ကိုရီးယားရောက်မြန်မာများအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်မှစ၍ ဝင်ငွေခွန် ပေးဆောင်နိုင်မည်

 879

စော (NP News) - ဒီဇင်ဘာ ၈

ကိုရီးယားရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်မှစ၍ ဝင်ငွေခွန်ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့(ဒီဇင်ဘာလ ၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်မှစတင်၍ ပြည်ပနိုင်ငံ၌အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသည့် ဝင်ငွေခွန်ကို ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ကိုရီးယားနိုင်ငံ၌ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်ကြသော Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထား‌သော မြန်မာနိုင်ငံသားများသည် မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် အခွန်ပမာဏများကို ဒီဇင်ဘာလ ၁၁ ရက်မှစတင်၍ ပေးဆောင်နိုင်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ပြီးသူများအနေဖြင့်လည်း မိမိထမ်းဆောင်လိုသည့်ကာလများအတွက် စတင်‌ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။

ပြည်ပနေ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် လစာဝင်ငွေခွန်ပမာဏကို သိရှိနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် http://www.ird.gov.mm ၏ Home page ရှိ လစာဝင်ငွေခွန် တွက်ချက်ရန်(ပြည်ပနေနိုင်ငံသား) Menu Link မှတစ်ဆင့် ဝင်ရောက်တွက်ချက်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

zawgyi version
ကိုရီးယားေရာက္ျမန္မာမ်ားအေနျဖင့္ ဒီဇင္ဘာလ ၁၁ ရက္မွစ၍ ဝင္ေငြခြန္ ေပးေဆာင္ႏိုင္မည္
ေစာ (NP News) - ဒီဇင္ဘာ ၈

ကိုရီးယားေရာက္ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ဒီဇင္ဘာလ ၁၁ ရက္မွစ၍ ဝင္ေငြခြန္ေပးေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔(ဒီဇင္ဘာလ ၈ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။

၂၀၂၃ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒကို ျပင္ဆင္သည့္ဥပေဒအရ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္မွစတင္၍ ျပည္ပႏိုင္ငံ၌အလုပ္လုပ္ကိုင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ား၏ ႏိုင္ငံျခားေငြျဖင့္ရရွိသည့္လစာဝင္ေငြအေပၚ နည္းရာအခြန္ပမာဏျဖင့္ တြက္ခ်က္ထားသည့္ ဝင္ေငြခြန္ကို ေပးေဆာင္ရမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

ထို႔ေၾကာင့္ ကိုရီးယားႏိုင္ငံ၌ ေရာက္ရွိေနထိုင္အလုပ္လုပ္ကိုင္ၾကေသာ Passport Type (PJ) ႏွင့္ (PB) ကိုင္ေဆာင္ထား‌ေသာ ျမန္မာႏိုင္ငံသားမ်ားသည္ ျမန္မာသံ႐ုံးသို႔ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးရန္ လာေရာက္ရာတြင္ မိမိထမ္းေဆာင္လိုသည့္ကာလမ်ားအတြက္ အခြန္ပမာဏမ်ားကို ဒီဇင္ဘာလ ၁၁ ရက္မွစတင္၍ ေပးေဆာင္ႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျမႇင့္ၿပီးသူမ်ားအေနျဖင့္လည္း မိမိထမ္းေဆာင္လိုသည့္ကာလမ်ားအတြက္ စတင္‌ေပးေဆာင္ႏိုင္ၿပီျဖစ္ပါေၾကာင္း အသိေပးေၾကညာထားသည္။

ျပည္ပေန ျမန္မာႏိုင္ငံသားမ်ား ေပးေဆာင္ရမည့္ လစာဝင္ေငြခြန္ပမာဏကို သိရွိႏိုင္ရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန Website ျဖစ္သည့္ http://www.ird.gov.mm ၏ Home page ရွိ လစာဝင္ေငြခြန္ တြက္ခ်က္ရန္(ျပည္ပေနႏိုင္ငံသား) Menu Link မွတစ္ဆင့္ ဝင္ေရာက္တြက္ခ်က္ႏိုင္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.