိတဲ့ ယှဉ်ပြိုင်မှုကို အခြေခံထားတဲ့စစ်မှန်တဲ့ဒီမိုကရေစီ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမော်ဒယ်အသစ်ကို ထူထောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ယူကရိန်းအပေါ် လုပ်ဆောင်နေသော စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး အမေရိကန် နှင့် ၎င်း၏ မိတ်ဖက် နိုင်ငံများ၏ ရုရှားနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုများသည် နိုင်ငံအများအပြား၏ ကုန်သွယ်မှုများတွင် အမေရိကန် ဒေါ်လာအစား နိုင်ငံသုံးငွေကြေးများကို အသုံးပြုမှုဆီသို့ ပြောင်းလဲသွားစေခဲ့ကြောင်း ပူတင်က မှတ်ချက်ပြု ပြောခဲ့ သည်။

ရုရှားနိုင်ငံသာမက အခြားနိုင်ငံအများအပြားသည် နိုင်ငံခြားကုန်သွယ်မှုများတွင် အခြားရွေးချယ်စရာများကို ပြောင်းလဲခြင်းဖြင့် အနောက်အုပ်စုနိုင်ငံများ၏ ငွေကြေးများအပေါ် မှီခိုအားထားမှုကို လျှော့ချလာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ပြီးခဲ့သည့်နိုဝင်ဘာလနှောင်းပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံက ၎၏ မိတ္ဖက္ႏိုင္ငံမ်ားအေပၚ အျမတ္ထုတ္ေနေၾကာင္း ႐ုရွားသမၼတပူတင္ ထုတ္ေဖာ္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၈

အေမရိကန္ႏိုင္ငံသည္ ၎၏ မဟာမိတ္ႏိုင္ငံမ်ားအေပၚ အျမတ္ထုတ္ေနေၾကာင္း ႐ုရွားသမၼတပူတင္က ေျပာခဲ့ သည္။

ထို႔အျပင္ အေမရိကန္ႏိုင္ငံသည္ ကမာၻတစ္ဝွမ္းတြင္ ၎၏ဩဇာလႊမ္းမိုးမႈမ်ားကို ဆက္လက္ထိန္းသိမ္းရန္အတြက္ ဂလိုဘယ္လိုက္ေဇးရွင္းလုပ္ငန္းစဥ္ကို ပစၥည္းကိရိယာတစ္ခုအျဖစ္ အသုံးျပဳေနေၾကာင္း ပူတင္က ထပ္မံေျပာဆိုခဲ့သည္။
ပူတင္ က "အေမရိကန္ႏိုင္ငံဟာ သူ႔ရဲ႕မိတ္ဖက္ႏိုင္ငံေတြ အပါအဝင္ အျခားႏိုင္ငံေတြအေပၚ အခြင့္ေကာင္းယူဖို႔ တုံ႔ဆိုင္းေနတာမ်ိဳး မရွိပါဘူး။ ဒါေၾကာင့္ ကမာၻႀကီးဟာ စစ္မွန္တဲ့ဒီမိုကေရစီကမာၻလုံးဆိုင္ရာစီးပြားေရးအသစ္ကို တည္ေဆာက္ဖို႔ အခြင့္အလမ္းရွိပါတယ္။ ဂလိုဘယ္လိုက္ေဇးရွင္းဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ အဖြဲ႕ဝင္ အားလုံးကို အက်ိဳးရွိေစဖို႔နဲ႔ လူမ်ိဳးတိုင္းကို တူညီတဲ့ တန္းတူအခြင့္အေရးေတြ ေပးႏိုင္ဖို႔ ရည္မွန္းထားေပမယ့္လည္း လက္ေတြ႕မွာေတာ့ အဲဒီလိုမ်ိဳးမျဖစ္လာခဲ့ပါဘူး" ဟု ေျပာခဲ့သည္။

အေမရိကန္ႏိုင္ငံသည္ ထိပ္ဆုံးေနရာတြင္ အၿမဲတမ္းရပ္တည္ေနႏိုင္မည့္ ဂလိုဘယ္လိုက္ေဇးရွင္းကမာၻႏွင့္ ပတ္သက္ၿပီး ၎၏ ကိုယ္ပိုင္အျမင္မ်ားလည္းရွိေၾကာင္း ပူတင္က ေျပာခဲ့သည္။ ထို႔အျပင္ အေနာက္အုပ္စုႏိုင္ငံ မ်ားသည္ အျခားႏိုင္ငံမ်ား၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကိုအတုယူကာ ခ်ဳပ္ကိုင္ရန္ႀကိဳးပမ္းေနၿပီး ၎တို႔ကို ကိုလိုနီႏိုင္ငံမ်ားကဲ့သို႔ ဆက္ဆံေနေၾကာင္း ပူတင္က ေျပာခဲ့သည္။

ပူတင္ က "တကယ္ေတာ့ အေမရိကန္ႏိုင္ငံဟာ ကမာၻလုံးဆိုင္ရာစီးပြားေရးရဲ႕အျခားအဖြဲ႕အစည္းေတြလိုပဲ မဟာမိတ္ေတြအေပၚကို အျမတ္ထုတ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ယခင္ေမာ္ဒယ္ေဟာင္းကို ဝင္႐ိုးစုံကမာၻနဲ႔ အစားထိုးဖို႔ႀကိဳးပမ္းေနပါၿပီ။ ႐ုရွားႏိုင္ငံဟာ ႏိုင္ငံတကာအဖြဲ႕အစည္းေတြအားလုံးၾကားမွာ တရားမွ်တမႈရွိတဲ့ ယွဥ္ၿပိဳင္မႈကို အေျခခံထားတဲ့စစ္မွန္တဲ့ဒီမိုကေရစီ ကမာၻလုံးဆိုင္ရာစီးပြားေရးေမာ္ဒယ္အသစ္ကို ထူေထာင္ႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ယူကရိန္းအေပၚ လုပ္ေဆာင္ေနေသာ စစ္ဆင္ေရးမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္ ႏွင့္ ၎၏ မိတ္ဖက္ ႏိုင္ငံမ်ား၏ ႐ုရွားႏိုင္ငံအေပၚပိတ္ဆို႔အေရးယူမႈမ်ားသည္ ႏိုင္ငံအမ်ားအျပား၏ ကုန္သြယ္မႈမ်ားတြင္ အေမရိကန္ ေဒၚလာအစား ႏိုင္ငံသုံးေငြေၾကးမ်ားကို အသုံးျပဳမႈဆီသို႔ ေျပာင္းလဲသြားေစခဲ့ေၾကာင္း ပူတင္က မွတ္ခ်က္ျပဳ ေျပာခဲ့ သည္။

႐ုရွားႏိုင္ငံသာမက အျခားႏိုင္ငံအမ်ားအျပားသည္ ႏိုင္ငံျခားကုန္သြယ္မႈမ်ားတြင္ အျခားေ႐ြးခ်ယ္စရာမ်ားကို ေျပာင္းလဲျခင္းျဖင့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ေငြေၾကးမ်ားအေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်လာခဲ့ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ၿပီးခဲ့သည့္ႏိုဝင္ဘာလေႏွာင္းပိုင္းတြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.