တောင်သူများအတွက် လိုအပ်သော ဒီဇယ် နှင့် ဓာတ်မြေသြဇာများကို သက်သာသည့်ဈေးနှုန်းဖြင့် ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေဟု MRF အသိပေး

 1092

ယွန်း (NP News) - ဒီဇင်ဘာ ၈

နွေစပါးရာသီ၌ တောင်သူများအတွက် လိုအပ်သော စက်မောင်းဆီ (ဒီဇယ်ဆီ) နှင့် ဓာတ်မြေသြဇာများကို သက်သာသည့်ဈေးနှုန်းဖြင့် လုံလောက်စွာရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ယနေ့(ဒီဇင်ဘာလ ၈ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပို့ကုန်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ဝင်ငွေ/နိုင်ငံခြားငွေအား အနစ်နာခံ၍ သက်သာသောနှုန်းဖြင့် ရောင်းချပေးနေမှုအပေါ် ပြန်လည်သုံးသပ်ပြီး ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပို့ကုန်ဝင်ငွေဆိုင်ရာသတ်မှတ်ချက်များကို ဖြေလျော့သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံခြားငွေ သတ်မှတ်ချက်များပြောင်းလဲမှုကို အခွင့်ကောင်းယူပြီး ပြည်တွင်းဆန်စပါးဈေးကွက်အတွင်းရှိ ဆန်ဈေးနှုန်းများအား လိုအပ်သည်ထက်ပို၍ တိုးမြှင့်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်သည့် ဈေးနှုန်းများအတိုင်းရောင်းချရန် MRF ကသတိပေးထားသည်။

လက်ရှိအချိန်သည် မိုးစပါးပေါ်ထွက်နေချိန်ဖြစ်ပြီး ပြည်တွင်းဆန်ဖူလုံမှုသည် လုံလောက်သည်ထက် ပိုလျှံနေခြင်းကြောင့် ပြည်သူများအနေဖြင့် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူရန် MRF ကအကြံပြုထားသည်။

ထို့ပြင် လတ်တလောကြုံတွေ့နေရသည့် စက်သုံးဆီများ ဝယ်ယူရေးဆိုင်ရာ အခက်အခဲများသည်လည်း ရက်ပိုင်းအတွင်း ပြေလည်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

အလားတူ နွေစပါးရာသီအတွက် လိုအပ်သည့် စက်သုံးဆီ(ဒီဇယ်ဆီ) နှင့် ဓါတ်မြေသြဇာများကို သက်သာသော ဈေးနှုန်းများဖြင့်လုံလောက်စွာရရှိရေးကိုလည်း ညှိနှိုင်းစီစဥ်ဆောင်ရွက်နေကြောင်း MRF က ထုတ်ပြန်ထားသည်။

ပြည်တွင်း၌ ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီအချို့သည် ပြီးခဲသည့်ရက်ပိုင်းမှစ၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါစက်သုံးဆီအခက်အခဲကြောင့် ယမန်နေ့(ဒီဇင်ဘာလ ၇ ရက်) ညပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ DENKO ဆီဆိုင်၌ စက်သုံးဆီ ဝယ်ယူရန်တန်းစီသူများနှင့် ဆိုင်ဝန်ထမ်းအချို့အကြား ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ အပါအဝင် အခြားသောမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူနေရသည့် ဖြစ်စဥ်များဖြစ်ပေါ်လျက်ရှိသည်။

zawgyi version
ေတာင္သူမ်ားအတြက္ လိုအပ္ေသာ ဒီဇယ္ ႏွင့္ ဓာတ္ေျမၾသဇာမ်ားကို သက္သာသည့္ေဈးႏႈန္းျဖင့္ ရရွိႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္ေနဟု MRF အသိေပး

