မျိုးတုံးလုနီးပါးဖြစ်နေတဲ့ လင်းယုန်ငှက်တွေကို သတ်ဖြတ်ပြီး ရောင်းချခဲ့တဲ့ အမေရိကန်နိုင်ငံသားနှစ်ဦး စွဲချက်တင်ခံထားရ

 1116

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၆

အမေရိကန်မှာ မျိုးတုံးလုနီးပါးဖြစ်လို့ ထိန်းသိမ်းရေး စာရင်းဝင်ထားတဲ့ လင်းယုန်ငှက်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး မှောင်ခိုစျေးမှာ ရောင်းချခဲ့တဲ့ ဆိုင်မွန်ပေါလ် နဲ့ ထရာဗစ်ဂျွန်ဘရန်ဆန် တို့ နှစ်ဦးကို Lacey အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ဒီဇင်ဘာလ ၇ ရက်က မွန်တာနားရှိ အမေရိကန်ခရိုင်တရားရုံးမှာ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

၁၉၀၀ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့တဲ့ Lacey အက်ဥပဒေအရ တောရိုင်းတိရစ္ဆာန်တွေ၊ ငါးတွေ သို့မဟုတ် အပင်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းအတွက် ပြင်းပြင်းထန်ထန် အရေး ယူနိုင်ပါတယ်။ ဆိုင်မွန်ပေါလ်နဲ့ ထရာဗစ်ဂျွန်ဘရန်ဆန်တို့ နှစ်ဦးဟာ အနောက်မွန်တာနား Flathead Indian Reservation ရှိ Flathead Indian Reservation မှာ ၂၀၁၅ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေလင်းယုန်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချမှု၊ ရောင်းချဖို့ ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားပါတယ်။ ၎င်းတို့ နှစ်ဦးအနက် ဘရန်ဆန်က ဝါရှင်တန်မှ မွန်တားနားကို သွားကာ ရွှေလင်းယုန်တွေကို အမဲလိုက်ပြီး Flathead Indian Reservation မှာ နေထိုင်တဲ့ ပေါလ်က ဝယ်ယူသူတွေကို တဆင့်ပြန် ရောင်းချတယ်လို့ သိရပါတယ်။

လင်းယုန်ကာကွယ်ရေး အက်ဥပဒေအရ ရွှေလင်းယုန်တွေ သို့မဟုတ် ၎င်းတို့ရဲ့ အစိတ်အပိုင်းတွေကို ခွင့်ပြုချက်မရှိဘဲ ရယူခြင်းကို တားမြစ်ထားပါတယ်။

၎င်းတို့ နှစ်ဦးကိုတော့ လာမယ့်နှစ် ဇန်နဝါရီလ ၈ ရက်မှာ ရုံးတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

zawgyi version
မ်ိဳးတုံးလုနီးပါးျဖစ္ေနတဲ့ လင္းယုန္ငွက္ေတြကို သတ္ျဖတ္ၿပီး ေရာင္းခ်ခဲ့တဲ့ အေမရိကန္ႏိုင္ငံသားႏွစ္ဦး စြဲခ်က္တင္ခံထားရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၆

အေမရိကန္မွာ မ်ိဳးတုံးလုနီးပါးျဖစ္လို႔ ထိန္းသိမ္းေရး စာရင္းဝင္ထားတဲ့ လင္းယုန္ငွက္ေတြကို ဖမ္းဆီးသတ္ျဖတ္ၿပီး ေမွာင္ခိုေစ်းမွာ ေရာင္းခ်ခဲ့တဲ့ ဆိုင္မြန္ေပါလ္ နဲ႔ ထရာဗစ္ဂြၽန္ဘရန္ဆန္ တို႔ ႏွစ္ဦးကို Lacey အက္ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ ဒီဇင္ဘာလ ၇ ရက္က မြန္တာနားရွိ အေမရိကန္ခ႐ိုင္တရား႐ုံးမွာ စြဲခ်က္တင္ထားတယ္လို႔ သိရပါတယ္။

၁၉၀၀ ခုႏွစ္က စတင္ျပ႒ာန္းခဲ့တဲ့ Lacey အက္ဥပေဒအရ ေတာ႐ိုင္းတိရစာၦန္ေတြ၊ ငါးေတြ သို႔မဟုတ္ အပင္ေတြကို တရားမဝင္ ေရာင္းဝယ္ေဖာက္ကားျခင္းအတြက္ ျပင္းျပင္းထန္ထန္ အေရး ယူႏိုင္ပါတယ္။ ဆိုင္မြန္ေပါလ္နဲ႔ ထရာဗစ္ဂြၽန္ဘရန္ဆန္တို႔ ႏွစ္ဦးဟာ အေနာက္မြန္တာနား Flathead Indian Reservation ရွိ Flathead Indian Reservation မွာ ၂၀၁၅ ဇန္နဝါရီလမွ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလအတြင္း ေ႐ႊလင္းယုန္ေတြကို ဖမ္းဆီးသတ္ျဖတ္ ေရာင္းခ်မႈ၊ ေရာင္းခ်ဖို႔ ပူးေပါင္းႀကံစည္မႈနဲ႔ တရားစြဲထားပါတယ္။ ၎တို႔ ႏွစ္ဦးအနက္ ဘရန္ဆန္က ဝါရွင္တန္မွ မြန္တားနားကို သြားကာ ေ႐ႊလင္းယုန္ေတြကို အမဲလိုက္ၿပီး Flathead Indian Reservation မွာ ေနထိုင္တဲ့ ေပါလ္က ဝယ္ယူသူေတြကို တဆင့္ျပန္ ေရာင္းခ်တယ္လို႔ သိရပါတယ္။

လင္းယုန္ကာကြယ္ေရး အက္ဥပေဒအရ ေ႐ႊလင္းယုန္ေတြ သို႔မဟုတ္ ၎တို႔ရဲ႕ အစိတ္အပိုင္းေတြကို ခြင့္ျပဳခ်က္မရွိဘဲ ရယူျခင္းကို တားျမစ္ထားပါတယ္။

၎တို႔ ႏွစ္ဦးကိုေတာ့ လာမယ့္ႏွစ္ ဇန္နဝါရီလ ၈ ရက္မွာ ႐ုံးတင္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.