ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနပြော

 444

Pika (NP News) - ဒီဇင်ဘာ ၈

ထိုင်ဝမ်ကျွန်း နှင့် တရုတ်နိုင်ငံကို ပိုင်းခြားထားသော ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်လာသည့် တရုတ် မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၈)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "ဒီဇင်ဘာလ(၇)ရက် ည(၁၁)နာရီ (၅၂)မိနစ်မှာ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကိုဖြတ်ကျော်လာတဲ့ တရုတ်မိုးပျံပူဖောင်းတစ်လုံးကို Keelung မြို့ အနောက်တောင်ဘက် ရေမိုင်(၁ဝ၁)မိုင်မှာ တွေ့ရှိခဲ့ပါတယ်။ တရုတ်မိုးပျံပူဖောင်းဟာ အရှေ့ဘက်ကိုဦးတည်သွားပြီးတော့ (၁၂)နာရီ (၅၅)မိနစ်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်မိုးပျံပူဖောင်းသွားရာ လမ်းကြောင်းများကို ပြသသည့်ရုပ်ပုံ တစ်ခုကို ပြသခဲ့ကြောင်းလည်း သိရသည်။ အဆိုပါနေ့မတိုင်မီ ဒီဇင်ဘာလ(၆)ရက် ည(၇)နာရီ ၃ဝ မိနစ်အချိန်တွင် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်တိုက်လေယာဉ်(၇)စင်းကို တွေ့ရှိ ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က "တရုတ်တိုက်လေယာဉ်တွေဟာ စစ်သင်္ဘောတွေနဲ့အတူ ပူးတွဲတိုက်ခိုက်ရေး ကင်းလှည့်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို ကျွန်တော်တို့ စောင့်ကြည့်မှုတွေလုပ်ဆောင်ခဲ့ပြီး လက်တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့အတွက် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေ ကိုလည်း အသင့်အနေအထားနဲ့ ပြင်ဆင်ထားခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလ(၆)ရက် နံနက်ပိုင်းတွင် တရုတ်တိုက်လေယာဉ်(၂၇)စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ထပ်မံဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။ ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ်သတ်မှတ်ထားသော တရုတ်သည် ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေး နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို ပြီးခဲ့သည့်နှစ်များအတွင်း ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်သို့ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ် စေလွှတ်နေ သော်လည်း ညအချိန်တွင် တရုတ်တိုက်လေယာဉ်များ၏ လှုပ်ရှားမှုနှင့် မိုးပျံပူဖောင်း ပေါ်ထွက်လာခြင်းတို့မှာ ရှားပါးသည့်ကိစ္စတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္ဝမ္ကြၽန္းအနီးတြင္ တ႐ုတ္မိုးပ်ံပူေဖာင္းတစ္လုံးကို ေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနေျပာ
Pika (NP News) - ဒီဇင္ဘာ ၈

ထိုင္ဝမ္ကြၽန္း ႏွင့္ တ႐ုတ္ႏိုင္ငံကို ပိုင္းျခားထားေသာ ေရလက္ၾကားအလယ္မ်ဥ္းကို ျဖတ္ေက်ာ္လာသည့္ တ႐ုတ္ မိုးပ်ံပူေဖာင္းတစ္လုံးကို ေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ(၈)ရက္တြင္ ထုတ္ျပန္ေျပာခဲ့သည္။

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက "ဒီဇင္ဘာလ(၇)ရက္ ည(၁၁)နာရီ (၅၂)မိနစ္မွာ ထိုင္ဝမ္ေရလက္ၾကား အလယ္မ်ဥ္းကိုျဖတ္ေက်ာ္လာတဲ့ တ႐ုတ္မိုးပ်ံပူေဖာင္းတစ္လုံးကို Keelung ၿမိဳ႕ အေနာက္ေတာင္ဘက္ ေရမိုင္(၁ဝ၁)မိုင္မွာ ေတြ႕ရွိခဲ့ပါတယ္။ တ႐ုတ္မိုးပ်ံပူေဖာင္းဟာ အေရွ႕ဘက္ကိုဦးတည္သြားၿပီးေတာ့ (၁၂)နာရီ (၅၅)မိနစ္မွာ ေပ်ာက္ကြယ္သြားခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနသည္ တ႐ုတ္မိုးပ်ံပူေဖာင္းသြားရာ လမ္းေၾကာင္းမ်ားကို ျပသသည့္႐ုပ္ပုံ တစ္ခုကို ျပသခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါေန႔မတိုင္မီ ဒီဇင္ဘာလ(၆)ရက္ ည(၇)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ထိုင္ဝမ္ေရလက္ၾကားအလယ္မ်ဥ္းကို ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ တ႐ုတ္တိုက္ေလယာဥ္(၇)စင္းကို ေတြ႕ရွိ ခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာန က "တ႐ုတ္တိုက္ေလယာဥ္ေတြဟာ စစ္သေဘၤာေတြနဲ႔အတူ ပူးတြဲတိုက္ခိုက္ေရး ကင္းလွည့္မႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ တ႐ုတ္တိုက္ေလယာဥ္ေတြနဲ႔ စစ္သေဘၤာေတြကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္မႈေတြလုပ္ေဆာင္ခဲ့ၿပီး လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ေျမျပင္အေျခစိုက္ ဒုံးက်ည္စနစ္ေတြ ကိုလည္း အသင့္အေနအထားနဲ႔ ျပင္ဆင္ထားခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ဒီဇင္ဘာလ(၆)ရက္ နံနက္ပိုင္းတြင္ တ႐ုတ္တိုက္ေလယာဥ္(၂၇)စင္းသည္ ထိုင္ဝမ္ေရလက္ၾကား အလယ္မ်ဥ္းကို ထပ္မံျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာခဲ့သည္။ ထိုင္ဝမ္ကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္သတ္မွတ္ထားေသာ တ႐ုတ္သည္ ထိုင္ဝမ္ကြၽန္းအေပၚ စစ္ေရး ႏွင့္ ႏိုင္ငံေရးအရ ဖိအားေပးမႈမ်ားကို ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ပိုမိုတိုးျမႇင့္လုပ္ေဆာင္လာခဲ့ေၾကာင္း သိရသည္။

တ႐ုတ္အစိုးရသည္ ထိုင္ဝမ္ကြၽန္းအနီးတစ္ဝိုက္သို႔ တိုက္ေလယာဥ္မ်ားႏွင့္ စစ္သေဘၤာမ်ားကို ေန႔စဥ္ ေစလႊတ္ေန ေသာ္လည္း ညအခ်ိန္တြင္ တ႐ုတ္တိုက္ေလယာဥ္မ်ား၏ လႈပ္ရွားမႈႏွင့္ မိုးပ်ံပူေဖာင္း ေပၚထြက္လာျခင္းတို႔မွာ ရွားပါးသည့္ကိစၥတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.