မြိတ်မြို့ရှိ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့

 1047

မြူနစ် (NP News) - ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်းနေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှု များ ရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) ည ၇ နာရီ ၄ဝ မိနစ်အချိန်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာ အုပ်စု၊ ကော့လိပ်ရပ်ကွက်၊ မြရိပ်ညို (၁၁)လမ်းရှိ ဝန်ကြီးဟောင်းဦးသိန်လွင်၏ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

“သတင်းက မှန်ပါတယ်။ မနေ့ညက ၇ နာရီ ၄ဝ လောက်မှာ ပေါက်ကွဲမှုဖြစ်သွားတာပါ။ ပေါက်ကွဲသံက တော်တော် လေး ကျယ်ပါတယ်။ ဦးသိန်းလွင်ရဲ့ကားတော့ ပျက်စီးသွားတာတွေ ရှိတယ်။ လူထိခိုက်တာမျိုးတော့ မရှိပါဘူး” ဟု မြိတ်မြို့လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

ဝန်ကြီးဟောင်း ဦးသိန်းလွင်၏ နေအိမ် ဖောက်ခွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို လတ်တလော၌ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဦးသိန်းလွင်၏ နေအိမ်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမှု မရှိခဲ့သော် လည်း ကားတစ်စီးနှင့် နေအိမ်ခြံစည်းရိုးသည် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဦးသိန်းလွင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်တစ်ဦးဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် တနင်္သာရီတိုင်းအစိုးရအဖွဲ့၌ သစ်တောနှင့်သတ္တုဝန်ကြီး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

လက်ရှိတွင် ဝန်ကြီးဟောင်း ဦးသိန်းလွင်အနေဖြင့် တနင်္သာရီတိုင်း၊ ကျွန်းစုဒေသဘက်၌ ပြည်သူ့စစ်ခေါင်းဆောင် အဖြစ် လုပ်ဆောင်နေမှုများရှိသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

Zawgyi Version;
ၿမိတ္ၿမိဳ႕ရွိ သစ္ေတာႏွင့္သတၱဳဝန္ႀကီးေဟာင္း ေနအိမ္၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၃

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕ရွိ သစ္ေတာႏွင့္သတၱဳဝန္ႀကီးေဟာင္းေနအိမ္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ထိခိုက္ပ်က္စီးမႈ မ်ား ရွိခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈျဖစ္စဥ္သည္ ယမန္ေန႔ (ဒီဇင္ဘာ ၁၂ ရက္) ည ၇ နာရီ ၄ဝ မိနစ္အခ်ိန္တြင္ ၿမိတ္ၿမိဳ႕၊ ကလြင္ေက်း႐ြာ အုပ္စု၊ ေကာ့လိပ္ရပ္ကြက္၊ ျမရိပ္ညိဳ (၁၁)လမ္းရွိ ဝန္ႀကီးေဟာင္းဦးသိန္လြင္၏ ေနအိမ္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ သည္။

“သတင္းက မွန္ပါတယ္။ မေန႔ညက ၇ နာရီ ၄ဝ ေလာက္မွာ ေပါက္ကြဲမႈျဖစ္သြားတာပါ။ ေပါက္ကြဲသံက ေတာ္ေတာ္ ေလး က်ယ္ပါတယ္။ ဦးသိန္းလြင္ရဲ႕ကားေတာ့ ပ်က္စီးသြားတာေတြ ရွိတယ္။ လူထိခိုက္တာမ်ိဳးေတာ့ မရွိပါဘူး” ဟု ၿမိတ္ၿမိဳ႕လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

ဝန္ႀကီးေဟာင္း ဦးသိန္းလြင္၏ ေနအိမ္ ေဖာက္ခြဲတိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ မည္သည့္အဖြဲ႕အစည္းက ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ကို လတ္တေလာ၌ အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

ဦးသိန္းလြင္၏ ေနအိမ္၌ ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ လူတစ္စုံတစ္ရာ ထိခိုက္ဒဏ္ရာမႈ မရွိခဲ့ေသာ္ လည္း ကားတစ္စီးႏွင့္ ေနအိမ္ၿခံစည္း႐ိုးသည္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ဦးသိန္းလြင္သည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ပါတီဝင္တစ္ဦးျဖစ္ၿပီး သမၼတဦးသိန္းစိန္အစိုးရ လက္ထက္တြင္ တနသၤာရီတိုင္းအစိုးရအဖြဲ႕၌ သစ္ေတာႏွင့္သတၱဳဝန္ႀကီး၊ စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေၾကာင္း သိရသည္။

လက္ရွိတြင္ ဝန္ႀကီးေဟာင္း ဦးသိန္းလြင္အေနျဖင့္ တနသၤာရီတိုင္း၊ ကြၽန္းစုေဒသဘက္၌ ျပည္သူ႔စစ္ေခါင္းေဆာင္အျဖစ္ လုပ္ေဆာင္ေနမႈမ်ားရွိသည္ဟု ေျပာဆိုမႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.