ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂ဝ၂၅ ခုနှစ် နှစ်စပိုင်း၌ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်မည်

 743

ကျော် (NP News) - ဒီဇင်ဘာ ၁၃

ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များနှင့်ဘုရားဖူးများ အများဆုံးလာရောက်ဖူးမြှော်လေ့လာသည့် ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီးအား ၂ဝ၂၅ ခုနှစ် နှစ်စပိုင်း၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းထံမှ သိရသည်။

"ရွှေတိဂုံစေတီတော်မြတ်ကြီးကို (၅) နှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပါတယ်။ နောက်ဆုံးဆက်ကပ်လှူဒါန်းခဲ့တာက ၂ဝ၁၈-၂ဝ၁၉ မှာ ဆက်ကပ်ခဲ့တာပါ။ ဒါ့ကြောင့် အခုလာမယ့် ၂၀၂၄-၂၀၂၅ ခုနှစ်မှာ ရွှေသင်္ကန်း ကပ်လှူပူဇော်ရမှာဖြစ်ပါတယ်" ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။

ထိုသို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းမပြုမီ တစ်နှစ်အလို၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ ရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော်နှင့် အရန်စေတီတော်များအား လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

"ဦးဇင်းတို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေတိဂုံစေတီတော်ကို ဘုရားဖူးသွားတဲ့အချိန် နောင်တော်ကြီးစေတီတော်ကို ရွှေသင်္ကန်းကပ်ဖို့ ပြင်ဆင်ထားကြတာတွေ့တယ်။ နောက်ပြီး စေတီအရန်တွေကိုလည်း ရွှေသင်္ကန်းကပ်ဖို့ ပြင်ဆင် နေကြတယ်။ ရင်ပြင်တော်ပေါ်က ကြွေပြားတွေကိုလည်း အသစ်ပြန်ချင်းနေကြတယ်။ ရွှေတိဂုံစေတီတော်မြတ် ကြီးကို အခုလို လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်ခြင်းဟာ ကောင်းမွန်တဲ့ကုသိုလ်ပြုမှုတစ်ခုဖြစ်သလို တခြား နိုင်ငံခြားသားတွေကြားမှာ မြန်မာလူမျိုးတွေရဲ့ကိုးကွယ်ရာ ဘုရားပုထိုးဖြစ်တဲ့အတွက် ပိုပြီးတော့လည်း အမြင် တင့်တယ်စေတာပေါ့။ ရွှေမြန်မာဆိုတာ ရွှေရောင်ဝင်းအိနေတဲ့ ရွှေတိဂုံစေတီတော်ကြီးကို အစွဲပြုပြီး၊ ခေါ်တာလေ အဲဒီတော့ အခုလိုလုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်ခြင်းဟာ ကောင်းမွန်တဲ့လုပ်ဆောင်မှုတစ်ခုပါ" ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သီတင်းသုံးနေတော်မူသည့် ဆရာတော်တစ်ပါးက မိန့်ကြားတော်မူခဲ့သည်။

လက်ရှိအချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော် နှင့် အရန် စေတီတော်များအား ၂ဝ၂၃ ခုနှစ်အတွင်း၌ပင် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ရွှေတိဂုံစေတီတော်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်တဲ့အခါမှာ ရွှေပြားသင်္ကန်းကပ်ဖို့စီစဥ်ထားပြီးပြီ ရွှေပြား သင်္ကန်းမှာ Gold Plate ရှိတယ်။ Gold Cotting ရှိတယ်။ မျက်ပြားရွှေကပ်တာရှိတယ်။ အပေါ်ပိုင်းမှာဆိုရင် Gold Plate ကပ်မယ်။ Gold Plate မှာ ၃ ကျပ်သားရှိတယ်။ ၆ ကျပ်သားရှိတယ်။ ဒါတွေကို လက်ရှိလုပ်နေပါတယ်။ လက်ရှိမှာလည်း ထုတ်လုပ်မှုတွေလုပ်နေပါတယ်။ ပြီးရင် Gold Cotting ကပ်မယ်။ အောက်အဆင့်တွေမှာကြတော့ မျက်ပါးရွှေသင်္ကန်းကပ်မယ်။ လိုအပ်ပမာဏအတွက် စုဆောင်းရေးတွေ လုပ်နေပါပြီ။ ထုတ်လုပ်တာတွေလည်း လုပ်နေပါပြီ" ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။

