အထည်ချုပ်စက်ရုံပေါင်း(၇၀၀)နီးပါးရှိခဲ့ရာမှ ကိုဗစ်ကပ်ရောဂါကြောင့် စက်ရုံပေါင်း(၁၀၀)ကျော် ရပ်နားခဲ့ရဟု စီး/ကူးဒုဝန်ကြီးဆို

908
ယွန်း (NP News) - ဒီဇင်ဘာ ၉
ပြည်တွင်း၌ CMP စက်ရုံပေါင်း(၇၀၀)နီးပါး လည်ပတ်နေရာမှ ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် စက်ရုံပေါင်း(၁၀၀)ကျော် ရပ်နားခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဦးမင်းမင်းက ပြောသည်။

ဒုဝန်ကြီးဦးမင်းမင်းက ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)တွင် ရန်ကုန်မြို့ရှိ Yangon Convention Center(YCC) တွင် ကျင်းပသည့် မြန်မာ့ အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ(၂၀၂၃) တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းသည် ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ထိခိုက်မှုများရှိခဲ့ပြီး အဆိုပါကပ်ရောဂါဖြစ်ပွားစဥ် ကာလအတွင်း အထည်ချုပ်စက်ရုံပေါင်း(၁၀၀)ကျော် ရပ်နားခဲ့ရကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့အထည်ချုပ်လုပ်ငန်းဟာ ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ထိခိုက်မှုတွေရှိခဲ့ပါတယ်။ အထည်ချုပ်စက်ရုံ (၇၀၀)လောက် လည်ပတ်နေရာကနေ ကိုဗစ်ပထမလှိုင်းမှာ စက်ရုံ(၅၀)ကျော်လောက်၊ ဒုတိယလှိုင်းမှာ စက်ရုံ(၅၀)ကျော်လောက် ရပ်နားခဲ့ရပါတယ်။ သူတို့ရဲ့ဝင်ငွေဟာစုစုပေါင်း (၄၀)ရာခိုင်နှုန်းလောက်လျော့ကျသွားတယ်လို့ သုတေသနစာတမ်းများမှာတွေ့ရပါတယ်”ဟု ဒုဝန်ကြီး ဦးမင်းမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တပ်မတော်မှအာဏာရယူလိုက်သည့် ဖြစ်စဥ်များနှင့်ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံအချို့ ပြန်လည်ထွက်ခွာသွားသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။
လက်ရှိတွင် မြန်မာ့အထည်အလိပ်များကို ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ UK၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ USA ၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံတို့ကို အဓိကတင်ပို့နေကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အပါအဝင် စီးပွားရေးအတွက်တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်ရုံ သာမက အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးနိုင်သည့် အရေးပါသောကဏ္ဍတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင်အထည်ချုပ်လုပ်ငန်းသည် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်သည့်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုလည်း အကျိုး ပြုနိုင်ကြောင်း ဦးမင်းမင်းက သုံးသပ်ပြောကြားထားသည်။
ပြီးခဲ့သည့် ၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ (၅ ဒသမ ၃)ဘီလျံရရှိခဲ့ပြီး နိုင်ငံပေါင်း(၁ဝဝ) ကျော်ကို တင်ပို့နိုင်ခဲ့ကာ ယခု(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံပေါင်း(၈၀) ကျော်ကို အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။

