ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ခေါင်းပုံဖြတ်ခံရမှုများနှင့် ရင်ဆိုင်နေရ

 1254

ယွန်း (NP News) - ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော်လည်း အချက်အလက်စာရွက် စာတမ်းမရှိသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် ခေါင်းပုံဖြတ်ခံရမှုများရင်ဆိုင်နေရကြောင်း UNDP MYANMAR က အသိပေးပြောကြားထား သည်။

UNDP MYANMAR က ပြီးခဲ့သည့် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံရှိ အထောက် အထားမဲ့မြန်မာလုပ်သားများ ရင်ဆိုင်နေရသည့် ဘဝနှင့် စိန်ခေါ်မှုများကို လေ့လာထားသည့် အစီရင်ခံစာ၌ အထက်ပါကဲ့သို့ ဖော်ပြထားခြင်းဖြစ် သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နောက်ပိုင်းတွင် ရောက်ရှိလာသည့် စာရွက်စာတမ်းအထောက်အထား မရှိသော ရွှေ့ပြောင်းလုပ်သားများသည် လုပ်ငန်းခွင်အကျိုးခံစားခွင့် နည်းပါးခြင်းနှင့် နေရပ်ပြန့်ပို့ခံရခြင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ နိုင်ငံရေးပဋိပက္ခများဖြစ်ပွားလျက်ရှိပြီး ဆိုးရွာလာသည့် စီးပွားရေးအခြေအနေကြောင့်လည်း အများစုသည် နယ်စပ်ဖြတ်ကျော်ပြီး လုံခြုံကောင်းမွန်သည့် ဘဝနေထိုင်မှုနှင့် အလုပ်အကိုင်များကို ထိုင်းနိုင်ငံတွင် ရှာဖွေလာခဲ့ကြောင်း အထက်ပါစစ်တမ်းအရ သိရသည်။

သို့သော်လိုအပ်သော အချက်အလက်စာရွက်စာတမ်းများ မရှိသည့် ရွှေ့ ပြောင်းလုပ်သားများသည် ခေါင်းပုံဖြတ်ခံရခြင်းနှင့် အလွဲသုံးစားပြုခံရမှု အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း UNDP MYANMAR က ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းကောက်ယူနေစဥ် ကာလအတွင်း ရွှေ့ပြောင်းနေထိုင်သူ(၂၂၄၉)ဦး အနက် (၃၇)ရာခိုင်နှုန်းသည် စာရွက်စာတမ်းနှင့် အထောက် အထားမဲ့ နေထိုင်သူများဖြစ်ပြီး ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက် နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာကာ ပြည်နယ်(၁၃)ခုတွင် နေထိုင်လျက်ရှိသူများဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားလိုအပ်ချက်ကို ဖြည့်ပေးနေပြီး နိုင်ငံ၏စီးပွါးရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမှုကို ပံ့ပိုးရာတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေကြောင်း UNDP MYANMAR ကဆက်လက်ဖော်ပြထားသည်။

zawgyi version
ထိုင္းႏိုင္ငံသို႔ေရာက္ရွိေနသည့္ အေထာက္အထားမဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ ေခါင္းပုံျဖတ္ခံရမႈမ်ားႏွင့္ ရင္ဆိုင္ေနရ

ယြန္း (NP News) - ဒီဇင္ဘာ ၈

ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနေသာ္လည္း အခ်က္အလက္စာ႐ြက္ စာတမ္းမရွိေသာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားသည္ ေခါင္းပုံျဖတ္ခံရမႈမ်ားရင္ဆိုင္ေနရေၾကာင္း UNDP MYANMAR က အသိေပးေျပာၾကားထား သည္။

UNDP MYANMAR က ၿပီးခဲ့သည့္ ႏိုဝင္ဘာလတြင္ ထိုင္းႏိုင္ငံရွိ အေထာက္ အထားမဲ့ျမန္မာလုပ္သားမ်ား ရင္ဆိုင္ေနရသည့္ ဘဝႏွင့္ စိန္ေခၚမႈမ်ားကို ေလ့လာထားသည့္ အစီရင္ခံစာ၌ အထက္ပါကဲ့သို႔ ေဖာ္ျပထားျခင္းျဖစ္ သည္။

ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံသို႔ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္ေနာက္ပိုင္းတြင္ ေရာက္ရွိလာသည့္ စာ႐ြက္စာတမ္းအေထာက္အထား မရွိေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားသည္ လုပ္ငန္းခြင္အက်ိဳးခံစားခြင့္ နည္းပါးျခင္းႏွင့္ ေနရပ္ျပန႔္ပို႔ခံရျခင္းဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ေနရေၾကာင္း UNDP ၏ စစ္တမ္းတြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၌ ႏိုင္ငံေရးပဋိပကၡမ်ားျဖစ္ပြားလ်က္ရွိၿပီး ဆိုး႐ြာလာသည့္ စီးပြားေရးအေျခအေနေၾကာင့္လည္း အမ်ားစုသည္ နယ္စပ္ျဖတ္ေက်ာ္ၿပီး လုံၿခဳံေကာင္းမြန္သည့္ ဘဝေနထိုင္မႈႏွင့္ အလုပ္အကိုင္မ်ားကို ထိုင္းႏိုင္ငံတြင္ ရွာေဖြလာခဲ့ေၾကာင္း အထက္ပါစစ္တမ္းအရ သိရသည္။

သို႔ေသာ္လိုအပ္ေသာ အခ်က္အလက္စာ႐ြက္စာတမ္းမ်ား မရွိသည့္ ေ႐ႊ႕ ေျပာင္းလုပ္သားမ်ားသည္ ေခါင္းပုံျဖတ္ခံရျခင္းႏွင့္ အလြဲသုံးစားျပဳခံရမႈ အႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း UNDP MYANMAR က ေဖာ္ျပထားသည္။

အဆိုပါ စစ္တမ္းေကာက္ယူေနစဥ္ ကာလအတြင္း ေ႐ႊ႕ေျပာင္းေနထိုင္သူ(၂၂၄၉)ဦး အနက္ (၃၇)ရာခိုင္ႏႈန္းသည္ စာ႐ြက္စာတမ္းႏွင့္ အေထာက္ အထားမဲ့ ေနထိုင္သူမ်ားျဖစ္ၿပီး ၎တို႔သည္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁) ရက္ ေနာက္ပိုင္းတြင္ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိလာကာ ျပည္နယ္(၁၃)ခုတြင္ ေနထိုင္လ်က္ရွိသူမ်ားျဖစ္ေၾကာင္း သိရသည္။

ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားသည္ ထိုင္းႏိုင္ငံ၏ ေ႐ႊ႕ေျပာင္းလုပ္သားလိုအပ္ခ်က္ကို ျဖည့္ေပးေနၿပီး ႏိုင္ငံ၏စီးပြါးေရး ဆက္လက္ဖြံ႕ၿဖိဳးတိုးတက္ေနမႈကို ပံ့ပိုးရာတြင္ အေရးႀကီးေသာက႑မွ ပါဝင္ေနေၾကာင္း UNDP MYANMAR ကဆက္လက္ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.