ရွှေတိဂုံစေတီတော်၏ အလှူငွေ နှင့် ဝင်ကြေးများမှရရှိသည့် ဒေါ်လာများကို ကျပ်ငွေဖြင့်တန်ဖိုးဖြတ်၍ လဲလှယ်ပေးခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဟုဆို

9375
Pearl (NP News) - ဒီဇင်ဘာ ၁၁
ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့် ဝင်ကြေးများမှ ရရှိသည့် ဒေါ်လာများကို မြန်မာကျပ်ငွေဖြင့် တန်ဖိုးဖြတ်၍ လဲလှယ်ပေးခဲ့သည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း နစကမှ တုံ့ပြန်ထား သည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်) တွင် အဆိုပါ သတင်းများနှင့်ပတ်သက်၍ အထက်ပါကဲ့သို့တုံ့ပြန်ဖြေရှင်းထားခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊ အလှူငွေ အမေရိကန်ဒေါ်လာ သန်း (၂၀)ကျော်နှင့် ဗိုလ်တစ်ထောင် စေတီတော်၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သတင်းမီဒီယာတစ်ချို့က ရေးသားဖော်ပြလျက်ရှိသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့် ပတ်သက်၍ မဟုတ်မမှန် ဝါဒဖြန့်ချီမှုများပြုလုပ်နေခြင်းသာဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း ပြောသည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း "အဲဒီသတင်းတွေက သတင်းအမှားပါ။ အဲဒီလို လဲတာမျိုးမရှိပါဘူး"ဟု NP News ကို ပြောသည်။
မကြာမီအချိန်တွင် ရွှေတိဂုံစေတီတော်၏ အလှူငွေစာရင်း နှင့် အသုံးစရိတ် အသေးစိတ်ကို Website မှတဆင့် အသိပေးထုတ်ပြန်ပေးသွားရန် စီစဉ်နေကြောင်းလည်း ၎င်းက ထပ်မံပြော သည်။
"စိတ်မပူပါနဲ့။ နောက်တစ်လကျော်လောက်နေရင် ရွှေတိဂုံဘုရားရဲ့ အဝင်အထွက်စာရင်း ရှိသမျှ ပိုင်ဆိုင်မှုသတင်း ၊ လစဉ် အလှူငွေ ဘယ်လောက်ရှိတယ်။ အသုံးစရိတ် ဘယ်လောက်ရှိတယ်။ အဲဒါတွေ Website ကနေ ပုံမှန် တင်ပေးဖို့ရှိတယ်။ နောက်တစ်ခုက ရွှေတိဂုံအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ဘုရားတွေရဲ့ ဘုရားသမိုင်းတွေ Website ကနေ အသေးစိတ်ဖော်ပြ ပေးဖို့ရှိတယ်"ဟု ဂေါပကအဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NP News ကိုပြောသည်။
ရွှေတိဂုံစေတီတော်အပါအဝင် တစ်နိုင်ငံလုံးရှိ ဘုရားစေတီပုထိုးများ၏ သမိုင်းများကိုလည်း Website မှတဆင့် အသိပေးဖော်ပြရန် သာသနာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။
ယခင်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ဧည့်ဝင်ကြေးအဖြစ် ၁ဝဝဝဝ ကျပ် ကောက်ခံခဲ့ပြီး ပြီးခဲ့သည့်အောက်တိုဘာလ (၁)ရက်မှ စတင်၍ နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ဧည့်ဝင်ကြေး (၂ဝဝဝဝ) ကျပ်၊ သံရုံးများရှိ နိုင်ငံခြားသားများအတွက် ဧည့်ဝင်ကြေးကို (၁ဝဝဝဝ) ကျပ် ပြောင်းလဲကောက်ခံခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊတိဂုံေစတီေတာ္၏ အလႉေငြ ႏွင့္ ဝင္ေၾကးမ်ားမွရရွိသည့္ ေဒၚလာမ်ားကို က်ပ္ေငြျဖင့္တန္ဖိုးျဖတ္၍ လဲလွယ္ေပးခဲ့သည္ဆိုေသာ သတင္းမွာ မွန္ကန္မႈမရွိဟုဆို