zawgyi version
အထည္ခ်ဳပ္စက္႐ုံေပါင္း(၇၀၀)နီးပါးရွိခဲ့ရာမွ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စက္႐ုံေပါင္း(၁၀၀)ေက်ာ္ ရပ္နားခဲ့ရဟု စီး/ကူးဒုဝန္ႀကီးဆို
ယြန္း (NP News) - ဒီဇင္ဘာ ၉
ျပည္တြင္း၌ CMP စက္႐ုံေပါင္း(၇၀၀)နီးပါး လည္ပတ္ေနရာမွ ကိုဗစ္(၁၉) ကပ္ေရာဂါေၾကာင့္ စက္႐ုံေပါင္း(၁၀၀)ေက်ာ္ ရပ္နားခဲ့ရေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဒုဝန္ႀကီးဦးမင္းမင္းက ေျပာသည္။
ဒုဝန္ႀကီးဦးမင္းမင္းက ယမန္ေန႔(ဒီဇင္ဘာလ ၈ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ Yangon Convention Center(YCC) တြင္ က်င္းပသည့္ ျမန္မာ့ အထည္အလိပ္ႏွင့္ စက္ယႏၲရားကုန္စည္ျပပြဲ(၂၀၂၃) တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏အထည္ခ်ဳပ္လုပ္ငန္းသည္ ကိုဗစ္(၁၉)ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈမ်ားရွိခဲ့ၿပီး အဆိုပါကပ္ေရာဂါျဖစ္ပြားစဥ္ ကာလအတြင္း အထည္ခ်ဳပ္စက္႐ုံေပါင္း(၁၀၀)ေက်ာ္ ရပ္နားခဲ့ရေၾကာင္း သိရသည္။
“ျမန္မာႏိုင္ငံရဲ႕အထည္ခ်ဳပ္လုပ္ငန္းဟာ ကိုဗစ္(၁၉)ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈေတြရွိခဲ့ပါတယ္။ အထည္ခ်ဳပ္စက္႐ုံ (၇၀၀)ေလာက္ လည္ပတ္ေနရာကေန ကိုဗစ္ပထမလႈိင္းမွာ စက္႐ုံ(၅၀)ေက်ာ္ေလာက္၊ ဒုတိယလႈိင္းမွာ စက္႐ုံ(၅၀)ေက်ာ္ေလာက္ ရပ္နားခဲ့ရပါတယ္။ သူတို႔ရဲ႕ဝင္ေငြဟာစုစုေပါင္း (၄၀)ရာခိုင္ႏႈန္းေလာက္ေလ်ာ့က်သြားတယ္လို႔ သုေတသနစာတမ္းမ်ားမွာေတြ႕ရပါတယ္”ဟု ဒုဝန္ႀကီး ဦးမင္းမင္းက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္မွအာဏာရယူလိုက္သည့္ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ျပည္တြင္းရွိ ႏိုင္ငံျခားသားပိုင္ အထည္ခ်ဳပ္စက္႐ုံအခ်ိဳ႕ ျပန္လည္ထြက္ခြာသြားသည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့သည္။
လက္ရွိတြင္ ျမန္မာ့အထည္အလိပ္မ်ားကို ဂ်ပန္၊ ပိုလန္၊ စပိန္၊ ဂ်ာမနီ၊ ကိုရီးယား၊ UK၊ နယ္သာလန္၊ အီတလီ၊ ျပင္သစ္၊ USA ၊ ဒိန္းမတ္ႏွင့္ ဘယ္လ္ဂ်ီယံတို႔ကို အဓိကတင္ပို႔ေနေၾကာင္း သိရသည္။
အထည္ခ်ဳပ္လုပ္ငန္းသည္ ျမန္မာႏိုင္ငံအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အပါအဝင္ စီးပြားေရးအတြက္တစ္စိတ္တစ္ပိုင္း အေထာက္အကူျဖစ္႐ုံ သာမက အလုပ္အကိုင္အခြင့္အလမ္းမ်ားကိုလည္း ေဖာ္ေဆာင္ေပးႏိုင္သည့္ အေရးပါေသာက႑တစ္ခုျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္အထည္ခ်ဳပ္လုပ္ငန္းသည္ အလုပ္အကိုင္အခြင့္အလမ္းေဖာ္ေဆာင္ေပးႏိုင္သည့္အတြက္ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရးကိုလည္း အက်ိဳး ျပဳႏိုင္ေၾကာင္း ဦးမင္းမင္းက သုံးသပ္ေျပာၾကားထားသည္။
ၿပီးခဲ့သည့္ ၂ဝ၂၂- ၂ဝ၂၃ ဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းမွ အေမရိကန္ေဒၚလာ (၅ ဒသမ ၃)ဘီလ်ံရရွိခဲ့ၿပီး ႏိုင္ငံေပါင္း(၁ဝဝ) ေက်ာ္ကို တင္ပို႔ႏိုင္ခဲ့ကာ ယခု(၂၀၂၃-၂၀၂၄)ဘ႑ာႏွစ္တြင္လည္း ႏိုင္ငံေပါင္း(၈၀) ေက်ာ္ကို အဓိကတင္ပို႔လ်က္ရွိေၾကာင္း သိရသည္။