သထုံမြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျတိမ်းမှောက်မှုဖြစ်ပွား

 1090

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁ဝ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်း သထုံမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့ (ဒီဇင်ဘာ ၁ဝ ရက်)၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ ဇရစ်ချောင် ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာအနီး၊ သင်းထော်ကွေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆီဘောက်ဆာကားက သင်းထော်အကွေ့မှာ ဘရိတ်ပေါက်သွားတာ။ အဲဒီအချိန်မှာ ရှေ့က ဆိုင်ကယ်ကို ရှောင်ရင်းနဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးထိုးကျပြီး မှောက်သွားတာပါ” ဟု သထုံမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ဆီသယ်ယာဉ်တိမ်းမှောက်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆီသယ်ယာဉ်ထိခိုက်ပျက်စီးသွားခဲ့ပြီး လောင်စာဆီ အနည်းငယ် ယိုဖိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လူထိခိုက်မှု မရှိခဲ့ပါဘူး။ ကားပဲပျက်စီးသွားတာပါ။ ကားခေါင်းပိုင်းရယ်နဲ့ အင်ဂျင်ပဲနည်းနည်းပျက်စီးသွားတာပါ။ ဆီဘောက်ဆာတော့ ပျက်စီးတာမရှိပါဘူး။ နည်းနည်း ယိုဖိတ်တာလောက်တော့ ရှိတာပေါ့နော်။ ကျွန်တော်တို့လဲ လိုအပ်တာတွေ အကုန်လုပ်ပေးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အလားတူ ယမန်နေ့(ဒီဇင်ဘာ ၉ ရက်) တွင်လည်း ပဲခူးမြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ကျောက်ဆည်မြို့ရှောင် လမ်းတွင် ဆီသယ်ယာဉ်မီးလောင်ဆုံးရှုံးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။

လက်ရှိတွင် ရန်ကုန်မြို့ အပါအဝင် ပြည်နယ်နှင့် တိုင်းများရှိမြို့ကြီးများ၌ စက်သုံးဆီပြတ်လပ်မှုအခက်အခဲများ နှင့် ရင်ဆိုင်နေရလျက်ရှိပြီး ၎င်းအခက်အခဲများကိုဖြေရှင်းရန်အတွက် ဆီသယ်ယာဥ်များဖြင့် စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင် တိမ်းမှောက်မှုဖြစ်စဉ်များရှိနေသည့်အတွက် သတိပြုမောင်းနှင်ပို့ဆောင်ရန်လည်း အကြံပြုမှုများ ရှိနေသည်။

Zawgyi Version;
သထုံၿမိဳ႕နယ္တြင္ ဆီသယ္ယာဥ္တစ္စီး ဘရိတ္ေပါက္ကာ လမ္းေဘးထိုးက်တိမ္းေမွာက္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁ဝ

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္တြင္ ဆီသယ္ယာဥ္တစ္စီး ဘရိတ္ေပါက္ကာ လမ္းေဘးထိုးက်တိမ္းေမွာက္မႈျဖစ္ပြားခဲ့ ေၾကာင္း သထုံၿမိဳ႕နယ္မီးသတ္စခန္းထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔ (ဒီဇင္ဘာ ၁ဝ ရက္)၊ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ သထုံၿမိဳ႕နယ္၊ ဇရစ္ေခ်ာင္ ေက်း႐ြာအုပ္စု၊ သင္းေထာ္ေက်း႐ြာအနီး၊ သင္းေထာ္ေကြ႕တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆီေဘာက္ဆာကားက သင္းေထာ္အေကြ႕မွာ ဘရိတ္ေပါက္သြားတာ။ အဲဒီအခ်ိန္မွာ ေရွ႕က ဆိုင္ကယ္ကို ေရွာင္ရင္းနဲ႔ အရွိန္မထိန္းႏိုင္ျဖစ္ၿပီး လမ္းေဘးထိုးက်ၿပီး ေမွာက္သြားတာပါ” ဟု သထုံၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ဆီသယ္ယာဥ္တိမ္းေမွာက္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ဆီသယ္ယာဥ္ထိခိုက္ပ်က္စီးသြားခဲ့ၿပီး ေလာင္စာဆီ အနည္းငယ္ ယိုဖိတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္မႈ မရွိခဲ့ပါဘူး။ ကားပဲပ်က္စီးသြားတာပါ။ ကားေခါင္းပိုင္းရယ္နဲ႔ အင္ဂ်င္ပဲနည္းနည္းပ်က္စီးသြားတာပါ။ ဆီေဘာက္ဆာေတာ့ ပ်က္စီးတာမရွိပါဘူး။ နည္းနည္း ယိုဖိတ္တာေလာက္ေတာ့ ရွိတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔လဲ လိုအပ္တာေတြ အကုန္လုပ္ေပးခဲ့ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

အလားတူ ယမန္ေန႔(ဒီဇင္ဘာ ၉ ရက္) တြင္လည္း ပဲခူးၿမိဳ႕ေရွာင္လမ္းတြင္ ဆီသယ္ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ႏွင့္ ေက်ာက္ဆည္ၿမိဳ႕ေရွာင္ လမ္းတြင္ ဆီသယ္ယာဥ္မီးေလာင္ဆုံးရႈံးမႈျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ဖူးသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းမ်ားရွိၿမိဳ႕ႀကီးမ်ား၌ စက္သုံးဆီျပတ္လပ္မႈအခက္အခဲမ်ား ႏွင့္ ရင္ဆိုင္ေနရလ်က္ရွိၿပီး ၎အခက္အခဲမ်ားကိုေျဖရွင္းရန္အတြက္ ဆီသယ္ယာဥ္မ်ားျဖင့္ စက္သုံးဆီသယ္ယူပို႔ေဆာင္ရာတြင္ တိမ္းေမွာက္မႈျဖစ္စဥ္မ်ားရွိေနသည့္အတြက္ သတိျပဳေမာင္းႏွင္ပို႔ေဆာင္ရန္လည္း အႀကံျပဳမႈမ်ား ရွိေနသည္။

Related news

© 2021. All rights reserved.