မလေးရှားနိုင်ငံမှာ လေးရက်အတွင်း ဒုတိယမြောက် မိကျောင်းကြီး တစ်ကောင်တွေ့ရှိ

5758
ရောင်နီ(NP News) - ဒီဇင်ဘာ ၁၆
မလေးရှားနိုင်ငံ၊ ဆားဘက် အရှေ့ဘက်ကမ်းရိုးတန်းရှိ လာဟက်ဒါတူ ခရိုင်မှာ ဒီဇင်ဘာလ ၁၄ ရက်ညက အလွန်ကြီးမားတဲ့ မိကျောင်းကြီးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။
မိကျောင်းကို ကန်ပန်ရီမန် ရွာသားတစ်ဦးရဲ့ အိမ်နောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး တောရိုင်းတိရစ္ဆာန်ဌာနမှ ရိန်းဂျားတွေက ပစ်သတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်ကလည်း ကမ်ပန်ဒီဆာဘာဂျိုကျေးရွာမှာ အလွန်ကြီးမားတဲ့ မိချောင်းကြီးတစ်ကောင်တွေ့ရှိခဲ့ပြီး သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။ ၎င်းဟာ လေးရက်အတွင်း ဒုတိယအကြိမ်မြောက်တွေ့ရှိခြင်းဖြစ်ပါတယ်။ အခုတွေ့ရှိတဲ့ မိချောင်းကြီးကတော့ အရှည် ၄ ဒသမ ၈ မီတာ၊ အနံ ၁ မီတာခန့်ရှိပြီး နှာခေါင်းမှ အမြီးဖျားအထိ ၄ ဒသမ ၅ မီတာရှိကာ ပထမတွေ့ရှိတဲ့ မိချောင်းထက် အနည်းငယ်ပိုကြီးပါတယ်။
မိချောင်းကြီး ရောက်နေတာကို ရွာသားတွေရဲ့ သတိပေးချက်ကြောင့် အာဏာပိုင်တွေက သိရှိခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ကာ သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ အခု မိကျောင်းရုပ်အ လောင်းကို စွန့်ပစ်ဖို့ ဌာနဆိုင်ရာကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
zawgyi version
မေလးရွားႏိုင္ငံမွာ ေလးရက္အတြင္း ဒုတိယေျမာက္ မိေက်ာင္းႀကီး တစ္ေကာင္ေတြ႕ရွိ
ေရာင္နီ(NP News) - ဒီဇင္ဘာ ၁၆
မေလးရွားႏိုင္ငံ၊ ဆားဘက္ အေရွ႕ဘက္ကမ္း႐ိုးတန္းရွိ လာဟက္ဒါတူ ခ႐ိုင္မွာ ဒီဇင္ဘာလ ၁၄ ရက္ညက အလြန္ႀကီးမားတဲ့ မိေက်ာင္းႀကီးတစ္ေကာင္ကို ေတြ႕ရွိခဲ့ပါတယ္။
မိေက်ာင္းကို ကန္ပန္ရီမန္ ႐ြာသားတစ္ဦးရဲ႕ အိမ္ေနာက္မွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေတာ႐ိုင္းတိရစာၦန္ဌာနမွ ရိန္းဂ်ားေတြက ပစ္သတ္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၁ ရက္ကလည္း ကမ္ပန္ဒီဆာဘာဂ်ိဳေက်း႐ြာမွာ အလြန္ႀကီးမားတဲ့ မိေခ်ာင္းႀကီးတစ္ေကာင္ေတြ႕ရွိခဲ့ၿပီး သုတ္သင္ရွင္းလင္းခဲ့ရပါတယ္။ ၎ဟာ ေလးရက္အတြင္း ဒုတိယအႀကိမ္ေျမာက္ေတြ႕ရွိျခင္းျဖစ္ပါတယ္။ အခုေတြ႕ရွိတဲ့ မိေခ်ာင္းႀကီးကေတာ့ အရွည္ ၄ ဒသမ ၈ မီတာ၊ အနံ ၁ မီတာခန႔္ရွိၿပီး ႏွာေခါင္းမွ အၿမီးဖ်ားအထိ ၄ ဒသမ ၅ မီတာရွိကာ ပထမေတြ႕ရွိတဲ့ မိေခ်ာင္းထက္ အနည္းငယ္ပိုႀကီးပါတယ္။
မိေခ်ာင္းႀကီး ေရာက္ေနတာကို ႐ြာသားေတြရဲ႕ သတိေပးခ်က္ေၾကာင့္ အာဏာပိုင္ေတြက သိရွိခဲ့ၿပီး ေသနတ္နဲ႔ ပစ္ခတ္ကာ သုတ္သင္ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။ အခု မိေက်ာင္း႐ုပ္အ ေလာင္းကို စြန႔္ပစ္ဖို႔ ဌာနဆိုင္ရာကို ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။