မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အတွက် တည်းခိုဆောင် နှင့် ဆိုင်ခန်းပေါင်း ၁၂ဝဝ ဆောက်လုပ်မည်

 1525

ကျော် (NP News) - ဒီဇင်ဘာ ၁၈

မကွေးတိုင်း၊မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အတွက် တည်းခိုဆောင် နှင့် ဆိုင်ခန်းပေါင်း ၁၂ဝဝ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား မန်းရွှေစက်တော်ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူ၍ ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်ချိန်နှင့် ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက် သူများ နေထိုင်တည်းခိုစားသောက်မှုအဆင်ပြေစေရန် တည်းခိုဆောင် ၈ဝဝ လုံးနှင့် စျေးဆိုင်ခန်း ၄ဝဝ (စုစုပေါင်း ၁၂ဝဝ) အား မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ဆောက်လုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

"ပြီးခဲ့တဲ့နှစ်ကလည်း ဘုရားပွဲကိုသွားခဲ့တယ် ဒီနှစ်ဘုရားပွဲကိုလည်း သွားဖြစ်အောင်သွားဖို့ အားခဲထားတယ် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေပေမယ့်လည်း ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ အတွက် ဗုဒ္ဓပူဇနိယပွဲတော်ဆိုတာ အရမ်းအရေးပါတဲ့အခမ်းအနားတစ်ခုပါ" ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုဝေဖြိုးဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်သို့လာရောက်မည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများအား ဆောက်လုပ်မည့် တည်းခိုဆောင် ၈ဝဝ လုံးတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ညအိပ်တည်းခို ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘုရားဖူးသူများ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန် လုံခြုံရေးအစီအမံများကိုလည်း စနစ်တကျ စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

လက်ရှိအချိန်၌ ဘုရားပွဲတော်ကျင်းပနိုင်ရန် မန်းချောင်းရေအား လမ်းကြောင်းလွှဲခြင်း၊ တည်ခိုဆောင် နှင့် ဆိုင်ခန်း များဆောက်လုပ်နိုင်ရန် မြေနေရာရှင်းလင်းခြင်း နှင့် မန်းချောင်းရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းများကို စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဘုရားပရဝုဏ်အတွင်း၌ ရွှေစက်တော်အဝင်(၃)မိုင်းလမ်းတစ်လျောက် (Flower Box) ပန်းအလှစိုက်ပျိုး ခြင်း၊ ရေကျော်တံတားတစ်စင်းတည်ဆောက်ခြင်း၊ လမ်းများပြုပြင်ခြင်း၊ ကတ္တရာလမ်းများခင်းခြင်း၊ ကျောက်ကြီးစီ ၍ မြေထိန်းနံရံများတည်ဆောက်ပြုပြင်ခြင်းတို့ကိုလည်း ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောက်စက်တော်ရာဘုံ(၇)ဆင့်နှင့် လင်းနို့တောင်စတီးပန်းဆွဲများကို မြန်မာမှုရှေးမူလက်ရာ မပျက်ပြုပြင် ခြင်း၊ အောက်စက်တော်ရာနှင့်အထက်စက်တော်ရာ အမိုး၊ မျက်နှာကျက်နှင့် ဘုံအဆင့်တိုင်လုံးများ ဆေးသုတ် ပြုပြင်ခြင်း၊ ကိုးခန်းကြီးမှ အထက်စက်တော်ရာအတက် စောင်းတန်း(၅)သွယ် ပြုပြင်ခြင်းလုပ်ငန်းများကို ပြုလုပ် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့သိရသလောက် အခုလုပ်နေတာတွေကို ဘုရားပွဲတော်မတိုင်ခင်အပြီးလုပ်မယ်တဲ့ မနှစ်က ဆောက်ပြီးအသုံးပြုခဲ့တဲ့ ဘေလီသံပေါင်တံတားကိုလည်း ဘုရားပွဲတော်ဖွင့်ပွဲမတိုင်ခင်မှာ အပြီးသပ်မယ်လို့ ကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ ဆင်ပြတိုက်ရှိသည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မန္းေ႐ႊစက္ေတာ္ဘုရား၏ ဗုဒၶပူဇနိယပြဲေတာ္အတြက္ တည္းခိုေဆာင္ ႏွင့္ ဆိုင္ခန္းေပါင္း ၁၂ဝဝ ေဆာက္လုပ္မည္
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၈

မေကြးတိုင္း၊မင္းဘူးၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရားႀကီး၏ ဗုဒၶပူဇနိယပြဲေတာ္အတြက္ တည္းခိုေဆာင္ ႏွင့္ ဆိုင္ခန္းေပါင္း ၁၂ဝဝ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရား ပြဲေတာ္က်င္းပေရးလုပ္ငန္း ေကာ္မတီထံမွ သိရသည္။