ထိုသို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ နှင့် အောက်တိုဘာလောက်၌ ငြမ်းဆင်ခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်ပြီးနောက် ၂ဝ၂၅ ခုနှစ် နှစ်စပိုင်းခန့်မှစတင်ကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် သတ္တုတွင်းဝန်ကြီးဌာနဘက်မှ ရွှေများဝယ်ယူရပြီး ဝယ်ယူသည့်နေ့တွင် အစိုးရအား ကမ္ဘာ့ရွှေ/ဒေါ်လာပေါက်စျေးများပေါ်တွင် မူတည်တွက်ချက်ပြီး ပေးချေရကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးမှရရှိသည့် အလှူငွေများအား အခြားဘုရားပုထိုးစေတီတော်များ၏ ပြင်ဆင်မှုများအတွက် ကုန်ကျငွေများကို ကျခံသုံးစွဲပေးရန်အစီအစဥ်မရှိဘဲ အကြောင်းကိစ္စပေါ်ပေါက်လာပါက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော် ၁၁ ပါး၏ သြဝါဒခံယူပြီးမှသာ လုပ်ဆောင်၍ရကြောင်း သိရသည်။

Zawgyi Version;
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား ၂ဝ၂၅ ခုႏွစ္ ႏွစ္စပိုင္း၌ လုံးေတာ္ျပည့္ေ႐ႊသကၤန္း ကပ္လႉပူေဇာ္မည္
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၃

ျပည္တြင္း/ျပည္ပမွ ခရီးသြားဧည့္သည္မ်ားႏွင့္ဘုရားဖူးမ်ား အမ်ားဆုံးလာေရာက္ဖူးေျမႇာ္ေလ့လာသည့္ ရန္ကုန္ၿမိဳ႕ရွိ ေလးဆူဓာတ္ပုံေ႐ႊတိဂုံေစတီေတာ္ႀကီးအား ၂ဝ၂၅ ခုႏွစ္ ႏွစ္စပိုင္း၌ လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉ ပူေဇာ္သြားမည္ျဖစ္ေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္ ဦးဘိုးသင္းထံမွ သိရသည္။

"ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးကို (၅) ႏွစ္တစ္ႀကိမ္ လုံးေတာ္ျပည့္ေ႐ႊသကၤန္း ဆက္ကပ္လႉဒါန္းပါတယ္။ ေနာက္ဆုံးဆက္ကပ္လႉဒါန္းခဲ့တာက ၂ဝ၁၈-၂ဝ၁၉ မွာ ဆက္ကပ္ခဲ့တာပါ။ ဒါ့ေၾကာင့္ အခုလာမယ့္ ၂၀၂၄-၂၀၂၅ ခုႏွစ္မွာ ေ႐ႊသကၤန္း ကပ္လႉပူေဇာ္ရမွာျဖစ္ပါတယ္" ဟု ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္ ဦးဘိုးသင္းက ေျပာသည္။

ထိုသို႔ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား လုံးေတာ္ျပည့္ေ႐ႊသကၤန္းဆက္ကပ္လႉဒါန္းျခင္းမျပဳမီ တစ္ႏွစ္အလို၌ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး ၏ ရင္ျပင္ေတာ္ေပၚရွိ ေနာင္ေတာ္ႀကီးေစတီေတာ္ႏွင့္ အရန္ေစတီေတာ္မ်ားအား လုံးေတာ္ျပည့္ေ႐ႊသကၤန္း ဆက္ကပ္လႉဒါန္းေၾကာင္း သိရသည္။

"ဦးဇင္းတို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေ႐ႊတိဂုံေစတီေတာ္ကို ဘုရားဖူးသြားတဲ့အခ်ိန္ ေနာင္ေတာ္ႀကီးေစတီေတာ္ကို ေ႐ႊသကၤန္းကပ္ဖို႔ ျပင္ဆင္ထားၾကတာေတြ႕တယ္။ ေနာက္ၿပီး ေစတီအရန္ေတြကိုလည္း ေ႐ႊသကၤန္းကပ္ဖို႔ ျပင္ဆင္ ေနၾကတယ္။ ရင္ျပင္ေတာ္ေပၚက ေႂကြျပားေတြကိုလည္း အသစ္ျပန္ခ်င္းေနၾကတယ္။ ေ႐ႊတိဂုံေစတီေတာ္ျမတ္ ႀကီးကို အခုလို လုံးေတာ္ျပည့္ေ႐ႊသကၤန္းဆက္ကပ္ျခင္းဟာ ေကာင္းမြန္တဲ့ကုသိုလ္ျပဳမႈတစ္ခုျဖစ္သလို တျခား ႏိုင္ငံျခားသားေတြၾကားမွာ ျမန္မာလူမ်ိဳးေတြရဲ႕ကိုးကြယ္ရာ ဘုရားပုထိုးျဖစ္တဲ့အတြက္ ပိုၿပီးေတာ့လည္း အျမင္ တင့္တယ္ေစတာေပါ့။ ေ႐ႊျမန္မာဆိုတာ ေ႐ႊေရာင္ဝင္းအိေနတဲ့ ေ႐ႊတိဂုံေစတီေတာ္ႀကီးကို အစြဲျပဳၿပီး၊ ေခၚတာေလ အဲဒီေတာ့ အခုလိုလုံးေတာ္ျပည့္ေ႐ႊသကၤန္းဆက္ကပ္ျခင္းဟာ ေကာင္းမြန္တဲ့လုပ္ေဆာင္မႈတစ္ခုပါ" ဟု ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တြင္ သီတင္းသုံးေနေတာ္မူသည့္ ဆရာေတာ္တစ္ပါးက မိန္႔ၾကားေတာ္မူခဲ့သည္။

