ကမ္ဘာ့အချမ်းသာဆုံး မိသားစုဝင်များစာရင်းတွင် ယူအေအီးသမ္မတ၏ မိသားစု ထိပ်ဆုံးတွင် ရပ်တည်

1765

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၂
ကမ္ဘာကျော်သတင်းဌာနတစ်ခုဖြစ်သော ဘလွန်းဘတ်သည် ၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး မိသားစု စာရင်းကို ထုတ်ပြန်ခဲ့ရာ ယူအေအီးနိုင်ငံ သမ္မတဖြစ်သူ ရှိတ်မိုဟမ်မက် ဘင်ဇာရက်ချ် အယ်နက်ယမ်တို့မိသားစုက ကမ္ဘာ့အချမ်းသာဆုံးမိသားစုအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေကြောင်း သိရသည်။
ယူအေအီးသမ္မတဖြစ်သူ နက်ယမ်တို့ မိသားစုပိုင်ဆိုင်သော ကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာ ၃ဝ၅ ဘီလျံကျော်ရှိနေကြောင်း ဘလွန်းဘတ်သတင်းဌာနက ခန့်မှန်းဖော်ပြထားသည်။
နက်ယမ်တို့မိသားစုသည် ကမ္ဘာ့အချမ်းသာဆုံးမိသားစုစာရင်းတွင် ပထမဆုံးအကြိမ် သတ်မှတ်ဖော်ပြခံခြင်းဖြစ်ပြီး ယူအေအီးတွင် ရေနံတွင်းအများအပြား ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ ထို့အပြင် အမေရိကန်အခြေစိုက် ဝေါတန်တို့မိသားစုသည် ကမ္ဘာ့အချမ်းသာဆုံးမိသားစုများစာရင်းတွင် ဒုတိယနေရာတွင် ရှိနေခဲ့နေပြီး အမေရိကန် ဒေါ်လာ ၂၅၇ ဒသမ ၉ ဘီလျံကြွယ်ဝချမ်းသာကြောင်း ဘလွန်းဘတ် သတင်းဌာနတွင် ဖော်ပြထားသည်။
ထို့အပြင် ကမ္ဘာ့အချမ်းသာဆုံးမိသားစုစာရင်းတွင် ဇိမ်ခံပစ္စည်းများ၊ နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ်များကို ပိုင်ဆိုင်ထားသော ဖရန်စ့် ဟာမက်စ်တို့ မိသားစုက တတိယနေရာတွင်ရှိနေခဲ့ပြီး ၎င်းတို့မိသားစုက အမေရိကန် ဒေါ်လာ ၁၅ဝ ဒသမ ၉ ဘီလျံကြွယ်ဝချမ်းသာကြောင်း သိရသည်။
ကမ္ဘာ့အချမ်းသာဆုံးမိသားစု ၁ဝ ဦးထဲတွင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော မက်စ်မိသားစု၊ ကာတာ တော်ဝင်မိသားစုဝင်ဖြစ်သော အယ်တာနီ အမေရိကန် ရေနံ နှင့် ဓါတုလုပ်ငန်းဖြစ်သော ကော့ချ် စက်မှု လုပ်ငန်းပိုင်ရှင် ကော့ချ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အချမ်းသာဆုံးမိသားစု ၂၅ ဦး၏ ကြွယ်ဝချမ်းသာမှု စုစုပေါင်းကို တွက်ချက်ရာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ပမာဏရှိခဲ့ပြီး၊ ပြီးခဲ့သောနှစ်က ကမ္ဘာ့အချမ်းသာဆုံးမိသားစု ၂၅ ဦး၏ ကြွယ်ဝချမ်းသာမှု စုစုပေါင်းနှင့်နှိုင်းယှဉ်လျှင် ၄၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာ့အချမ်းသာဆုံးမိသားစုဝင် ၁ဝ ဦးစာရင်းထဲတွင် ပင်လယ်ကွေ့ဒေသအတွင်း နိုင်ငံများမှ မိသားစုဝင်သုံးဦး ပါဝင်ခဲ့ကြောင်း ဘလွန်းဘတ်သတင်းဌာနက ဖော်ပြထားသည်။ ကမ္ဘာ့အချမ်းသာဆုံး မိသားစုဝင် ၁ဝ ဦးထဲတွင် အိန္ဒိယရေနံလုပ်ငန်းဖြစ်သော Reliance Industries ၏ ပိုင်ရှင်ဖြစ်သူ အမ်ဘာနီမိသားစု၊ ပြင်သစ် ဖက်ရှင်ကုမ္ပဏီဖြစ်သော Chanel ကုမ္ပဏီကို ပိုင်ဆိုင်သူ Wertheimers နှင့် ကမ္ဘာကျော်သတင်းဌာနတစ်ခုဖြစ် သော ရိုက်တာသတင်းဌာန၏ ရှယ်ယာအများစုကို ထိန်းချုပ်ထားသော သွန်ဆန်မိသားစုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔အခ်မ္းသာဆုံး မိသားစုဝင္မ်ားစာရင္းတြင္ ယူေအအီးသမၼတ၏ မိသားစု ထိပ္ဆုံးတြင္ ရပ္တည္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၂
