ကျောက်တံခါးမြို့နယ်၌ KNU/PDF ပူးပေါင်းအဖွဲ့က ခရီးသည်တင်ရထားတစ်စင်းအား မိုင်းဆွဲတိုက်ခိုက်

 3494

Pearl (NP News) - ဒီဇင်ဘာ ၁၃

ကျောက်တံခါးမြို့နယ်၌ KNU/PDF ပူးပေါင်းအဖွဲ့က ခရီးသည်တင်ရထားတစ်စင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်)၊ ည (၁ဝ) နာရီ ဝန်းကျင်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သူဌေးကုန်းဘူတာအနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘူတာအနီး၌ ခရီးသည်တင်ရထားတစ်စီးကို KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"ခရီးသည် ဒဏ်ရာရတာတော့ မရှိပါဘူး။ ရဲတစ်ယောက်တော့ ဒဏ်ရာရတယ်။ နောက်က ကုန်တွဲတစ်တွဲ ပြုတ်ကျ တယ်ကြားတယ်။ အဲဒီနားက လုံခြုံရေးတဲတွေကိုလည်း မီးရှို့သွားတယ်လို့ ပြောတယ်။ ရထားလမ်းပိုင်း ပျက်စီးမှု လည်း ရှိတယ်" ဟု လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ခရီးသည် ထိခိုက်ဒဏ်ရာမရရှိသော်လည်း ရဲဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန် - မန္တလေး လမ်းပိုင်း၏ ရထားခရီးစဉ်များ ခေတ္တရပ်နားထားပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လတွင်လည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း တွင် အမြန်ရထားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ခရီးသည် (၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version;
ေက်ာက္တံခါးၿမိဳ႕နယ္၌ KNU/PDF ပူးေပါင္းအဖြဲ႕က ခရီးသည္တင္ရထားတစ္စင္းအား မိုင္းဆြဲတိုက္ခိုက္
Pearl (NP News) - ဒီဇင္ဘာ ၁၃

ေက်ာက္တံခါးၿမိဳ႕နယ္၌ KNU/PDF ပူးေပါင္းအဖြဲ႕က ခရီးသည္တင္ရထားတစ္စင္းအား မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။


ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာ ၁၂ ရက္)၊ ည (၁ဝ) နာရီ ဝန္းက်င္ခန႔္တြင္ ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းရွိ သူေဌးကုန္းဘူတာအနီး၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ဘူတာအနီး၌ ခရီးသည္တင္ရထားတစ္စီးကို KNU/PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
"ခရီးသည္ ဒဏ္ရာရတာေတာ့ မရွိပါဘူး။ ရဲတစ္ေယာက္ေတာ့ ဒဏ္ရာရတယ္။ ေနာက္က ကုန္တြဲတစ္တြဲ ျပဳတ္က် တယ္ၾကားတယ္။ အဲဒီနားက လုံၿခဳံေရးတဲေတြကိုလည္း မီးရႈိ႕သြားတယ္လို႔ ေျပာတယ္။ ရထားလမ္းပိုင္း ပ်က္စီးမႈ လည္း ရွိတယ္" ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ခရီးသည္ ထိခိုက္ဒဏ္ရာမရရွိေသာ္လည္း ရဲဝန္ထမ္းတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္ - မႏၲေလး လမ္းပိုင္း၏ ရထားခရီးစဥ္မ်ား ေခတၱရပ္နားထားၿပီး လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ မတ္လတြင္လည္း ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္ရွိ ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္း တြင္ အျမန္ရထားတစ္စီး မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရၿပီး ခရီးသည္ (၂)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.