လူသတ်မှုနဲ့ အခြားရည်ရွယ်ရှိရှိသတ်ဖြတ်မှု အမြင့်ဆုံးဖြစ်ပွားနေတဲ့နိုင်ငံများထဲစာရင်း မြန်မာနိုင်ငံပါဝင်လာ

5807

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁ဝ
မြန်မာနိုင်ငံဟာ ၂ဝ၂၁ ခုနှစ်အတွင်း လူသတ်မှု နဲ့ အခြားရည်ရွယ်ရှိရှိ သတ်ဖြတ်မှုအမြင့်ဆုံးဖြစ်ပွားနေတဲ့ နိုင်ငံတွေ ထဲမှာ ပါဝင်လာခဲ့ကြောင်း ကုလသမဂ္ဂရဲ့မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုများ လေ့လာချက်စစ်တမ်း(Global Study on Homicide ) က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လူသတ်မှုနဲ့ အခြားရည်ရွယ်ရှိရှိ သတ်ဖြတ်မှုကြောင့် လူပေါင်း ၄၅၈ဝဝဝ ဦး သေဆုံးခဲ့ပြီး၊ သေဆုံးသူတွေထဲမှာ ကလေငယ် ၁၉ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၂၁ ခုနှစ်အတွင်း လူသတ်မှုနှုန်းမြင့်တက်လာခြင်းဟာ COVID-19 ကပ်ရောဂါကာလပိတ်ဆို့မှုတွေနဲ့ စီးပွားရေးပြဿနာ ဖိအားတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်ကြောင်း UNODC က ဆိုပါတယ်။
ကမ္ဘာကြီးမှာ ၂ဝ၂၁ ခုနှစ်အတွင်း တစ်နာရီကို အနည်းဆုံး ပျှမ်းမျှ လူပေါင်း ၅၂ ဦး သေဆုံးခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အာရှတိုက်ရဲ့လူသတ်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၁ဝ စုနှစ်အတွင်း ကျဆင်းခဲ့ ပေမယ့်လည်း ၂ဝ၂၁ ခုနှစ်မှာ ရပ်တန့်သွားခဲ့ရပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူသတ်မှုနှုန်းတွေ မြင့်တက်လာ ခြင်းကြောင့်ဖြစ်တယ်လို့ UNODC က ဖော်ပြထားပါတယ်။
လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲကို သတ်မှတ်ရာမှာ လူပေါင်း ၁ သိန်းမှာ လူပေါင်း ၂၅ ဦးနဲ့ ၅၂ ဦးကြား အသတ်ခံရခြင်းကို လူသတ်မှုနှုန်းမြင့်တက်နေတဲ့နိုင်ငံအဖြစ်သတ်မှတ်ကြောင်း UNODC က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က တပ်မတော် အာဏာရယူပြီးနောက်ပိုင်း ခက်ခဲရှုပ်ထွေးမှုတွေကြောင့် တစ်နှစ်အတွင်း အနည်းဆုံး ၁၅ဝဝဝ အသတ်ခံရကြောင်း၊ အဆိုပါအသတ်ခံရတဲ့နှုန်းဟာ ယခင်ထက် ၁ဝ ဆနီးပါးမြင့်တက်လာခဲ့ ကြောင်း UNODC က ဖော်ပြထားပါတယ်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခြင်း၊ စီးပွားရေး မလုံခြုံမှုနဲ့အတူ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းဝယ်ယူမှုများကြောင့် သတ်ဖြတ်မှုနှုန်းတွေ ပိုမိုမြင့်တက်လာစေခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများရှိနေခြင်းဟာ နိုင်ငံမတည်ငြိမ်မှု နဲ့ အကြမ်းဖက်မှုဖြစ်ပွားခြင်း များ မြင့်တက်လာစေတဲ့အကြောင်းအရာတစ်ခုဖြစ်စေခဲ့ကြောင်း UNODC က ပြောပါတယ်။