ယြန္း (NP News) - ဒီဇင္ဘာ ၈

ေႏြစပါးရာသီ၌ ေတာင္သူမ်ားအတြက္ လိုအပ္ေသာ စက္ေမာင္းဆီ (ဒီဇယ္ဆီ) ႏွင့္ ဓာတ္ေျမၾသဇာမ်ားကို သက္သာသည့္ေဈးႏႈန္းျဖင့္ လုံေလာက္စြာရရွိႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က အသိေပးထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က ယေန႔(ဒီဇင္ဘာလ ၈ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ပို႔ကုန္ကုမၸဏီမ်ားအေနျဖင့္ ပို႔ကုန္ဝင္ေငြ/ႏိုင္ငံျခားေငြအား အနစ္နာခံ၍ သက္သာေသာႏႈန္းျဖင့္ ေရာင္းခ်ေပးေနမႈအေပၚ ျပန္လည္သုံးသပ္ၿပီး ပို႔ကုန္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပို႔ကုန္ဝင္ေငြဆိုင္ရာသတ္မွတ္ခ်က္မ်ားကို ေျဖေလ်ာ့သတ္မွတ္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါႏိုင္ငံျခားေငြ သတ္မွတ္ခ်က္မ်ားေျပာင္းလဲမႈကို အခြင့္ေကာင္းယူၿပီး ျပည္တြင္းဆန္စပါးေဈးကြက္အတြင္းရွိ ဆန္ေဈးႏႈန္းမ်ားအား လိုအပ္သည္ထက္ပို၍ တိုးျမႇင့္ေရာင္းခ်ျခင္းမျပဳရန္ႏွင့္ သင့္တင့္သည့္ ေဈးႏႈန္းမ်ားအတိုင္းေရာင္းခ်ရန္ MRF ကသတိေပးထားသည္။

လက္ရွိအခ်ိန္သည္ မိုးစပါးေပၚထြက္ေနခ်ိန္ျဖစ္ၿပီး ျပည္တြင္းဆန္ဖူလုံမႈသည္ လုံေလာက္သည္ထက္ ပိုလွ်ံေနျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ လိုအပ္သည့္ပမာဏကိုသာ ဝယ္ယူရန္ MRF ကအႀကံျပဳထားသည္။

ထို႔ျပင္ လတ္တေလာႀကဳံေတြ႕ေနရသည့္ စက္သုံးဆီမ်ား ဝယ္ယူေရးဆိုင္ရာ အခက္အခဲမ်ားသည္လည္း ရက္ပိုင္းအတြင္း ေျပလည္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေျပာၾကားထားသည္။

အလားတူ ေႏြစပါးရာသီအတြက္ လိုအပ္သည့္ စက္သုံးဆီ(ဒီဇယ္ဆီ) ႏွင့္ ဓါတ္ေျမၾသဇာမ်ားကို သက္သာေသာ ေဈးႏႈန္းမ်ားျဖင့္လုံေလာက္စြာရရွိေရးကိုလည္း ညႇိႏႈိင္းစီစဥ္ေဆာင္႐ြက္ေနေၾကာင္း MRF က ထုတ္ျပန္ထားသည္။

ျပည္တြင္း၌ ဒီဇယ္ဆီ အပါအဝင္ စက္သုံးဆီအခ်ိဳ႕သည္ ၿပီးခဲသည့္ရက္ပိုင္းမွစ၍ ရန္ကုန္၊ မႏၲေလးၿမိဳ႕ႀကီးမ်ား အပါအဝင္ တိုင္းႏွင့္ျပည္နယ္ အခ်ိဳ႕တြင္ ျပတ္လပ္မႈမ်ားျဖစ္ေပၚခဲ့သည္။

အဆိုပါစက္သုံးဆီအခက္အခဲေၾကာင့္ ယမန္ေန႔(ဒီဇင္ဘာလ ၇ ရက္) ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိ DENKO ဆီဆိုင္၌ စက္သုံးဆီ ဝယ္ယူရန္တန္းစီသူမ်ားႏွင့္ ဆိုင္ဝန္ထမ္းအခ်ိဳ႕အၾကား ခိုက္ရန္ျဖစ္ပြားမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ အပါအဝင္ အျခားေသာၿမိဳ႕မ်ားရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ကားအမ်ားအျပားတန္းစီေစာင့္ဆိုင္းကာ ဆီဝယ္ယူေနရသည့္ ျဖစ္စဥ္မ်ားျဖစ္ေပၚလ်က္ရွိသည္။

Related news

© 2021. All rights reserved.