“ရွှေတိဂုံစေတီတော်ကြီးနဲ့ပတ်သက်တဲ့ ငွေဆိုရင် အစိုးရကဖြစ်စေ၊ တစ်ဖွဲ့ဖွဲ့ကဖြစ်စေ ယူချင်တိုင်းယူ၊ သုံးချင်တိုင်းသုံးစွဲခွင့် မရှိပါဘူး” (အင်တာဗျူး)

 1177

NP News - ဒီဇင်ဘာ ၁၃

ရွှေတိဂုံစေတီ‌တော်ကြီး၏ အလှူငွေများကို အစိုးရအနေဖြင့် By Force ဖြင့် အတင်းယူသွားရန် မရသည့်အပြင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်(၆)ဦးကို ငွေထုတ်သည့်အခါ လက်မှတ်ရေးထိုးခွင့်ကို သက်ဆိုင်ရာဘဏ်များ၌ စာရင်းသွင်းပေးထားကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဒီဇင်ဘာလ ၁၂ ရက်တွင် NP News မှ အယ်ဒီတာချုပ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုရာ၌ ထည့်သွင်းဖြေကြားထားသည်။

မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာတစ်ခုမှာဖော်ပြထားတာရှိပါတယ်။ ရွှေတိဂုံဘုရားရဲ့အလှူငွေ ဒေါ် လာတွေကို တပ်မတော်က ၂၁၀၀ ကျပ်နဲ့ဖြတ်ပြီးယူသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေနဲ့ ဘယ်လိုများပြောချင်ပါလဲ ဗျ။

ဖြေ ။ ။ ဒီသတင်းကို ခေတ်သစ်ကတင်ထားတာကျွန်တော်တို့တွေ့လိုက်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ မဟုတ်မမှန်တဲ့သတင်းတွေတင်နေတယ်လို့ ပြောချင်ပါတယ်။ ဒီသတင်းကမ ဟုတ်မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ ရွှေတိဂုံစေတီတော်မှာရှိတဲ့ အလှူငွေတွေ နိုင်ငံခြားငွေ၊ မြန်မာငွေအားလုံးဟာ မြန်မာ့ စီးပွားရေးဘဏ်နဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွေရဲ့ အကောင့်တွေထဲမှာ လက်ရှိအတိုင်းရှိနေပါတယ်။
¬¬
မေး ။ ။ အဲဒီသတင်းမှာ ဂေါပကအဖွဲ့ဝင်တွေနဲ့နီးစပ်တဲ့လူကပြောပါတယ်ဆိုပြီး ရေးထားတာတွေ့ ရပါတယ်။ အဲဒါကြောင့် ကိုယ့်အဖွဲ့အစည်းထဲမှာမဟုတ်မမှန်သတင်းဖြန့်တဲ့လူတွေရှိတယ်ဆိုတဲ့ သံသယမျိုး တွေ့ရတယ်ဆိုတဲ့ အနေအထားမျိုးကို ဘယ်လိုမျိုးများပြောချင်ပါလဲဗျ။

ဖြေ ။ ။ လက်ရှိအခြေအနေအရဆိုရင် သတင်းအမှန်ကိုမသိဘဲနဲ့ ပြောချင်နေတဲ့ပုဂ္ဂိုလ်တွေကတော့ ရှိနေမယ်ဆိုတာကို နားလည်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရွှေတိဂုံစေတီတော်မှာ ရွှေနဲ့ပတ်သက်ပြီး အလှူငွေနဲ့ပတ်သက်ပြီး တပ်မတော်ကယူဆောင်သွားတယ်ဆိုတဲ့သတင်းတွေဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်း ကလည်း ကျွန်တော်တို့အနေနဲ့တရားဝင်ထုတ်ပြန်ရှင်းလင်းတာမရှိပေမယ့် ကာလတစ်ခုမှာတော့ ပြန်ပြီးမှေးမှိန်သွားတာကိုတွေ့ရပါတယ်။ လက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ နိုင်ငံခြားငွေနဲ့ပတ်သက်ပြီး ပြောနေတာတွေဟာလည်း မဟုတ်မမှန်ပါဘူးလို့ ခိုင်ခိုင်မာမာပြော ချင်ပါတယ်။

မေး ။ ။ ရှင်းရှင်းလင်းလင်းသိချင်တာတစ်ခုရှိပါတယ်ဗျ။ တပ်မတော်က ၂၁၀၀ နှုန်းနဲ့ဒေါ်လာသန်း ၂၀ လောက်ကိုယူသွားတယ်ဆိုပြီး အတိအကျရေးထားတာကိုတွေ့ရတယ်။ ဒါကို မဟုတ်ဘူးဆိုတဲ့ခိုင်မာတဲ့ အချက်အလက်လေးပြောပြပေးပါဗျ။

ဖြေ ။ ။ ဘုရားကနေပိုင်ဆိုင်တဲ့ နိုင်ငံခြားငွေက နိုင် ငံခြားကုန်သွယ်မှုဘဏ်မှာအကောင့်နဲ့ထားပါတယ်။ နိုင်ငံခြားငွေနဲ့သုံးစွဲဖို့လိုအပ်လာတဲ့အခါမှာ လုပ်ငန်းတွေမှာ အနည်းအကျဥ်းသုံးစွဲခဲ့ဖူးတဲ့ အစဥ်အလာ ရှိပါတယ်။

