ကော့ကရိတ်မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့

 767

ကျော် (NP News) - ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းသို့ ယနေ့ (ဒီဇင်ဘာလ ၈ ရက်)၊ နံနက် ၇ နာ ရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လက်နက်ကြီးကျည်ကျပြီးပေါက်ကွဲပြီးပြီးချင်း မီးထလောင်တာပါ။ ခရိုင်/မြို့နယ်ပေါင်းထားပေးတဲ့ လျှပ်စစ်ရုံးဝင်းထဲက အဆောက်အဦးတစ်ခုကို ကူးစက်လောင်ကျွမ်းတာပါ။ ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူမရှိပါဘူး"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မြို့နယ်လျှပ်စစ်ရုံးအတွင်း မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာ ဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် စတင်လောင်ကျွမ်းပြီး တစ်နာရီခန့်အကြာ၌ ငြှိမ်းသတ်နိုင်ခဲ့‌ရကြောင်း သိရသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ မီးလောင်မှုကြောင့် မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းရှိ အလျား ၈၄ ပေ၊ အနံ ၄၂ ပေ၊ အမြင့် ၁၂ ပေရှိ အဆောက်အဦးပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

"ဘယ်ဘက်ကပစ်တဲ့ လက်နက်ကြီးလဲဆိုတာတော့ ကျွန်တော်တို့မသိဘူးဗျ။ ကော့ကရိတ်မှာက ဖုန်းလိုင်းတွေဖြတ်ထားတော့ မြို့နယ်လျှပ်စစ်ရုံးမီးလောင်တယ်ဆိုတာကိုပဲသိတယ်။ အဲဒီကအသင်းတွေနဲ့လည်း အဆက် အသွယ်လုပ်လို့မရသေးဘူး"ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်း ဝင်တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း၌ ဒီဇင်ဘာလ ၁ ရက်မှစတင်၍ လက်ရှိအချိန်အထိ တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့များကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့တွင်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ၁၅၀၀၀ ကျော်သည် မြဝတီမြို့တွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်ရလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အချို့စစ်ဘေးရှောင် ၁၀၀၀၀ ခန့်သည်လည်း ဘားအံမြို့တွင် စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေကာ့ကရိတ္ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးဝင်းအတြင္း လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ မီးေလာင္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့

ေက်ာ္ (NP News) - ဒီဇင္ဘာ ၈

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအတြင္းသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးဝင္းအတြင္းသို႔ ယေန႔ (ဒီဇင္ဘာလ ၈ ရက္)၊ နံနက္ ၇ နာ ရီ ၁၅ မိနစ္ခန္႔တြင္ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"လက္နက္ႀကီးက်ည္က်ၿပီးေပါက္ကြဲၿပီးၿပီးခ်င္း မီးထေလာင္တာပါ။ ခ႐ိုင္/ၿမိဳ႕နယ္ေပါင္းထားေပးတဲ့ လွ်ပ္စစ္႐ုံးဝင္းထဲက အေဆာက္အဦးတစ္ခုကို ကူးစက္ေလာင္ကြၽမ္းတာပါ။ ထိခိုက္ဒဏ္ရာရသူနဲ႔ေသဆုံးသူမရွိပါဘူး"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအတြင္း မီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္တာ ဝန္ရွိသူမ်ား၊ လူမႈကူညီေရးအသင္းဝင္မ်ားက ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ၾကသျဖင့္ စတင္ေလာင္ကြၽမ္းၿပီး တစ္နာရီခန္႔အၾကာ၌ ျငႇိမ္းသတ္ႏိုင္ခဲ့‌ရေၾကာင္း သိရသည္။

လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲကာ မီးေလာင္မႈေၾကာင့္ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးဝင္းအတြင္းရွိ အလ်ား ၈၄ ေပ၊ အနံ ၄၂ ေပ၊ အျမင့္ ၁၂ ေပရွိ အေဆာက္အဦးပ်က္ဆီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

"ဘယ္ဘက္ကပစ္တဲ့ လက္နက္ႀကီးလဲဆိုတာေတာ့ ကြၽန္ေတာ္တို႔မသိဘူးဗ်။ ေကာ့ကရိတ္မွာက ဖုန္းလိုင္းေတြျဖတ္ထားေတာ့ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမီးေလာင္တယ္ဆိုတာကိုပဲသိတယ္။ အဲဒီကအသင္းေတြနဲ႔လည္း အဆက္ အသြယ္လုပ္လို႔မရေသးဘူး"ဟု ျမဝတီၿမိဳ႕အေျခစိုက္ လူမႈကူညီေရးအသင္း ဝင္တစ္ဦးက ေျပာသည္။

ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း၌ ဒီဇင္ဘာလ ၁ ရက္မွစတင္၍ လက္ရွိအခ်ိန္အထိ တပ္မေတာ္ႏွင့္လက္နက္ကိုင္အဖြဲ႕မ်ားၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ၿမိဳ႕တြင္းႏွင့္အနီးပတ္ဝန္းက်င္ေက်း႐ြာမ်ားမွ ေဒသခံ ၁၅၀၀၀ ေက်ာ္သည္ ျမဝတီၿမိဳ႕တြင္ စစ္ေဘးေရွာင္မ်ားအျဖစ္ ေနထိုင္ရလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ အခ်ိဳ႕စစ္ေဘးေရွာင္ ၁၀၀၀၀ ခန္႔သည္လည္း ဘားအံၿမိဳ႕တြင္ စစ္ေဘးေရွာင္မ်ားအျဖစ္ တိမ္းေရွာင္ေရာက္ရွိေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.