လက္ရွိအခ်ိန္တြင္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရင္ျပင္ေတာ္ေပၚရွိ ေနာင္ေတာ္ႀကီးေစတီေတာ္ ႏွင့္ အရန္ ေစတီေတာ္မ်ားအား ၂ဝ၂၃ ခုႏွစ္အတြင္း၌ပင္ ေ႐ႊသကၤန္းဆက္ကပ္လႉဒါန္းႏိုင္ရန္ ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

"ေ႐ႊတိဂုံေစတီေတာ္ႀကီးကို လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္တဲ့အခါမွာ ေ႐ႊျပားသကၤန္းကပ္ဖို႔စီစဥ္ထားၿပီးၿပီ ေ႐ႊျပား သကၤန္းမွာ Gold Plate ရွိတယ္။ Gold Cotting ရွိတယ္။ မ်က္ျပားေ႐ႊကပ္တာရွိတယ္။ အေပၚပိုင္းမွာဆိုရင္ Gold Plate ကပ္မယ္။ Gold Plate မွာ ၃ က်ပ္သားရွိတယ္။ ၆ က်ပ္သားရွိတယ္။ ဒါေတြကို လက္ရွိလုပ္ေနပါတယ္။ လက္ရွိမွာလည္း ထုတ္လုပ္မႈေတြလုပ္ေနပါတယ္။ ၿပီးရင္ Gold Cotting ကပ္မယ္။ ေအာက္အဆင့္ေတြမွာၾကေတာ့ မ်က္ပါးေ႐ႊသကၤန္းကပ္မယ္။ လိုအပ္ပမာဏအတြက္ စုေဆာင္းေရးေတြ လုပ္ေနပါၿပီ။ ထုတ္လုပ္တာေတြလည္း လုပ္ေနပါၿပီ" ဟု ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္ ဦးဘိုးသင္းက ေျပာသည္။

ထိုသို႔ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား လုံးေတာ္ျပည့္ေ႐ႊသကၤန္းဆက္ကပ္လႉဒါန္းႏိုင္ရန္ ၂ဝ၂၄ ခုႏွစ္၊ စက္တင္ဘာလ ႏွင့္ ေအာက္တိုဘာေလာက္၌ ျငမ္းဆင္ျခင္းလုပ္ငန္းမ်ား စတင္လုပ္ေဆာင္ၿပီးေနာက္ ၂ဝ၂၅ ခုႏွစ္ ႏွစ္စပိုင္းခန္႔မွစတင္ကာ လုံးေတာ္ျပည့္ ေ႐ႊသကၤန္းကပ္လႉပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉပူေဇာ္ႏိုင္ရန္ သတၱဳတြင္းဝန္ႀကီးဌာနဘက္မွ ေ႐ႊမ်ားဝယ္ယူရၿပီး ဝယ္ယူသည့္ေန႔တြင္ အစိုးရအား ကမာၻ႔ေ႐ႊ/ေဒၚလာေပါက္ေစ်းမ်ားေပၚတြင္ မူတည္တြက္ခ်က္ၿပီး ေပးေခ်ရေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္ ဦးဘိုးသင္း၏ ေျပာၾကားခ်က္အရ သိရသည္။

ထို႔ျပင္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးမွရရွိသည့္ အလႉေငြမ်ားအား အျခားဘုရားပုထိုးေစတီေတာ္မ်ား၏ ျပင္ဆင္မႈမ်ားအတြက္ ကုန္က်ေငြမ်ားကို က်ခံသုံးစြဲေပးရန္အစီအစဥ္မရွိဘဲ အေၾကာင္းကိစၥေပၚေပါက္လာပါက ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕၏ ၾသဝါဒစရိယဆရာေတာ္ ၁၁ ပါး၏ ၾသဝါဒခံယူၿပီးမွသာ လုပ္ေဆာင္၍ရေၾကာင္း သိရသည္။

© 2021. All rights reserved.