မေး ။ ။ ဘယ်လိုမျိုးနေရာတွေမှာ သုံးစွဲခဲ့တာပါလဲဗျ။

ဖြေ ။ ။ ကျွန်တော်တို့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ သီရိလင်္ကာနိုင်ငံက စွယ်တော်နဲ့ MoU ထိုးထားတာတွေရှိပါတယ်။ အဲဒီအတွက် အပြန်အလှန်ဖိတ်ခေါ်သွားလာတာတွေရှိတယ်။ ဒါမျိုးနေ ရာတွေမှာ ဒေါ်လာငွေသုံးရမယ်ဆိုရင် ဒီထဲကနေသုံးစွဲပါတယ်။ နောက်ပြီး စက်လှေကားတွေနဲ့ပတ် သက် ပြီး နိုင်ငံခြားငွေသုံးစွဲရမယ့်လုပ်ငန်းတွေပေါ်လာရင်လည်း သုံးစွဲနေရတာတွေရှိပါတယ်။ ဒီကာလမှာ ဒေါ်လာနဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် သတ္ထုတွင်းဝန်ကြီးဌာနကနေ ရွှေဝယ် ယူရတာတွေရှိတယ်။ ၂၀၂၄ - ၂၀၂၅ ခုနှစ်မှာဆိုရင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ဖို့ရှိပါတယ်။ ဒီလိုကာလမှာ ရွှေဝယ်ယူဖို့ ဝယ်ယူတဲ့နေ့မှာ အစိုးရဆီကနေ ကမ္ဘာ့ရွှေ၊ ဒေါ်လာပေါက်စျေးပေါ်မူတည်တွက်ချက်ပြီး ပေးချေရတာပါ။ အခုလို ရွှေစျေးတွေ အဆမတန်တက်နေတဲ့ ကာလမှာ ကမ္ဘာ့ပေါက်စျေးအတိုင်းဒေါ်လာနဲ့ချေရင် ဖြစ်နိုင်ပါ့မလားဆိုတာစဥ်းစားရတယ် ငွေလဲနှုန်းနဲ့ မဆိုင်ပါဘူး။ ဒီအပေါ်မှာ သတင်းအမှားပေးဖို့ ယူဆသွားတယ်လို့ထင်ပါတယ်။

မေး ။ ။ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ အများပြည်သူလှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ပတ်သက်ရင် သတ်မှတ်ထားတဲ့မူဘောင်ရှိပါလားဗျ။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ရပ်တက်လာတိုင်း ဒီလိုမျိုးတွေ သတင်းထွက်လာတော့ ဂေါပကအဖွဲ့ဝင်တွေအနေနဲ့သတ်မှတ်ထားတဲ့ မူဘောင်လေးကို ပြောပြပေး စေချင်ပါတယ်။

ဖြေ ။ ။ အလှူငွေနဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီတော်မှာ ဘဏ္ဍာရေးဌာနဆိုပြီးရှိတယ်။ ငွေစာရင်း ခေါင်းစဥ်အလိုက် အလှူငွေတွေကဝင်ရောက်လာတာပါ။ ရင်ပြင်တော်ပေါ်မှာ သက်ဆိုင်ရာခေါင်းစဥ် အလိုက် အလှူခံမဏ္ဍပ်တွေရှိပါတယ်။ အဲဒီအလှူငွေတွေကို ည ၈ နာရီဘုရားပိတ်သိမ်းချိန်မှာ ဘ ဏ္ဍာရေး ဌာန၊ အဲဒီနေ့မှာတာဝန်ကျတဲ့တာဝန်မှူး၊ လုံခြုံရေးရယ် ရွှေတိဂုံစေတီတော်စောင့်ရှောက်ရေးသံဃာတော် ၁၀ ပါးရယ်က အလှူငွေတွေကိုလိုက်သိမ်းပါတယ်။ သက်ဆိုင်ရာခေါင်းစဥ်အလိုက် အိတ်တွေထဲကို အလှူ ငွေတွေထည့်ပါတယ်။ မနက် ၉ နာရီခွဲရုံးဖွင့်တာနဲ့ အလှူငွေတွေကိုရေတွက်တယ်။ ၁၁ နာရီခွဲကျော် လောက်မှာ ဘဏ်ကိုသွားပြီး ငွေစာရင်းခေါင်းစဥ်အလိုက်အပ်တယ်။ ဒါက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ နေ့စဥ်လုပ်နေတဲ့ ဘဏ္ဍာငွေထိန်းသိမ်းတဲ့လုပ်ငန်းစဥ်တစ်ခုပါ။ လက်ထဲမှာငွေမထားပါဘူး။ စနေ၊ တနင်္ဂ နွေပိတ်ရက်ဆိုရင်သိမ်းထားပြီး တနင်္လာနေ့မှာအပ်တယ်။ သုံးစွဲတဲ့အခါမှာလည်း ငွေသားနဲ့မသုံးဘဲ "ချက်"နဲ့ ပေးချေတဲ့စနစ်ကိုပဲသုံးပါတယ်။ ငွေနဲ့ပတ်သက်ရင် ဘဏ်အကောင့်ထဲဝင်သွားတာဖြစ်တဲ့ အတွက် ငွေထုတ်ကြီးဟာ ဘုရားမှာလည်းမရှိပါဘူး။ သက်ဆိုင်ရာဘဏ်မှာရှိပါတယ်။ ငွေစုဘဏ် အမှတ်(၁)၊ (၂) ၊ (၄) နဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွေမှာ ခေါင်းစဥ်အလိုက်ထားပါတယ်။