Pearl (NP News) - ဒီဇင္ဘာ ၁၁
ေ႐ႊတိဂုံေစတီေတာ္၏ အလႉေငြႏွင့္ ဝင္ေၾကးမ်ားမွ ရရွိသည့္ ေဒၚလာမ်ားကို ျမန္မာက်ပ္ေငြျဖင့္ တန္ဖိုးျဖတ္၍ လဲလွယ္ေပးခဲ့သည္ဆိုေသာ သတင္းမွာ မမွန္ကန္ေၾကာင္း နစကမွ တုံ႔ျပန္ထား သည္။
နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔ (ဒီဇင္ဘာလ ၁၁ ရက္) တြင္ အဆိုပါ သတင္းမ်ားႏွင့္ပတ္သက္၍ အထက္ပါကဲ့သို႔တုံ႔ျပန္ေျဖရွင္းထားျခင္းျဖစ္သည္။
ေ႐ႊတိဂုံေစတီေတာ္၏ ဝင္ေၾကး၊ အလႉေငြ အေမရိကန္ေဒၚလာ သန္း (၂၀)ေက်ာ္ႏွင့္ ဗိုလ္တစ္ေထာင္ ေစတီေတာ္၏ အလႉေငြႏွင့္ ဝင္ေၾကး အေမရိကန္ေဒၚလာမ်ားကို တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၂၁၀၀ ႏႈန္းျဖင့္ တန္ဖိုးျဖတ္၍ ျမန္မာက်ပ္ေငြမ်ား ျပန္လည္ထုတ္ေပးခဲ့ေၾကာင္း သတင္းမီဒီယာတစ္ခ်ိဳ႕က ေရးသားေဖာ္ျပလ်က္ရွိသည္။
အဆိုပါ သတင္းႏွင့္ပတ္သက္၍ သာသနာေရးဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးက ဘာသာေရးဆိုင္ရာ ေစတီပုထိုးမ်ားႏွင့္ ပတ္သက္၍ မဟုတ္မမွန္ ဝါဒျဖန႔္ခ်ီမႈမ်ားျပဳလုပ္ေနျခင္းသာျဖစ္ၿပီး သတင္းအမွားသာျဖစ္ေၾကာင္း ေျပာသည္ဟု နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကလည္း "အဲဒီသတင္းေတြက သတင္းအမွားပါ။ အဲဒီလို လဲတာမ်ိဳးမရွိပါဘူး"ဟု NP News ကို ေျပာသည္။
မၾကာမီအခ်ိန္တြင္ ေ႐ႊတိဂုံေစတီေတာ္၏ အလႉေငြစာရင္း ႏွင့္ အသုံးစရိတ္ အေသးစိတ္ကို Website မွတဆင့္ အသိေပးထုတ္ျပန္ေပးသြားရန္ စီစဥ္ေနေၾကာင္းလည္း ၎က ထပ္မံေျပာ သည္။
"စိတ္မပူပါနဲ႔။ ေနာက္တစ္လေက်ာ္ေလာက္ေနရင္ ေ႐ႊတိဂုံဘုရားရဲ႕ အဝင္အထြက္စာရင္း ရွိသမွ် ပိုင္ဆိုင္မႈသတင္း ၊ လစဥ္ အလႉေငြ ဘယ္ေလာက္ရွိတယ္။ အသုံးစရိတ္ ဘယ္ေလာက္ရွိတယ္။ အဲဒါေတြ Website ကေန ပုံမွန္ တင္ေပးဖို႔ရွိတယ္။ ေနာက္တစ္ခုက ေ႐ႊတိဂုံအပါအဝင္ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ဘုရားေတြရဲ႕ ဘုရားသမိုင္းေတြ Website ကေန အေသးစိတ္ေဖာ္ျပ ေပးဖို႔ရွိတယ္"ဟု ေဂါပကအဖြဲ႕ႏွင့္နီးစပ္သူ တစ္ဦးက NP News ကိုေျပာသည္။
ေ႐ႊတိဂုံေစတီေတာ္အပါအဝင္ တစ္ႏိုင္ငံလုံးရွိ ဘုရားေစတီပုထိုးမ်ား၏ သမိုင္းမ်ားကိုလည္း Website မွတဆင့္ အသိေပးေဖာ္ျပရန္ သာသနာေရးဝန္ႀကီးဌာနက စီစဥ္ေနေၾကာင္း သိရသည္။
ယခင္က ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား လာေရာက္ဖူးေျမာ္သည့္ ႏိုင္ငံျခားသားတစ္ဦးလွ်င္ ဧည့္ဝင္ေၾကးအျဖစ္ ၁ဝဝဝဝ က်ပ္ ေကာက္ခံခဲ့ၿပီး ၿပီးခဲ့သည့္ေအာက္တိုဘာလ (၁)ရက္မွ စတင္၍ ႏိုင္ငံျခားသား ဧည့္သည္တစ္ဦးလွ်င္ ဧည့္ဝင္ေၾကး (၂ဝဝဝဝ) က်ပ္၊ သံ႐ုံးမ်ားရွိ ႏိုင္ငံျခားသားမ်ားအတြက္ ဧည့္ဝင္ေၾကးကို (၁ဝဝဝဝ) က်ပ္ ေျပာင္းလဲေကာက္ခံခဲ့ေၾကာင္း သိရသည္။