ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီ ဝတ်ဆင်ခဲ့တဲ့ဂျာစီကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့

887

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၅
၂ဝ၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားကို ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိစေအောင် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီ ရဲ့ ပြိုင်ပွဲအတွင်းဝတ်ဆင်ခဲ့တဲ့ ဂျာစီ ကို အမေရိကန်ဒေါ်လာ ၈ သန်း နီးပါးနဲ့ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
မက်ဆီဟာ ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ချိန်အတွင်း အာဂျင်တီးနားဂျာစီကို ၆ ကြိမ်တိုင် ဝတ်ဆင်ခဲ့ပြီး၊ အဲဒီဂျာစီကို လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းနဲ့ရောင်းချဖို့ လေလံပစ်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားကို ကမ္ဘာ့ဖလားဗိုလ်စွဲစေဖို့ ခြေစွမ်းပြကစားချိန်အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Sotheby မှာ လေလံတင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အဲဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ပွဲစဉ်ခြောက်ပွဲရဲ့ ပထမပိုင်း ကစားချိန်အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို AC Momento ဆိုသူက ဝယ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်း သမိုင်းဝင် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိချိန်အတွင်း ပြိုင်ပွဲတစ်လျှောက် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို လေလံပစ်ရာမှာ စံချိန်တင်ဈေးမျိုး ရရှိမယ်လို့ မျှော်လင့်မှုတွေ ရှိနေခဲ့ပါတယ်။ ကမ္ဘာကျော်အားကစား သမားတွေရဲ့ဂျာစီတွေကို လေလံတင်ရောင်းချရာမှာ ကမ္ဘာကျော်ဘတ်စကက်ဘောသမား မိုက်ကယ်ဂျော်ဒန်ရဲ့ ဂျာစီက အမေရိကန်ဒေါ်လာ ၁ဝ သန်းနဲ့ စံချိန်တင်ဈေးနှုန်းမျိုး ရရှိခဲ့ဖူးပါတယ်။
အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ ဂန္တဝင်ကစားသမား မာရာဒိုနာရဲ့ ၁၉၈၆ ခုနှစ်က အင်္ဂလန်အသင်းဘက်ကို "Hand of God" ဂိုးသွင်းယူချိန်ဝတ်ဆင်တဲ့ ဂျာစီက အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈ သန်းနဲ့ စံချိန်တင်ဈေးမျိုး ရရှိခဲ့ဖူးပါတယ်။

Zawgyi Version;
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း မက္ဆီ ဝတ္ဆင္ခဲ့တဲ့ဂ်ာစီကို အေမရိကန္ေဒၚလာ ၇ ဒသမ ၈ သန္းနဲ႔ ေလလံတင္ေရာင္းခ်ႏိုင္ခဲ့
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၅
၂ဝ၂၂ ခုႏွစ္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အာဂ်င္တီးနားကို ကမာၻ႔ဖလားခ်န္ပီယံဆု ရရွိေစေအာင္ ေျခစြမ္းျပ ကစားႏိုင္ခဲ့တဲ့ ကမာၻေက်ာ္တိုက္စစ္မႉးမက္ဆီ ရဲ႕ ၿပိဳင္ပြဲအတြင္းဝတ္ဆင္ခဲ့တဲ့ ဂ်ာစီ ကို အေမရိကန္ေဒၚလာ ၈ သန္း နီးပါးနဲ႔ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
မက္ဆီဟာ ၂ဝ၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းကို ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ခ်ိန္အတြင္း အာဂ်င္တီးနားဂ်ာစီကို ၆ ႀကိမ္တိုင္ ဝတ္ဆင္ခဲ့ၿပီး၊ အဲဒီဂ်ာစီကို လက္ရွိအခ်ိန္မွာ အေမရိကန္ေဒၚလာ ၇ ဒသမ ၈ သန္းနဲ႔ေရာင္းခ်ဖို႔ ေလလံပစ္ခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ အာဂ်င္တီးနားကို ကမာၻ႔ဖလားဗိုလ္စြဲေစဖို႔ ေျခစြမ္းျပကစားခ်ိန္အတြင္း ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီကို အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ Sotheby မွာ ေလလံတင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ အဲဒီကမာၻ႔ဖလား ၿပိဳင္ပြဲမွာ ပါဝင္ခဲ့တဲ့ ပြဲစဥ္ေျခာက္ပြဲရဲ႕ ပထမပိုင္း ကစားခ်ိန္အတြင္း ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီကို AC Momento ဆိုသူက ဝယ္ယူခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
အာဂ်င္တီးနားအသင္း သမိုင္းဝင္ ကမာၻ႔ဖလားခ်န္ပီယံဆုရရွိခ်ိန္အတြင္း ၿပိဳင္ပြဲတစ္ေလွ်ာက္ မက္ဆီ ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီကို ေလလံပစ္ရာမွာ စံခ်ိန္တင္ေဈးမ်ိဳး ရရွိမယ္လို႔ ေမွ်ာ္လင့္မႈေတြ ရွိေနခဲ့ပါတယ္။ ကမာၻေက်ာ္အားကစား သမားေတြရဲ႕ဂ်ာစီေတြကို ေလလံတင္ေရာင္းခ်ရာမွာ ကမာၻေက်ာ္ဘတ္စကက္ေဘာသမား မိုက္ကယ္ေဂ်ာ္ဒန္ရဲ႕ ဂ်ာစီက အေမရိကန္ေဒၚလာ ၁ဝ သန္းနဲ႔ စံခ်ိန္တင္ေဈးႏႈန္းမ်ိဳး ရရွိခဲ့ဖူးပါတယ္။
အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ့ဖူးတဲ့ ဂႏၲဝင္ကစားသမား မာရာဒိုနာရဲ႕ ၁၉၈၆ ခုႏွစ္က အဂၤလန္အသင္းဘက္ကို "Hand of God" ဂိုးသြင္းယူခ်ိန္ဝတ္ဆင္တဲ့ ဂ်ာစီက အေမရိကန္ေဒၚလာ ၉ ဒသမ ၂၈ သန္းနဲ႔ စံခ်ိန္တင္ေဈးမ်ိဳး ရရွိခဲ့ဖူးပါတယ္။