မေး ။ ။ ရွှေတိဂုံစေတီတော်ကြီးနဲ့ပတ်သက်တဲ့ ငွေဆိုရင် အစိုးရကဖြစ်စေ၊ တစ်ဖွဲ့ဖွဲ့ကဖြစ်စေ ယူချင်တိုင်းယူ၊ သုံးချင်တိုင်းသုံးစွဲခွင့်ရှိပါလားဗျ။ အကျယ်တဝင့်လေးရှင်းပြပေးပါဗျ။

ဖြေ ။ ။ အဲဒီလိုမျိုးမရပါဘူး။ ရှိလည်းမရှိပါဘူး။ ကျွန်တော်တို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်(၆) ယောက်ကို ငွေထုတ်တဲ့အခါ လက်မှတ်ရေးထိုးခွင့်ကို သက်ဆိုင်ရာဘဏ်တွေမှာ စာရင်းသွင်းပေးထား ပါတယ်။ ငွေအထုတ်အသွင်းလုပ်တိုင်း ဂေါပကအဖွဲ့ဝင် (၃)ယောက်က လက်မှတ်ထိုးပြီး ဆောင်ရွက်ရပါတယ်။ ဂေါပကအဖွဲ့ဝင် (၃)ယောက်ရဲ့လက်မှတ်မပါဘဲ ငွေထုတ်လို့မရပါဘူး။

မေး ။ ။ လူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့အချက်တစ်ခုက အစိုးရတွေက Force to အနေနဲ့အ တင်းယူသွားတာမျိုးလုပ်လို့ရလားဗျ။

ဖြေ ။ ။ အဲဒီလိုမျိုးမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဏ်ကိုရောက်သွားပြီဆိုရင် ဒီဟာက ရွှေ တိဂုံစေ တီတော်မြတ်ကြီးရဲ့ အလှူငွေဆိုပြီး အထုတ်လိုက်ရှိနေတာမဟုတ်ပါဘူး။ စာရင်းထဲကိုဝင်သွားတာပါ။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ငွေထုတ်ကြီးဆိုပြီးယူလို့လည်းမရပါဘူး။

မေး ။ ။ အခုဆိုရင် လူတွေအထင်အမြင်မှားနေတာက ရွှေတိဂုံဘုရားရဲ့အလှူငွေတွေကို တပ်မတော်က ၂၁၀၀ နဲ့ဖြတ်ယူသွားတယ်။ ဒါကြောင့် ဘုရားကိုမလှူတော့ဘူး။ မသွားတော့ဘူးလို့ စိုးရိမ်စိတ်တွေ ပေါ်လာတယ်။ ဖြန့်ဝေတာတွေလည်း ပိုဖြစ်လာတယ်။ ဒီအပေါ်မှာ ဘုရားဖူးပြည်သူတွေအ ပေါ်ဘယ်လိုမျိုးများပြောချင်ပါလဲဗျ။

ဖြေ ။ ။ ဘုရားဖူးပြည်သူလူထုတွေအနေနဲ့ အဲဒီသတင်းအမှားကို ယုံတဲ့လူလည်းရှိမယ်။ မယုံတဲ့လူလည်း ရှိမယ်။ အရင်က ထွက်ပေါ်ခဲ့ဘူးတဲ့ကောလာဟလတွေလိုပဲ အချိန်တစ်ခုမှာနားလည် သဘောပေါက်သွား ပါလိမ့်မယ်။ ရွှေနဲ့ဆိုရင်လည်း ရွှေနဲ့ပတ်သက်ပြီး ငွေနဲ့ဆိုရင်လည်း ငွေနဲ့ပတ်သက်ပြီး ဘုရားကြီးက ပြောခံနေရတာ ခလုတ်တိုက်ခံနေရတာပါ။

မေး ။ ။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းစတဲ့အချိန်တုန်းကလည်း တစ်ကြိမ်ကြားခဲ့ရပါတယ်။ တပ်မတော်မှာ ပိုက်ဆံချေစရာမရှိတော့လို့ ရွှေတိဂုံဘုရားက ပိုက်ဆံတွေယူသွားတယ်ဆိုတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး အခုလိုအချိန်မျိုးမှာဆိုရင်ရော ဘယ်လိုမျိုးပြန်ပြောမလဲဗျ။

