အင်းစိန်လူမိုက်ဟု လူသိများသည့် ကျော်ဝင်းစိန် ကြည့်မြင်တိုင်မြို့နယ်တွင် ဓါးဖြင့် ခုတ်သတ်ခံခဲ့ရ

9045
မြူနစ် (NP News) - ဒီဇင်ဘာ ၉
အင်းစိန်လူမိုက်ဟု လူသိများသည့် ကျော်ဝင်းစိန်သည် ကြည့်မြင်တိုင်မြို့နယ်တွင် ဓါးဖြင့် ခုတ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)၊ ညပိုင်းတွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီးလမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
“ကြည့်မြင်တိုင်၊ ကျောင်းကြီးလမ်းမှာ ဖြစ်တာ။ ဖြစ်ဖြစ်ခြင်း အသံကြားတော့ သွားတဲ့အခါမှာ သွေးအိုင်ထဲမှာ လဲပြီးသေနေတာကို တွေ့တာ။ လူမိုက်အချင်းချင်းဖြစ်တာလို့တော့ သိရတယ်။ ဘယ်လိုဖြစ်ကြတယ်ဆိုတာတော့ မသိသေးပါဘူး။ လောလောဆယ်တော့ အမှုဖွင့်ထားပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်ထားကြောင်းသိရပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။
အင်းစိန်လူမိုက်ဟု လူသိများသော ကျော်ဝင်းစိန်သည် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပြန်ပေးဆွဲမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသူဖြစ်သည်။
၎င်းသည် လက်ရှိနစကအစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

zawgyi version
အင္းစိန္လူမိုက္ဟု လူသိမ်ားသည့္ ေက်ာ္ဝင္းစိန္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ဓါးျဖင့္ ခုတ္သတ္ခံခဲ့ရ
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၉
အင္းစိန္လူမိုက္ဟု လူသိမ်ားသည့္ ေက်ာ္ဝင္းစိန္သည္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ဓါးျဖင့္ ခုတ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၈ ရက္)၊ ညပိုင္းတြင္ ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ေက်ာင္းႀကီးလမ္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
“ၾကည့္ျမင္တိုင္၊ ေက်ာင္းႀကီးလမ္းမွာ ျဖစ္တာ။ ျဖစ္ျဖစ္ျခင္း အသံၾကားေတာ့ သြားတဲ့အခါမွာ ေသြးအိုင္ထဲမွာ လဲၿပီးေသေနတာကို ေတြ႕တာ။ လူမိုက္အခ်င္းခ်င္းျဖစ္တာလို႔ေတာ့ သိရတယ္။ ဘယ္လိုျဖစ္ၾကတယ္ဆိုတာေတာ့ မသိေသးပါဘူး။ ေလာေလာဆယ္ေတာ့ အမႈဖြင့္ထားပါတယ္” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာရဲစခန္း၌ အမႈဖြင့္ထားေၾကာင္းသိရၿပီး သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လိုက္လံစုံစမ္းလ်က္ရွိေၾကာင္း သိရသည္။
အင္းစိန္လူမိုက္ဟု လူသိမ်ားေသာ ေက်ာ္ဝင္းစိန္သည္ အင္းစိန္ၿမိဳ႕နယ္၊ ကမ္းနားအေနာက္ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး ျပန္ေပးဆြဲမႈ၊ လုယက္မႈ၊ မူးယစ္ေဆးဝါးမႈမ်ားျဖင့္ ႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရဖူးသူျဖစ္သည္။
၎သည္ လက္ရွိနစကအစိုးရလက္ထက္တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာသူျဖစ္သည္။