စင်ကာပူရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ထမ်းဆောင်မှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဟု မြန်မာသံရုံးအသိပေး

1205
ယွန်း (NP News) - ဒီဇင်ဘာ ၁၁
စင်ကာပူရောက် မြန်မာနိုင်ငံသားများအား ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

စင်ကာပူရှိ မြန်မာသံရုံးမှ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်ပတွင်နေထိုင်သည့် မြန်မာနိုင်ငံသားများအား ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် ပြီးခဲ့သည့် အောက်တိုဘာလ (၁)ရက်မှစ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါကြေညာချက်အရ စင်ကာပူနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ(၁၂)ရက်မှစ၍ ဝင်ငွေခွန်ပေးဆောင်ရန် စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း နှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အခွန်များကောက်ခံမည့် လစဥ်နှုန်းထားများအား နေထိုင်ခွင့်အမျိုးအစားများအပေါ်မူတည်၍ သတ်မှတ်နှုန်းထားအပေါ် (၂)ရာခိုင်နှုန်း အခွန် ပေးဆောင်ရန် သံရုံးမှဆိုထားသည်။
Student Pass ကိုင်ဆောင်ထားသူများသည် လက်ရှိကျောင်းတက်ရောက်နေသည့် ကျောင်းထောက်ခံစာများတင်ပြကာ ဝင်ငွေခွန်ပေးဆောင်ခြင်းကို ကင်းလွတ်ခွင့်ရရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မည့်သူများအနေဖြင့် စင်ကာပူမြို့၊ မြန်မာသံရုံး၌ လစာဝင်ငွေအပေါ် ဝင်ငွေခွန်များထမ်းဆောင်ပြီးကြောင်း ထောက်ခံစာကို လာရောက်ယူဆောင်ရန် လိုအပ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသာများအနက် Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် ဝင်ငွေခွန်များကို တစ်ပါတည်း ထမ်းဆောင်ရန် ပေကျင်းမြို့ရှိ မြန်မာသံရုံးက ယနေ့တွင် ထုတ်ပြန်ထားသည်။

zawgyi version
စင္ကာပူေရာက္ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ဝင္ေငြခြန္ထမ္းေဆာင္မွသာ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးေပးမည္ဟု ျမန္မာသံ႐ုံးအသိေပး
ယြန္း (NP News) - ဒီဇင္ဘာ ၁၁
စင္ကာပူေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ဝင္ေငြခြန္ေပးေဆာင္ၿပီးမွသာ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းကို ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း စင္ကာပူရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
စင္ကာပူရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဒီဇင္ဘာလ ၁၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျပည္ပတြင္ေနထိုင္သည့္ ျမန္မာႏိုင္ငံသားမ်ားအား ျပည္ပတြင္ရရွိသည့္ လစာဝင္ေငြအေပၚ ဝင္ေငြခြန္ေပးေဆာင္ရန္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၁)ရက္မွစ၍ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္သည္။
အဆိုပါေၾကညာခ်က္အရ စင္ကာပူႏိုင္ငံတြင္ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မနက္ျဖန္ ဒီဇင္ဘာလ(၁၂)ရက္မွစ၍ ဝင္ေငြခြန္ေပးေဆာင္ရန္ စင္ကာပူရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလမွ လာေရာက္ေဆာင္႐ြက္သည့္ ကာလအထိ ဝင္ေငြခြန္ေပးေဆာင္ၿပီးမွသာ ျမန္မာသံ႐ုံး၊ စင္ကာပူၿမိဳ႕တြင္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးျခင္း ႏွင့္ ေကာင္စစ္ဆိုင္ရာကိစၥရပ္မ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ အခြန္မ်ားေကာက္ခံမည့္ လစဥ္ႏႈန္းထားမ်ားအား ေနထိုင္ခြင့္အမ်ိဳးအစားမ်ားအေပၚမူတည္၍ သတ္မွတ္ႏႈန္းထားအေပၚ (၂)ရာခိုင္ႏႈန္း အခြန္ ေပးေဆာင္ရန္ သံ႐ုံးမွဆိုထားသည္။
Student Pass ကိုင္ေဆာင္ထားသူမ်ားသည္ လက္ရွိေက်ာင္းတက္ေရာက္ေနသည့္ ေက်ာင္းေထာက္ခံစာမ်ားတင္ျပကာ ဝင္ေငြခြန္ေပးေဆာင္ျခင္းကို ကင္းလြတ္ခြင့္ရရွိႏိုင္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္မည့္သူမ်ားအေနျဖင့္ စင္ကာပူၿမိဳ႕၊ ျမန္မာသံ႐ုံး၌ လစာဝင္ေငြအေပၚ ဝင္ေငြခြန္မ်ားထမ္းေဆာင္ၿပီးေၾကာင္း ေထာက္ခံစာကို လာေရာက္ယူေဆာင္ရန္ လိုအပ္ေၾကာင္း သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အလားတူ တ႐ုတ္ႏိုင္ငံတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသာမ်ားအနက္ Passport Type (PJ) ႏွင့္ (PB) ကိုင္ေဆာင္ထားသူမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးရန္ ျမန္မာသံ႐ုံးသို႔ လာေရာက္ရာတြင္ မိမိထမ္းေဆာင္လိုသည့္ကာလမ်ားအတြက္ ဝင္ေငြခြန္မ်ားကို တစ္ပါတည္း ထမ္းေဆာင္ရန္ ေပက်င္းၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔တြင္ ထုတ္ျပန္ထားသည္။