ဖြေ ။ ။ ကျွန်တော်ပြောသလို ဒါတွေဟာ အချိန်တစ်ခုမှာ ပျောက်ပျက်သွားမှာပါ။ အဲဒီတုန်းကလည်း ရှိပါတယ်။ ကျွန်တော့်မိတ်ဆွေတွေက ဖုန်းတွေဆက်ပြီးမေးကြတယ်။ ဖိတ်ခေါ်ပါတယ်။ လာခဲ့ပါ။ ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ထုတ်ပြန်လို့ရပါတယ်။ ဒီနှစ် ဒီဇင်ဘာလ ၅ ရက်နေ့စာရင်းအရဆိုရင် ကျွန်တော်တို့မှာ အလှူငွေက မြန်မာငွေအနေနဲ့ ၉၉ ဒသမ ၆၀၄ ဘီလျံ နဲ့ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ သန်းရှိပါတယ်။ ဒါတွေကတိုးပွားလာအုံးမှာပါ။ဒီ နှစ်ဘတ်ဂျက်နှစ်ကုန်ရင် မြန်မာငွေ ဘီလီယံရာချီ သွားဖို့ပဲရှိပါတယ်။ ကိုဗစ်(၁၉)ရောဂါစဖြစ်တဲ့အချိန်တုန်းကဆိုရင် မြန်မာငွေ ၉၁ ဘီလျံလောက်ရှိတယ်။ ဒီ ၃ နှစ်အတွင်းမှာ ၉၉ ဘီလျံလောက်ဖြစ်သွားပြီ။ စုဆောင်းတဲ့ငွေမှာလည်း ငွေစုလက်မှတ်နဲ့ထားတာရှိ တယ်။ Fix Deposit နဲ့ထားတာရှိတယ်။ အဲဒီအပေါ်ကနေလည်း အတိုးတွေရနေပါတယ်။ ဒါကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အလှူငွေတွေက တိုးပွားလာနေပါတယ်။

မေး ။ ။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာငွေရှင်းတမ်းတွေကို မကြာခင်မှာအများပြည်သူသိအောင် Online ကနေ Website ကနေ တင်တာမျိုးတွေလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒါကိုလည်း ပြောပြပေးပါအုံးဗျ။

ဖြေ ။ ။ ဘဏ္ဍာငွေတစ်ခုတည်းတင်မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်နေတဲ့ PPD လို့ခေါ်တဲ့ ဘုရားဖူးတွေ လာတဲ့အခါ ဘုရားပေါ်ရောက်ရင် သင့်တော်တဲ့နေရာမှာထားထားတဲ့ Touch Screen မှာ ဘုရားနဲ့ပတ်သက် တာတွေကို အသေးစိတ်ကြည့်ရှုနိုင်အောင် ပြုစုနေပါတယ်။ ပြီးသလောက်ဖြစ်နေပါပြီ။ အဲဒီမှာလည်း အချက်အလက်တွေထုတ်ပြန်ပေးသွားဖို့ရှိပါတယ်။ စဥ်းလည်းစဥ်းစားထားပြီးသားပါ။

မေး ။ ။ ဂေါပကအဖွဲ့အနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြမယ့် ဘုရား ဖူးပြည်သူလူထုကို ရွှေတိဂုံစေတီတော်ကြီးနဲ့ပတ်သက်ပြီး ပြေပြချင်တဲ့အကြောင်းအရာလေးတွေရှိရင် ပြောပြပေးပါအုံးဗျ။

ဖြေ ။ ။ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဘုရားဖူးပြည်သူတွေ အတွက် ဖွင့်ထားပေးပါတယ်။ အဲဒီတော့ မည်သူမဆိုလာရောက်ဖူးမြော်နိုင်ပါတယ်။ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးကလည်း အမြဲတမ်းဖွင့်ထားပါတယ်။ ၂၄ နာရီအလှည့်ကျတာဝန်ပေးထားတဲ့ ဂေါပကအဖွဲ့ ဝင်တစ်ယောက်ကလည်း အမြဲတမ်းရှိပါတယ်။ ဘုရားနဲ့ပတ်သက်ပြီး မေးမြန်းချင်တာတွေရှိရင် ဂေါပကရုံးမှာ လာရောက်ပြီးမေးမြန်းနိုင်ပါတယ်။ ဒါမှလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးက မှန်မှန်ကန် ကန် ဖွင့်လှစ်နေတယ်ဆိုတာကို ပြည်သူတွေသိပြီး ဘုရားကြီးကိုကြည်ညိုမှုမပျက်ပြားစေနိုင်မှာပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

zawgyi version
“ေ႐ႊတိဂုံေစတီေတာ္ႀကီးနဲ႔ပတ္သက္တဲ့ ေငြဆိုရင္ အစိုးရကျဖစ္ေစ၊ တစ္ဖြဲ႕ဖြဲ႕ကျဖစ္ေစ ယူခ်င္တိုင္းယူ၊ သုံးခ်င္တိုင္းသုံးစြဲခြင့္ မရွိပါဘူး” (အင္တာဗ်ဴး)

NP News - ဒီဇင္ဘာ ၁၃

ေ႐ႊတိဂုံေစတီ‌ေတာ္ႀကီး၏ အလႉေငြမ်ားကို အစိုးရအေနျဖင့္ By Force ျဖင့္ အတင္းယူသြားရန္ မရသည့္အျပင္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္(၆)ဦးကို ေငြထုတ္သည့္အခါ လက္မွတ္ေရးထိုးခြင့္ကို သက္ဆိုင္ရာဘဏ္မ်ား၌ စာရင္းသြင္းေပးထားေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕ဝင္ ဦးဘိုးသင္းက ဒီဇင္ဘာလ ၁၂ ရက္တြင္ NP News မွ အယ္ဒီတာခ်ဳပ္ႏွင့္ သီးသန႔္ေတြ႕ဆုံေမးျမန္းမႈရာ၌ ထည့္သြင္းေျဖၾကားထားသည္။

