ထိုင်းနိုင်ငံရှိ စစ်ဆေးရေးဂိတ်(၂)ခုတွင် မြန်မာနိုင်ငံသား(၁၃)ဦး ဖမ်းဆီးခံခဲ့ရ

 2407

ကျော် (NP News) - ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံရှိ စစ်ဆေးရေးဂိတ်(၂)ခုတွင် ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်)ညပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၁၃)ဦးဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကိုကူညီပေးနေသူများထံမှ သိရသည်။

ယမန်နေ့ညပိုင်းက နခေါစီထမ်မရတ်ခရိုင်မှတာဝန်ရှိသူများသည် ဘန်င်ခန်မြို့၊ လမ်နောင်ဝ်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်လာသူများမရှိစေရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်စဥ် ဘန်ကောက်နှင့်ရနောင်းသို့ပြေးဆွဲပေးနေ သည့် အဝေးပြေးခရီးသည်တင်ကားအား တားဆီးစစ်ဆေးရာ ကားမောင်းသူနားနေသည့်အခန်းအတွင်း၌လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅ ဦးနှင့်ခရီးသည်ထိုင်ခုံတွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂ ဦး(စုစုပေါင်း ၇ ဦး)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင်လည်း ဂိတ်တာဝန်ရှိသူများက ယမန့်နေ့ညပိုင်းကပင် ပစ်ကပ်ကားတစ်စီးကိုစစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူသည်ကားကိုထားခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများက ပစ်ကပ်ကားအားရှာဖွေစစ်ဆေးရာ ကားပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံ သား(၆)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရေးဂိတ် (၂)ခုတွင်ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ၁၃ ဦးအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးမှုများပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်၊ ည ၆ နာရီကျော်ခန့်ကလည်း ရနောင်းခရိုင်၊စုခ်စာမ်ရာမြို့၊နာခါ ကျေးရွာတွင် ပစ်ကပ်ကားပေါ်၌လိုက်ပါလာသည့် မြန်မာနိုင်ငံသား(၇)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံရွိ စစ္ေဆးေရးဂိတ္(၂)ခုတြင္ ျမန္မာႏိုင္ငံသား(၁၃)ဦး ဖမ္းဆီးခံခဲ့ရ
ေက်ာ္ (NP News) - ဒီဇင္ဘာ ၉

ထိုင္းႏိုင္ငံရွိ စစ္ေဆးေရးဂိတ္(၂)ခုတြင္ ယမန္ေန႔ (ဒီဇင္ဘာလ ၈ ရက္)ညပိုင္းက ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသား(၁၃)ဦးဖမ္းဆီးခံခဲ့ရေၾကာင္း ထိုင္းႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားကိုကူညီေပးေနသူမ်ားထံမွ သိရသည္။

ယမန္ေန႔ညပိုင္းက နေခါစီထမ္မရတ္ခ႐ိုင္မွတာဝန္ရွိသူမ်ားသည္ ဘန္င္ခန္ၿမိဳ႕၊ လမ္ေနာင္ဝ္ေက်း႐ြာရွိ စစ္ေဆးေရးဂိတ္တြင္ ထိုင္းႏိုင္ငံအတြင္းသို႔တရားမဝင္ ဝင္ေရာက္လာသူမ်ားမရွိေစေရးအတြက္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ စစ္ေဆးမႈမ်ားျပဳလုပ္စဥ္ ဘန္ေကာက္ႏွင့္ရေနာင္းသို႔ေျပးဆြဲေပးေန သည့္ အေဝးေျပးခရီးသည္တင္ကားအား တားဆီးစစ္ေဆးရာ ကားေမာင္းသူနားေနသည့္အခန္းအတြင္း၌လိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား ၅ ဦးႏွင့္ခရီးသည္ထိုင္ခုံတြင္လိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား ၂ ဦး(စုစုေပါင္း ၇ ဦး)အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စုခ္စာမ္ရာစစ္ေဆးေရးဂိတ္တြင္လည္း ဂိတ္တာဝန္ရွိသူမ်ားက ယမန္႔ေန႔ညပိုင္းကပင္ ပစ္ကပ္ကားတစ္စီးကိုစစ္ေဆးရာ ထိုင္းႏိုင္ငံသားကားေမာင္းသူသည္ကားကိုထားခဲ့ၿပီးေနာက္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တာဝန္ရွိသူမ်ားက ပစ္ကပ္ကားအားရွာေဖြစစ္ေဆးရာ ကားေပၚတြင္ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာ ႏိုင္ငံ သား(၆)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးေရးဂိတ္ (၂)ခုတြင္ဖမ္းဆီးရမိခဲ့သည့္ ျမန္မာႏိုင္ငံသား ၁၃ ဦးအား ထိုင္းႏိုင္ငံဥပေဒအရအေရးယူႏိုင္ေရးအတြက္ သက္ဆိုင္ရာရဲစခန္းသို႔ ပို႔ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားက ဖမ္းဆီးမႈမ်ားျပဳလုပ္လ်က္ရွိရာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၉ ရက္၊ ည ၆ နာရီေက်ာ္ခန္႔ကလည္း ရေနာင္းခ႐ိုင္၊စုခ္စာမ္ရာၿမိဳ႕၊နာခါ ေက်း႐ြာတြင္ ပစ္ကပ္ကားေပၚ၌လိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား(၇)ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.