Zawgyi Version;
လူသတ္မႈနဲ႔ အျခားရည္႐ြယ္ရွိရွိသတ္ျဖတ္မႈ အျမင့္ဆုံးျဖစ္ပြားေနတဲ့ႏိုင္ငံမ်ားထဲစာရင္း ျမန္မာႏိုင္ငံပါဝင္လာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁ဝ
ျမန္မာႏိုင္ငံဟာ ၂ဝ၂၁ ခုႏွစ္အတြင္း လူသတ္မႈ နဲ႔ အျခားရည္႐ြယ္ရွိရွိ သတ္ျဖတ္မႈအျမင့္ဆုံးျဖစ္ပြားေနတဲ့ ႏိုင္ငံေတြ ထဲမွာ ပါဝင္လာခဲ့ေၾကာင္း ကုလသမဂၢရဲ႕မူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ကမာၻလုံးဆိုင္ရာ လူသတ္မႈမ်ား ေလ့လာခ်က္စစ္တမ္း(Global Study on Homicide ) က ေဖာ္ျပပါတယ္။
ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္အတြင္း ကမာၻတဝန္းမွာ လူသတ္မႈနဲ႔ အျခားရည္႐ြယ္ရွိရွိ သတ္ျဖတ္မႈေၾကာင့္ လူေပါင္း ၄၅၈ဝဝဝ ဦး ေသဆုံးခဲ့ၿပီး၊ ေသဆုံးသူေတြထဲမွာ ကေလငယ္ ၁၉ ရာခိုင္ႏႈန္း ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။ ၂ဝ၂၁ ခုႏွစ္အတြင္း လူသတ္မႈႏႈန္းျမင့္တက္လာျခင္းဟာ COVID-19 ကပ္ေရာဂါကာလပိတ္ဆို႔မႈေတြနဲ႔ စီးပြားေရးျပႆနာ ဖိအားေတြနဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ျဖစ္ေၾကာင္း UNODC က ဆိုပါတယ္။
ကမာၻႀကီးမွာ ၂ဝ၂၁ ခုႏွစ္အတြင္း တစ္နာရီကို အနည္းဆုံး ပွ်မ္းမွ် လူေပါင္း ၅၂ ဦး ေသဆုံးခဲ့ရေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ အာရွတိုက္ရဲ႕လူသတ္မႈႏႈန္းဟာ ၿပီးခဲ့တဲ့ ၁ဝ စုႏွစ္အတြင္း က်ဆင္းခဲ့ ေပမယ့္လည္း ၂ဝ၂၁ ခုႏွစ္မွာ ရပ္တန႔္သြားခဲ့ရၿပီး၊ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ လူသတ္မႈႏႈန္းေတြ ျမင့္တက္လာ ျခင္းေၾကာင့္ျဖစ္တယ္လို႔ UNODC က ေဖာ္ျပထားပါတယ္။
လူသတ္မႈႏႈန္း အျမင့္ဆုံးႏိုင္ငံေတြထဲကို သတ္မွတ္ရာမွာ လူေပါင္း ၁ သိန္းမွာ လူေပါင္း ၂၅ ဦးနဲ႔ ၅၂ ဦးၾကား အသတ္ခံရျခင္းကို လူသတ္မႈႏႈန္းျမင့္တက္ေနတဲ့ႏိုင္ငံအျဖစ္သတ္မွတ္ေၾကာင္း UNODC က ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ ၂ဝ၂၁ ခုႏွစ္က တပ္မေတာ္ အာဏာရယူၿပီးေနာက္ပိုင္း ခက္ခဲရႈပ္ေထြးမႈေတြေၾကာင့္ တစ္ႏွစ္အတြင္း အနည္းဆုံး ၁၅ဝဝဝ အသတ္ခံရေၾကာင္း၊ အဆိုပါအသတ္ခံရတဲ့ႏႈန္းဟာ ယခင္ထက္ ၁ဝ ဆနီးပါးျမင့္တက္လာခဲ့ ေၾကာင္း UNODC က ေဖာ္ျပထားပါတယ္။
ထို႔ျပင္ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားလာျခင္း၊ စီးပြားေရး မလုံၿခဳံမႈနဲ႔အတူ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈနဲ႔ မူးယစ္ ေဆးဝါးထုတ္လုပ္ေရာင္းဝယ္ယူမႈမ်ားေၾကာင့္ သတ္ျဖတ္မႈႏႈန္းေတြ ပိုမိုျမင့္တက္လာေစခဲ့ေၾကာင္း သိရပါတယ္။
ျမန္မာႏိုင္ငံအတြင္းမွာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားရွိေနျခင္းဟာ ႏိုင္ငံမတည္ၿငိမ္မႈ နဲ႔ အၾကမ္းဖက္မႈျဖစ္ပြားျခင္း မ်ား ျမင့္တက္လာေစတဲ့အေၾကာင္းအရာတစ္ခုျဖစ္ေစခဲ့ေၾကာင္း UNODC က ေျပာပါတယ္။