ေမး ။ ။ ၿပီးခဲ့တဲ့ရက္ပိုင္းက မီဒီယာတစ္ခုမွာေဖာ္ျပထားတာရွိပါတယ္။ ေ႐ႊတိဂုံဘုရားရဲ႕အလႉေငြ ေဒၚ လာေတြကို တပ္မေတာ္က ၂၁၀၀ က်ပ္နဲ႔ျဖတ္ၿပီးယူသြားတယ္ဆိုတဲ့သတင္းေတြထြက္ေပၚခဲ့ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕အေနနဲ႔ ဘယ္လိုမ်ားေျပာခ်င္ပါလဲ ဗ်။

ေျဖ ။ ။ ဒီသတင္းကို ေခတ္သစ္ကတင္ထားတာကြၽန္ေတာ္တို႔ေတြ႕လိုက္ပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ ကေတာ့ မဟုတ္မမွန္တဲ့သတင္းေတြတင္ေနတယ္လို႔ ေျပာခ်င္ပါတယ္။ ဒီသတင္းကမ ဟုတ္မမွန္ပါဘူးလို႔ ေျပာခ်င္ပါတယ္။ ေ႐ႊတိဂုံေစတီေတာ္မွာရွိတဲ့ အလႉေငြေတြ ႏိုင္ငံျခားေငြ၊ ျမန္မာေငြအားလုံးဟာ ျမန္မာ့ စီးပြားေရးဘဏ္နဲ႔ ႏိုင္ငံျခားကုန္သြယ္မႈဘဏ္ေတြရဲ႕ အေကာင့္ေတြထဲမွာ လက္ရွိအတိုင္းရွိေနပါတယ္။
¬¬
ေမး ။ ။ အဲဒီသတင္းမွာ ေဂါပကအဖြဲ႕ဝင္ေတြနဲ႔နီးစပ္တဲ့လူကေျပာပါတယ္ဆိုၿပီး ေရးထားတာေတြ႕ ရပါတယ္။ အဲဒါေၾကာင့္ ကိုယ့္အဖြဲ႕အစည္းထဲမွာမဟုတ္မမွန္သတင္းျဖန္႔တဲ့လူေတြရွိတယ္ဆိုတဲ့ သံသယမ်ိဳး ေတြ႕ရတယ္ဆိုတဲ့ အေနအထားမ်ိဳးကို ဘယ္လိုမ်ိဳးမ်ားေျပာခ်င္ပါလဲဗ်။

ေျဖ ။ ။ လက္ရွိအေျခအေနအရဆိုရင္ သတင္းအမွန္ကိုမသိဘဲနဲ႔ ေျပာခ်င္ေနတဲ့ပုဂၢိဳလ္ေတြကေတာ့ ရွိေနမယ္ဆိုတာကို နားလည္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ေ႐ႊတိဂုံေစတီေတာ္မွာ ေ႐ႊနဲ႔ပတ္သက္ၿပီး အလႉေငြနဲ႔ပတ္သက္ၿပီး တပ္မေတာ္ကယူေဆာင္သြားတယ္ဆိုတဲ့သတင္းေတြျဖစ္ခဲ့ဖူးပါတယ္။ အဲဒီတုန္း ကလည္း ကြၽန္ေတာ္တို႔အေနနဲ႔တရားဝင္ထုတ္ျပန္ရွင္းလင္းတာမရွိေပမယ့္ ကာလတစ္ခုမွာေတာ့ ျပန္ၿပီးေမွးမွိန္သြားတာကိုေတြ႕ရပါတယ္။ လက္ရွိ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ ႏိုင္ငံျခားေငြနဲ႔ပတ္သက္ၿပီး ေျပာေနတာေတြဟာလည္း မဟုတ္မမွန္ပါဘူးလို႔ ခိုင္ခိုင္မာမာေျပာ ခ်င္ပါတယ္။

ေမး ။ ။ ရွင္းရွင္းလင္းလင္းသိခ်င္တာတစ္ခုရွိပါတယ္ဗ်။ တပ္မေတာ္က ၂၁၀၀ ႏႈန္းနဲ႔ေဒၚလာသန္း ၂၀ ေလာက္ကိုယူသြားတယ္ဆိုၿပီး အတိအက်ေရးထားတာကိုေတြ႕ရတယ္။ ဒါကို မဟုတ္ဘူးဆိုတဲ့ခိုင္မာတဲ့ အခ်က္အလက္ေလးေျပာျပေပးပါဗ်။

ေျဖ ။ ။ ဘုရားကေနပိုင္ဆိုင္တဲ့ ႏိုင္ငံျခားေငြက ႏိုင္ ငံျခားကုန္သြယ္မႈဘဏ္မွာအေကာင့္နဲ႔ထားပါတယ္။ ႏိုင္ငံျခားေငြနဲ႔သုံးစြဲဖို႔လိုအပ္လာတဲ့အခါမွာ လုပ္ငန္းေတြမွာ အနည္းအက်ဥ္းသုံးစြဲခဲ့ဖူးတဲ့ အစဥ္အလာ ရွိပါတယ္။

