မော်လမြိုင်မြို့တွင် မီးအားမြှင့်စက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံး

650
သန့်ဇင်(NP News) - ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မီးအားမြှင့်စက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်)၊ ည ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ရော်ဘာခြံ(၂)လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တဲ့ အိမ်က ကားတို့ ဆိုင်ကယ်တို့ ကူရှင်တွေနဲ့ ဆိုဖာတွေချုပ်လုပ်တဲ့ ဆိုင်ပေါ့။ အိမ်ပိုင်ရှင်အမျိုးသားက မီးအားမြှင့်စက်သုံးရင်း စက်က overload ဖြစ်ပြီး မီးထလောင်တာ။ တစ်အိမ်လုံးလောင်သွားတာ”ဟု ဘိုဘိုဝင်းအရေးပေါ်ကူညီကယ် ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုတွင် အသက်(၅၀)ခန့်အရွယ်ရှိ အိမ်ပိုင်ရှင်အမျိုးသားသည် မီးလောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့် အပြင် (၂)ထပ် အိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“မီးလောင်တာက အဲဒီတစ်အိမ်တည်းလောင်တာ။ အကုန်လုံးလောင်သွားတာ။ အိမ်ပိုင်ရှင်အမျိုးသားကလည်း အိမ်ထဲက ပိုက် ဆံတွေ ဆွဲထုတ်ရင်းနဲ့ ညာဘက်လက်မောင်းနဲ့ ရင်ဘတ်မှာမီးဟတ်သွားတယ်။ ရပ်ကွက်ကလူတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့လို့သာ ဘေးအိမ်တွေ မကူးခဲ့တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား အေးမြကြည် လင်အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ မော်လမြိုင်မြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အိမ်ပိုင်ရှင် အမျိုးသားအား မီးပေါ့ဆမှုဖြင့် သက်ဆိုင် ရာက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕တြင္ မီးအားျမႇင့္စက္မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္တစ္လုံးမီးေလာင္ဆုံးရႈံး
သန႔္ဇင္(NP News) - ဒီဇင္ဘာ ၁၆
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ မီးအားျမႇင့္စက္မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္တစ္လုံးမီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ဘိုဘိုဝင္း အေရးေပၚကူညီကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
မီးေလာင္မႈသည္ ယမန္ေန႔ (ဒီဇင္ဘာလ ၁၅ ရက္)၊ ည ၁၀ နာရီ ၅၀ မိနစ္အခ်ိန္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ မုပြန္ရပ္ကြက္၊ ေရာ္ဘာၿခံ(၂)လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မီးေလာင္တဲ့ အိမ္က ကားတို႔ ဆိုင္ကယ္တို႔ ကူရွင္ေတြနဲ႔ ဆိုဖာေတြခ်ဳပ္လုပ္တဲ့ ဆိုင္ေပါ့။ အိမ္ပိုင္ရွင္အမ်ိဳးသားက မီးအားျမႇင့္စက္သုံးရင္း စက္က overload ျဖစ္ၿပီး မီးထေလာင္တာ။ တစ္အိမ္လုံးေလာင္သြားတာ”ဟု ဘိုဘိုဝင္းအေရးေပၚကူညီကယ္ ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈတြင္ အသက္(၅၀)ခန႔္အ႐ြယ္ရွိ အိမ္ပိုင္ရွင္အမ်ိဳးသားသည္ မီးေလာင္ဒဏ္ရာအနည္းငယ္ရရွိခဲ့သည့္ အျပင္ (၂)ထပ္ အိမ္တစ္လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။
“မီးေလာင္တာက အဲဒီတစ္အိမ္တည္းေလာင္တာ။ အကုန္လုံးေလာင္သြားတာ။ အိမ္ပိုင္ရွင္အမ်ိဳးသားကလည္း အိမ္ထဲက ပိုက္ ဆံေတြ ဆြဲထုတ္ရင္းနဲ႔ ညာဘက္လက္ေမာင္းနဲ႔ ရင္ဘတ္မွာမီးဟတ္သြားတယ္။ ရပ္ကြက္ကလူေတြနဲ႔ ဝိုင္းဝန္းျငႇိမ္းသတ္ႏိုင္ခဲ့လို႔သာ ေဘးအိမ္ေတြ မကူးခဲ့တာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသားအား ေအးျမၾကည္ လင္အေရးေပၚကယ္ဆယ္ေရးအသင္းမွ ေမာ္လၿမိဳင္ၿမိဳ႕ျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အိမ္ပိုင္ရွင္ အမ်ိဳးသားအား မီးေပါ့ဆမႈျဖင့္ သက္ဆိုင္ ရာက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။