မန္းေ႐ႊစက္ေတာ္ဘုရားႀကီး၏ ဗုဒၶပူဇနိယပြဲေတာ္အား မန္းေ႐ႊစက္ေတာ္ဘုရားဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ား ထံမွ ဩဝါဒခံယူ၍ ၂ဝ၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၄ ရက္တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ဗုဒၶပူဇနိယပြဲေတာ္ စတင္ဖြင့္လွစ္ခ်ိန္ႏွင့္ ဘုရားပြဲေတာ္ကာလအတြင္း အနယ္နယ္အရပ္ရပ္မွ လာေရာက္ သူမ်ား ေနထိုင္တည္းခိုစားေသာက္မႈအဆင္ေျပေစရန္ တည္းခိုေဆာင္ ၈ဝဝ လုံးႏွင့္ ေစ်းဆိုင္ခန္း ၄ဝဝ (စုစုေပါင္း ၁၂ဝဝ) အား မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီက ေဆာက္လုပ္ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ႏွစ္ကလည္း ဘုရားပြဲကိုသြားခဲ့တယ္ ဒီႏွစ္ဘုရားပြဲကိုလည္း သြားျဖစ္ေအာင္သြားဖို႔ အားခဲထားတယ္ လက္ရွိျဖစ္ေနတဲ့ ႏိုင္ငံေရးအေျခအေနေတြ ရႈပ္ေထြးေနေပမယ့္လည္း ကြၽန္ေတာ္တို႔က ဗုဒၶဘာသာဝင္ေတြျဖစ္တဲ့ အတြက္ ဗုဒၶပူဇနိယပြဲေတာ္ဆိုတာ အရမ္းအေရးပါတဲ့အခမ္းအနားတစ္ခုပါ" ဟု ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန ကိုေဝၿဖိဳးဦးက ေျပာသည္။

မန္းေ႐ႊစက္ေတာ္ဘုရား၏ ဗုဒၶပူဇနိယပြဲေတာ္သို႔လာေရာက္မည့္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးမ်ားအား ေဆာက္လုပ္မည့္ တည္းခိုေဆာင္ ၈ဝဝ လုံးတြင္ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ညအိပ္တည္းခို ခြင့္ျပဳသြား မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဘုရားဖူးသူမ်ား စိတ္ေအးခ်မ္းသာစြာဖူးေျမာ္ႏိုင္ရန္ လုံၿခဳံေရးအစီအမံမ်ားကိုလည္း စနစ္တက် စီစဥ္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ က်င္းပေရးလုပ္ငန္းေကာ္မတီထံမွ သိရသည္။

လက္ရွိအခ်ိန္၌ ဘုရားပြဲေတာ္က်င္းပႏိုင္ရန္ မန္းေခ်ာင္းေရအား လမ္းေၾကာင္းလႊဲျခင္း၊ တည္ခိုေဆာင္ ႏွင့္ ဆိုင္ခန္း မ်ားေဆာက္လုပ္ႏိုင္ရန္ ေျမေနရာရွင္းလင္းျခင္း ႏွင့္ မန္းေခ်ာင္းေရတိုက္စားမႈကာကြယ္ျခင္းလုပ္ငန္းမ်ားကို စတင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔အတူ ဘုရားပရဝုဏ္အတြင္း၌ ေ႐ႊစက္ေတာ္အဝင္(၃)မိုင္းလမ္းတစ္ေလ်ာက္ (Flower Box) ပန္းအလွစိုက္ပ်ိဳး ျခင္း၊ ေရေက်ာ္တံတားတစ္စင္းတည္ေဆာက္ျခင္း၊ လမ္းမ်ားျပဳျပင္ျခင္း၊ ကတၱရာလမ္းမ်ားခင္းျခင္း၊ ေက်ာက္ႀကီးစီ ၍ ေျမထိန္းနံရံမ်ားတည္ေဆာက္ျပဳျပင္ျခင္းတို႔ကိုလည္း ေဆာက္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေအာက္စက္ေတာ္ရာဘုံ(၇)ဆင့္ႏွင့္ လင္းႏို႔ေတာင္စတီးပန္းဆြဲမ်ားကို ျမန္မာမႈေရွးမူလက္ရာ မပ်က္ျပဳျပင္ ျခင္း၊ ေအာက္စက္ေတာ္ရာႏွင့္အထက္စက္ေတာ္ရာ အမိုး၊ မ်က္ႏွာက်က္ႏွင့္ ဘုံအဆင့္တိုင္လုံးမ်ား ေဆးသုတ္ ျပဳျပင္ျခင္း၊ ကိုးခန္းႀကီးမွ အထက္စက္ေတာ္ရာအတက္ ေစာင္းတန္း(၅)သြယ္ ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ျပဳလုပ္ လ်က္ရွိေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔သိရသေလာက္ အခုလုပ္ေနတာေတြကို ဘုရားပြဲေတာ္မတိုင္ခင္အၿပီးလုပ္မယ္တဲ့ မႏွစ္က ေဆာက္ၿပီးအသုံးျပဳခဲ့တဲ့ ေဘလီသံေပါင္တံတားကိုလည္း ဘုရားပြဲေတာ္ဖြင့္ပြဲမတိုင္ခင္မွာ အၿပီးသပ္မယ္လို႔ ၾကားတယ္" ဟု ေဒသခံတစ္ဦးက ေျပာသည္။

မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႏွင့္အတူ ဆင္ျပတိုက္ရွိသည့္ ေ႐ႊစက္ေတာ္မန္းေခ်ာင္း အပန္းေျဖဆင္စခန္းကိုလည္း ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.