ေမး ။ ။ ဘယ္လိုမ်ိဳးေနရာေတြမွာ သုံးစြဲခဲ့တာပါလဲဗ်။

ေျဖ ။ ။ ကြၽန္ေတာ္တို႔ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးဟာ သီရိလကၤာႏိုင္ငံက စြယ္ေတာ္နဲ႔ MoU ထိုးထားတာေတြရွိပါတယ္။ အဲဒီအတြက္ အျပန္အလွန္ဖိတ္ေခၚသြားလာတာေတြရွိတယ္။ ဒါမ်ိဳးေန ရာေတြမွာ ေဒၚလာေငြသုံးရမယ္ဆိုရင္ ဒီထဲကေနသုံးစြဲပါတယ္။ ေနာက္ၿပီး စက္ေလွကားေတြနဲ႔ပတ္ သက္ ၿပီး ႏိုင္ငံျခားေငြသုံးစြဲရမယ့္လုပ္ငန္းေတြေပၚလာရင္လည္း သုံးစြဲေနရတာေတြရွိပါတယ္။ ဒီကာလမွာ ေဒၚလာနဲ႔ပတ္သက္ၿပီး ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအတြက္ သတၳဳတြင္းဝန္ႀကီးဌာနကေန ေ႐ႊဝယ္ ယူရတာေတြရွိတယ္။ ၂၀၂၄ - ၂၀၂၅ ခုႏွစ္မွာဆိုရင္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးကို လုံးေတာ္ျပည့္ ေ႐ႊသကၤန္းကပ္ဖို႔ရွိပါတယ္။ ဒီလိုကာလမွာ ေ႐ႊဝယ္ယူဖို႔ ဝယ္ယူတဲ့ေန႔မွာ အစိုးရဆီကေန ကမာၻ႔ေ႐ႊ၊ ေဒၚလာေပါက္ေစ်းေပၚမူတည္တြက္ခ်က္ၿပီး ေပးေခ်ရတာပါ။ အခုလို ေ႐ႊေစ်းေတြ အဆမတန္တက္ေနတဲ့ ကာလမွာ ကမာၻ႔ေပါက္ေစ်းအတိုင္းေဒၚလာနဲ႔ေခ်ရင္ ျဖစ္ႏိုင္ပါ့မလားဆိုတာစဥ္းစားရတယ္ ေငြလဲႏႈန္းနဲ႔ မဆိုင္ပါဘူး။ ဒီအေပၚမွာ သတင္းအမွားေပးဖို႔ ယူဆသြားတယ္လို႔ထင္ပါတယ္။

ေမး ။ ။ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးမွာ အမ်ားျပည္သူလႉဒါန္းထားတဲ့ အလႉေငြေတြနဲ႔ပတ္သက္ရင္ သတ္မွတ္ထားတဲ့မူေဘာင္ရွိပါလားဗ်။ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရတစ္ရပ္တက္လာတိုင္း ဒီလိုမ်ိဳးေတြ သတင္းထြက္လာေတာ့ ေဂါပကအဖြဲ႕ဝင္ေတြအေနနဲ႔သတ္မွတ္ထားတဲ့ မူေဘာင္ေလးကို ေျပာျပေပး ေစခ်င္ပါတယ္။

ေျဖ ။ ။ အလႉေငြနဲ႔ပတ္သက္ၿပီး ေ႐ႊတိဂုံေစတီေတာ္မွာ ဘ႑ာေရးဌာနဆိုၿပီးရွိတယ္။ ေငြစာရင္း ေခါင္းစဥ္အလိုက္ အလႉေငြေတြကဝင္ေရာက္လာတာပါ။ ရင္ျပင္ေတာ္ေပၚမွာ သက္ဆိုင္ရာေခါင္းစဥ္ အလိုက္ အလႉခံမ႑ပ္ေတြရွိပါတယ္။ အဲဒီအလႉေငြေတြကို ည ၈ နာရီဘုရားပိတ္သိမ္းခ်ိန္မွာ ဘ ႑ာေရး ဌာန၊ အဲဒီေန႔မွာတာဝန္က်တဲ့တာဝန္မႉး၊ လုံၿခဳံေရးရယ္ ေ႐ႊတိဂုံေစတီေတာ္ေစာင့္ေရွာက္ေရးသံဃာေတာ္ ၁၀ ပါးရယ္က အလႉေငြေတြကိုလိုက္သိမ္းပါတယ္။ သက္ဆိုင္ရာေခါင္းစဥ္အလိုက္ အိတ္ေတြထဲကို အလႉ ေငြေတြထည့္ပါတယ္။ မနက္ ၉ နာရီခြဲ႐ုံးဖြင့္တာနဲ႔ အလႉေငြေတြကိုေရတြက္တယ္။ ၁၁ နာရီခြဲေက်ာ္ ေလာက္မွာ ဘဏ္ကိုသြားၿပီး ေငြစာရင္းေခါင္းစဥ္အလိုက္အပ္တယ္။ ဒါက ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ ေန႔စဥ္လုပ္ေနတဲ့ ဘ႑ာေငြထိန္းသိမ္းတဲ့လုပ္ငန္းစဥ္တစ္ခုပါ။ လက္ထဲမွာေငြမထားပါဘူး။ စေန၊ တနဂၤ ေႏြပိတ္ရက္ဆိုရင္သိမ္းထားၿပီး တနလၤာေန႔မွာအပ္တယ္။ သုံးစြဲတဲ့အခါမွာလည္း ေငြသားနဲ႔မသုံးဘဲ "ခ်က္"နဲ႔ ေပးေခ်တဲ့စနစ္ကိုပဲသုံးပါတယ္။ ေငြနဲ႔ပတ္သက္ရင္ ဘဏ္အေကာင့္ထဲဝင္သြားတာျဖစ္တဲ့ အတြက္ ေငြထုတ္ႀကီးဟာ ဘုရားမွာလည္းမရွိပါဘူး။ သက္ဆိုင္ရာဘဏ္မွာရွိပါတယ္။ ေငြစုဘဏ္ အမွတ္(၁)၊ (၂) ၊ (၄) နဲ႔ ႏိုင္ငံျခားကုန္သြယ္မႈဘဏ္ေတြမွာ ေခါင္းစဥ္အလိုက္ထားပါတယ္။