ကမာၻေက်ာ္သတင္းဌာနတစ္ခုျဖစ္ေသာ ဘလြန္းဘတ္သည္ ၂ဝ၂၃ ခုႏွစ္အတြက္ ကမာၻ႔အခ်မ္းသာဆုံး မိသားစု စာရင္းကို ထုတ္ျပန္ခဲ့ရာ ယူေအအီးႏိုင္ငံ သမၼတျဖစ္သူ ရွိတ္မိုဟမ္မက္ ဘင္ဇာရက္ခ်္ အယ္နက္ယမ္တို႔မိသားစုက ကမာၻ႔အခ်မ္းသာဆုံးမိသားစုအျဖစ္ ထိပ္ဆုံးတြင္ရပ္တည္ေနေၾကာင္း သိရသည္။
ယူေအအီးသမၼတျဖစ္သူ နက္ယမ္တို႔ မိသားစုပိုင္ဆိုင္ေသာ ႂကြယ္ဝခ်မ္းသာမႈသည္ အေမရိကန္ေဒၚလာ ၃ဝ၅ ဘီလ်ံေက်ာ္ရွိေနေၾကာင္း ဘလြန္းဘတ္သတင္းဌာနက ခန႔္မွန္းေဖာ္ျပထားသည္။
နက္ယမ္တို႔မိသားစုသည္ ကမာၻ႔အခ်မ္းသာဆုံးမိသားစုစာရင္းတြင္ ပထမဆုံးအႀကိမ္ သတ္မွတ္ေဖာ္ျပခံျခင္းျဖစ္ၿပီး ယူေအအီးတြင္ ေရနံတြင္းအမ်ားအျပား ပိုင္ဆိုင္ထားေၾကာင္း သိရပါတယ္။ ထို႔အျပင္ အေမရိကန္အေျခစိုက္ ေဝါတန္တို႔မိသားစုသည္ ကမာၻ႔အခ်မ္းသာဆုံးမိသားစုမ်ားစာရင္းတြင္ ဒုတိယေနရာတြင္ ရွိေနခဲ့ေနၿပီး အေမရိကန္ ေဒၚလာ ၂၅၇ ဒသမ ၉ ဘီလ်ံႂကြယ္ဝခ်မ္းသာေၾကာင္း ဘလြန္းဘတ္ သတင္းဌာနတြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ ကမာၻ႔အခ်မ္းသာဆုံးမိသားစုစာရင္းတြင္ ဇိမ္ခံပစၥည္းမ်ား၊ နာမည္ေက်ာ္ ဖက္ရွင္အမွတ္တံဆိပ္မ်ားကို ပိုင္ဆိုင္ထားေသာ ဖရန္စ့္ ဟာမက္စ္တို႔ မိသားစုက တတိယေနရာတြင္ရွိေနခဲ့ၿပီး ၎တို႔မိသားစုက အေမရိကန္ ေဒၚလာ ၁၅ဝ ဒသမ ၉ ဘီလ်ံႂကြယ္ဝခ်မ္းသာေၾကာင္း သိရသည္။
ကမာၻ႔အခ်မ္းသာဆုံးမိသားစု ၁ဝ ဦးထဲတြင္ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ျဖစ္ေသာ မက္စ္မိသားစု၊ ကာတာ ေတာ္ဝင္မိသားစုဝင္ျဖစ္ေသာ အယ္တာနီ အေမရိကန္ ေရနံ ႏွင့္ ဓါတုလုပ္ငန္းျဖစ္ေသာ ေကာ့ခ်္ စက္မႈ လုပ္ငန္းပိုင္ရွင္ ေကာ့ခ်္တို႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။
ကမာၻ႔အခ်မ္းသာဆုံးမိသားစု ၂၅ ဦး၏ ႂကြယ္ဝခ်မ္းသာမႈ စုစုေပါင္းကို တြက္ခ်က္ရာတြင္ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ထရီလီယံ ပမာဏရွိခဲ့ၿပီး၊ ၿပီးခဲ့ေသာႏွစ္က ကမာၻ႔အခ်မ္းသာဆုံးမိသားစု ၂၅ ဦး၏ ႂကြယ္ဝခ်မ္းသာမႈ စုစုေပါင္းႏွင့္ႏႈိင္းယွဥ္လွ်င္ ၄၃ ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
၂ဝ၂၃ ခုႏွစ္အတြင္း ကမာၻ႔အခ်မ္းသာဆုံးမိသားစုဝင္ ၁ဝ ဦးစာရင္းထဲတြင္ ပင္လယ္ေကြ႕ေဒသအတြင္း ႏိုင္ငံမ်ားမွ မိသားစုဝင္သုံးဦး ပါဝင္ခဲ့ေၾကာင္း ဘလြန္းဘတ္သတင္းဌာနက ေဖာ္ျပထားသည္။ ကမာၻ႔အခ်မ္းသာဆုံး မိသားစုဝင္ ၁ဝ ဦးထဲတြင္ အိႏၵိယေရနံလုပ္ငန္းျဖစ္ေသာ Reliance Industries ၏ ပိုင္ရွင္ျဖစ္သူ အမ္ဘာနီမိသားစု၊ ျပင္သစ္ ဖက္ရွင္ကုမၸဏီျဖစ္ေသာ Chanel ကုမၸဏီကို ပိုင္ဆိုင္သူ Wertheimers ႏွင့္ ကမာၻေက်ာ္သတင္းဌာနတစ္ခုျဖစ္ ေသာ ႐ိုက္တာသတင္းဌာန၏ ရွယ္ယာအမ်ားစုကို ထိန္းခ်ဳပ္ထားေသာ သြန္ဆန္မိသားစုတို႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။