ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ရဲစခန်းတွင် ပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွား

3556
ကျော် (NP News) - ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ရဲစခန်းတွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) ညပိုင်းက ပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊အမှတ် (၈)ရပ်ကွက်ရှိ တော်ဝင်ရဲစခန်း၌ ပေါက်ကွဲမှု(၂)ကြိမ်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်၌ ပစ်ခတ်မှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"ရဲစခန်းမှာပေါက်ကွဲမှုဖြစ်တယ်လို့ကြားရတယ်။ ပြန်ကြားရသလောက်ဆိုရင် ရဲစခန်းရှေ့က ဘန်ကာကိုပဲမှန်သွားတာလို့သိရပါတယ်။ ပေါက်ကွဲသံတွေကြားပြီးတော့ သေနတ်ပစ်သံအနည်းအကျဥ်းလည်းကြားရတယ်"ဟု ရွှေပြည်သာမြို့ခံတစ်ဦးကပြော သည်။
ပေါက်ကွဲမှုကြောင့် ရဲစခန်းရှေ့ရှိ ဘန်ကာနှင့်အနီးပတ်ဝန်းကျင်ရှိ နေအိမ်အချို့သည် ပေါက်ကွဲမှုမှလွင့်စင်လာသည့် အစများထိမှန်မှုသာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
"ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး။ ဖြစ်ပြီးပြီးချင်းမှာတော့ လမ်းကိုယာယီပိတ်ပြီး စစ်ဆေးတာတွေလုပ်နေကြတာတွေ့တယ်။ အဲဒီနားက စျေးဆိုင်တွေဆိုရင် ချက်ခြင်းပိတ်လိုက်ကြတယ်"ဟု ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။
လုံခြုံရေးအဖွဲ့ဝင်များကလည်း လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
zawgyi version
ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္ရွိ ရဲစခန္းတြင္ ေပါက္ ကြဲမႈ (၂) ႀကိမ္ျဖစ္ပြား
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၄
ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္ရွိ ရဲစခန္းတြင္ ယမန္ေန႔ (ဒီဇင္ဘာလ ၁၃ ရက္) ညပိုင္းက ေပါက္ကြဲမႈ(၂)ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ယမန္ေန႔ ည ၈ နာရီ ၅၀ မိနစ္ခန္႔က ေ႐ႊျပည္သာၿမိဳ႕နယ္၊အမွတ္ (၈)ရပ္ကြက္ရွိ ေတာ္ဝင္ရဲစခန္း၌ ေပါက္ကြဲမႈ(၂)ႀကိမ္ျဖစ္ ပြားခဲ့ျခင္းျဖစ္ၿပီး ေပါက္ကြဲမႈျဖစ္ပြားၿပီးခ်ိန္၌ ပစ္ခတ္မႈအခ်ိဳ႕ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
"ရဲစခန္းမွာေပါက္ကြဲမႈျဖစ္တယ္လို႔ၾကားရတယ္။ ျပန္ၾကားရသေလာက္ဆိုရင္ ရဲစခန္းေရွ႕က ဘန္ကာကိုပဲမွန္သြားတာလို႔သိရပါတယ္။ ေပါက္ကြဲသံေတြၾကားၿပီးေတာ့ ေသနတ္ပစ္သံအနည္းအက်ဥ္းလည္းၾကားရတယ္"ဟု ေ႐ႊျပည္သာၿမိဳ႕ခံတစ္ဦးကေျပာ သည္။
ေပါက္ကြဲမႈေၾကာင့္ ရဲစခန္းေရွ႕ရွိ ဘန္ကာႏွင့္အနီးပတ္ဝန္းက်င္ရွိ ေနအိမ္အခ်ိဳ႕သည္ ေပါက္ကြဲမႈမွလြင့္စင္လာသည့္ အစမ်ားထိမွန္မႈသာရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
"ထိခိုက္ဒဏ္ရာရတဲ့လူမရွိပါဘူး။ ျဖစ္ၿပီးၿပီးခ်င္းမွာေတာ့ လမ္းကိုယာယီပိတ္ၿပီး စစ္ေဆးတာေတြလုပ္ေနၾကတာေတြ႕တယ္။ အဲဒီနားက ေစ်းဆိုင္ေတြဆိုရင္ ခ်က္ျခင္းပိတ္လိုက္ၾကတယ္"ဟု ေ႐ႊျပည္သာၿမိဳ႕ခံတစ္ဦးက ေျပာသည္။
လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လိုအပ္သည့္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။