ေမး ။ ။ ေ႐ႊတိဂုံေစတီေတာ္ႀကီးနဲ႔ပတ္သက္တဲ့ ေငြဆိုရင္ အစိုးရကျဖစ္ေစ၊ တစ္ဖြဲ႕ဖြဲ႕ကျဖစ္ေစ ယူခ်င္တိုင္းယူ၊ သုံးခ်င္တိုင္းသုံးစြဲခြင့္ရွိပါလားဗ်။ အက်ယ္တဝင့္ေလးရွင္းျပေပးပါဗ်။

ေျဖ ။ ။ အဲဒီလိုမ်ိဳးမရပါဘူး။ ရွိလည္းမရွိပါဘူး။ ကြၽန္ေတာ္တို႔ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္(၆) ေယာက္ကို ေငြထုတ္တဲ့အခါ လက္မွတ္ေရးထိုးခြင့္ကို သက္ဆိုင္ရာဘဏ္ေတြမွာ စာရင္းသြင္းေပးထား ပါတယ္။ ေငြအထုတ္အသြင္းလုပ္တိုင္း ေဂါပကအဖြဲ႕ဝင္ (၃)ေယာက္က လက္မွတ္ထိုးၿပီး ေဆာင္႐ြက္ရပါတယ္။ ေဂါပကအဖြဲ႕ဝင္ (၃)ေယာက္ရဲ႕လက္မွတ္မပါဘဲ ေငြထုတ္လို႔မရပါဘူး။

ေမး ။ ။ လူေတြထင္ေယာင္ထင္မွားျဖစ္ေနတဲ့အခ်က္တစ္ခုက အစိုးရေတြက Force to အေနနဲ႔အ တင္းယူသြားတာမ်ိဳးလုပ္လို႔ရလားဗ်။

ေျဖ ။ ။ အဲဒီလိုမ်ိဳးမရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဘဏ္ကိုေရာက္သြားၿပီဆိုရင္ ဒီဟာက ေ႐ႊ တိဂုံေစ တီေတာ္ျမတ္ႀကီးရဲ႕ အလႉေငြဆိုၿပီး အထုတ္လိုက္ရွိေနတာမဟုတ္ပါဘူး။ စာရင္းထဲကိုဝင္သြားတာပါ။ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ ေငြထုတ္ႀကီးဆိုၿပီးယူလို႔လည္းမရပါဘူး။

ေမး ။ ။ အခုဆိုရင္ လူေတြအထင္အျမင္မွားေနတာက ေ႐ႊတိဂုံဘုရားရဲ႕အလႉေငြေတြကို တပ္မေတာ္က ၂၁၀၀ နဲ႔ျဖတ္ယူသြားတယ္။ ဒါေၾကာင့္ ဘုရားကိုမလႉေတာ့ဘူး။ မသြားေတာ့ဘူးလို႔ စိုးရိမ္စိတ္ေတြ ေပၚလာတယ္။ ျဖန္႔ေဝတာေတြလည္း ပိုျဖစ္လာတယ္။ ဒီအေပၚမွာ ဘုရားဖူးျပည္သူေတြအ ေပၚဘယ္လိုမ်ိဳးမ်ားေျပာခ်င္ပါလဲဗ်။

ေျဖ ။ ။ ဘုရားဖူးျပည္သူလူထုေတြအေနနဲ႔ အဲဒီသတင္းအမွားကို ယုံတဲ့လူလည္းရွိမယ္။ မယုံတဲ့လူလည္း ရွိမယ္။ အရင္က ထြက္ေပၚခဲ့ဘူးတဲ့ေကာလာဟလေတြလိုပဲ အခ်ိန္တစ္ခုမွာနားလည္ သေဘာေပါက္သြား ပါလိမ့္မယ္။ ေ႐ႊနဲ႔ဆိုရင္လည္း ေ႐ႊနဲ႔ပတ္သက္ၿပီး ေငြနဲ႔ဆိုရင္လည္း ေငြနဲ႔ပတ္သက္ၿပီး ဘုရားႀကီးက ေျပာခံေနရတာ ခလုတ္တိုက္ခံေနရတာပါ။

ေမး ။ ။ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းစတဲ့အခ်ိန္တုန္းကလည္း တစ္ႀကိမ္ၾကားခဲ့ရပါတယ္။ တပ္မေတာ္မွာ ပိုက္ဆံေခ်စရာမရွိေတာ့လို႔ ေ႐ႊတိဂုံဘုရားက ပိုက္ဆံေတြယူသြားတယ္ဆိုတာေပါ့။ အဲဒါနဲ႔ပတ္သက္ၿပီး အခုလိုအခ်ိန္မ်ိဳးမွာဆိုရင္ေရာ ဘယ္လိုမ်ိဳးျပန္ေျပာမလဲဗ်။

