ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတို့၌ မြန်မာ-ကမ္ဘောဒီးယား အပြန် အလှန် ထောက်ခံရပ်တည်ရေး ဆွေးနွေး

 1501

စော (NP News) - ဒီဇင်ဘာ ၈

ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့၌ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသော (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလ၌ မြန်မာ-က‌မ္ဘောဒီယား နှစ်နိုင်ငံအကြား သီးခြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ သီးခြားအစည်အဝေးကို ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)တွင် ပေကျင်းမြို့ရှိ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အ ကြား ကာလရှည်ကြာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှု နှင့် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာများ၌ မြန်မာ- ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်ရေး ကိစ္စများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။။

အလားတူ ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး ကိစ္စများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
ေဒသတြင္း ႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတို႔၌ ျမန္မာ-ကေမာၻဒီးယား အျပန္ အလွန္ ေထာက္ခံရပ္တည္ေရး ေဆြးေႏြး

ေစာ (NP News) - ဒီဇင္ဘာ ၈

ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတို႔၌ ျမန္မာ-ကေမာၻဒီးယား ႏွစ္ႏိုင္ငံ အျပန္အလွန္ ေထာက္ခံရပ္တည္ေရး ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနထံမွ သိရသည္။

တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕၌ က်င္းပေသာ (၈) ႀကိမ္ေျမာက္ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကာလ၌ ျမန္မာ-က‌ေမာၻဒီယား ႏွစ္ႏိုင္ငံအၾကား သီးျခားေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာ-ကေမာၻဒီးယား ႏွစ္ႏိုင္ငံ သီးျခားအစည္အေဝးကို ယမန္ေန႔ (ဒီဇင္ဘာလ ၇ ရက္)တြင္ ေပက်င္းၿမိဳ႕ရွိ ေက်ာက္ယြိထိုင္ ႏိုင္ငံေတာ္ဧည့္ေဂဟာ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံေဆြးေႏြးရာတြင္ ျမန္မာႏိုင္ငံ ႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔အ ၾကား ကာလရွည္ၾကာတည္ရွိသည့္ ခ်စ္ၾကည္ရင္းႏွီးမႈ ႏွင့္ ဆက္ဆံေရး ပိုမိုတိုးတက္ခိုင္မာေစေရးတို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ေဒသတြင္း ႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာမ်ား၌ ျမန္မာ- ကေမာၻဒီးယား ႏွစ္ႏိုင္ငံ အျပန္အလွန္ ေထာက္ခံရပ္တည္ေရး ကိစၥမ်ားႏွင့္ပတ္သက္၍ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။။

အလားတူ ခရီးသြားလုပ္ငန္း၊ သာသနာေရး၊ ယဥ္ေက်းမႈက႑မ်ားႏွင့္ ျပည္သူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈျမႇင့္တင္ေရး ကိစၥမ်ားအပါအဝင္ ႏွစ္ႏိုင္ငံအက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးခ်ဲ႕ေဆာင္႐ြက္သြားေရးတို႔ကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.