ေျဖ ။ ။ ကြၽန္ေတာ္ေျပာသလို ဒါေတြဟာ အခ်ိန္တစ္ခုမွာ ေပ်ာက္ပ်က္သြားမွာပါ။ အဲဒီတုန္းကလည္း ရွိပါတယ္။ ကြၽန္ေတာ့္မိတ္ေဆြေတြက ဖုန္းေတြဆက္ၿပီးေမးၾကတယ္။ ဖိတ္ေခၚပါတယ္။ လာခဲ့ပါ။ ရွင္းျပခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ထုတ္ျပန္လို႔ရပါတယ္။ ဒီႏွစ္ ဒီဇင္ဘာလ ၅ ရက္ေန႔စာရင္းအရဆိုရင္ ကြၽန္ေတာ္တို႔မွာ အလႉေငြက ျမန္မာေငြအေနနဲ႔ ၉၉ ဒသမ ၆၀၄ ဘီလ်ံ နဲ႔ အေမရိကန္ေဒၚလာ ၁၆ ဒသမ ၆ သန္းရွိပါတယ္။ ဒါေတြကတိုးပြားလာအုံးမွာပါ။ဒီ ႏွစ္ဘတ္ဂ်က္ႏွစ္ကုန္ရင္ ျမန္မာေငြ ဘီလီယံရာခ်ီ သြားဖို႔ပဲရွိပါတယ္။ ကိုဗစ္(၁၉)ေရာဂါစျဖစ္တဲ့အခ်ိန္တုန္းကဆိုရင္ ျမန္မာေငြ ၉၁ ဘီလ်ံေလာက္ရွိတယ္။ ဒီ ၃ ႏွစ္အတြင္းမွာ ၉၉ ဘီလ်ံေလာက္ျဖစ္သြားၿပီ။ စုေဆာင္းတဲ့ေငြမွာလည္း ေငြစုလက္မွတ္နဲ႔ထားတာရွိ တယ္။ Fix Deposit နဲ႔ထားတာရွိတယ္။ အဲဒီအေပၚကေနလည္း အတိုးေတြရေနပါတယ္။ ဒါေၾကာင့္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ အလႉေငြေတြက တိုးပြားလာေနပါတယ္။

ေမး ။ ။ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ ဘ႑ာေငြရွင္းတမ္းေတြကို မၾကာခင္မွာအမ်ားျပည္သူသိေအာင္ Online ကေန Website ကေန တင္တာမ်ိဳးေတြလုပ္သြားမယ္လို႔ သိရပါတယ္။ အဲဒါကိုလည္း ေျပာျပေပးပါအုံးဗ်။

ေျဖ ။ ။ ဘ႑ာေငြတစ္ခုတည္းတင္မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔လုပ္ေနတဲ့ PPD လို႔ေခၚတဲ့ ဘုရားဖူးေတြ လာတဲ့အခါ ဘုရားေပၚေရာက္ရင္ သင့္ေတာ္တဲ့ေနရာမွာထားထားတဲ့ Touch Screen မွာ ဘုရားနဲ႔ပတ္သက္ တာေတြကို အေသးစိတ္ၾကည့္ရႈႏိုင္ေအာင္ ျပဳစုေနပါတယ္။ ၿပီးသေလာက္ျဖစ္ေနပါၿပီ။ အဲဒီမွာလည္း အခ်က္အလက္ေတြထုတ္ျပန္ပသြားဖို႔ရွိပါတယ္။ စဥ္းလည္းစဥ္းစားထားၿပီးသားပါ။

ေမး ။ ။ ေဂါပကအဖြဲ႕အေနနဲ႔ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးကို လာေရာက္ဖူးေျမာ္ၾကမယ့္ ဘုရား ဖူးျပည္သူလူထုကို ေ႐ႊတိဂုံေစတီေတာ္ႀကီးနဲ႔ပတ္သက္ၿပီး ေျပျပခ်င္တဲ့အေၾကာင္းအရာေလးေတြရွိရင္ ေျပာျပေပးပါအုံးဗ်။

ေျဖ ။ ။ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးကို မနက္ ၅ နာရီကေန ည ၈ နာရီအထိ ဘုရားဖူးျပည္သူေတြ အတြက္ ဖြင့္ထားေပးပါတယ္။ အဲဒီေတာ့ မည္သူမဆိုလာေရာက္ဖူးေျမာ္ႏိုင္ပါတယ္။ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕႐ုံးကလည္း အၿမဲတမ္းဖြင့္ထားပါတယ္။ ၂၄ နာရီအလွည့္က်တာဝန္ေပးထားတဲ့ ေဂါပကအဖြဲ႕ ဝင္တစ္ေယာက္ကလည္း အၿမဲတမ္းရွိပါတယ္။ ဘုရားနဲ႔ပတ္သက္ၿပီး ေမးျမန္းခ်င္တာေတြရွိရင္ ေဂါပက႐ုံးမွာ လာေရာက္ၿပီးေမးျမန္းႏိုင္ပါတယ္။ ဒါမွလည္း ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးက မွန္မွန္ကန္ ကန္ ဖြင့္လွစ္ေနတယ္ဆိုတာကို ျပည္သူေတြသိၿပီး ဘုရားႀကီးကိုၾကည္ညိဳမႈမပ်က္ျပားေစႏိုင္မွာပါ။

ေက်းဇူးတင္ပါတယ္ခင္ဗ်။

Related news

© 2021. All rights reserved.