ကားအင်ဂျင်ခန်းမှမီးစလောင်၍ Express ကားတစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား

 7925

ကျော်(NP News) - ဒီဇင်ဘာ ၁၉

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ကားတစ်စီး၏ အင်ဂျင်ခန်းမှမီးစတင်လောင်ကျွမ်းရာမှ ကားတစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ဖြစ်စဥ်သည် ယနေ့(ဒီဇင်ဘာလ ၁၉ ရက်)၊ နံနက် ၆ နာ ရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၂၄၆/၃ နှင့် ၂၄၆/၄ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အမျိုးသား(၇)ဦးနှင့်အမျိုးသမီး(၁)ဦးတို့လိုက်ပါလာသည့် ခရီးသည်တင် Express ကားသည် အခင်းဖြစ်နေရာအရောက်၌ ကားနောက်ရှိ အင်ဂျင်ခန်းမှတဆင့်မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

"ကားအင်ဂျင်ခန်းကနေ မီးစလောင်ပြီး လမ်းပေါ်မှာထိုးရပ်သွားတယ်။ ခရီးသည်တွေအများကြီးမပါဘူး။အကုန် လုံးပြေးဆင်းနိုင်ခဲ့ကြတယ်။ ကားပေါ်မှာက ကားမောင်းတဲ့လူအပါအဝင် ၈ ယောက်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူတစ်ယောက်မှမရှိပါဘူး။ ကားကတော့တစ်စီးလုံးမီးလောင်ပျက်စီးသွားတယ်။ လိုအပ်တဲ့စစ်ဆေးတာတွေလုပ်နေပါတယ်"ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးလောင်မှုအား ပေပင်လေးအမြန်လမ်းမီးသတ်စခန်း၊ဘုရားတောင်အမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များကသွားရောက်ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

"အဓိကက အမြန်လမ်းပေါ်မှာမောင်းတော့မယ်ဆိုရင် ကားရဲ့ကြံ့ခိုင်မှု၊ ကားမောင်းတဲ့လူရဲ့လန်းဆန်းနေမှုအပေါ်မှာမူတည်တယ်။ ကိုယ်တိုင်မောင်းမယ်ဆိုရင်လည်း လန်းလန်းဆန်းဆန်းရှိနေသင့်တယ်။ ဒါမှအိပ်မငိုက်မှာ ဘေးကနေလည်းတစ်ယောက်ကထိုင်ပြီး ကားမောင်းတဲ့လူအိပ်မငိုက်အောင်စကားတွေပြောပေးသင့်တယ်။ လမ်းကြောကအရှည်မောင်းရတာဖြစ်တဲ့အတွက် ခရီးသည်တင်ကားတွေ၊ အမြန်လမ်းပေါ်ဖြတ်သန်းခွင့်ပြုထားတဲ့ ကုန်ကားတွေဆိုရင် ကားမောင်းတဲ့လူ ၂ ယောက်ရှိသင့်တယ်။ အမြန်လမ်းမှာမောင်းပြီဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပုံမှန်လေးပဲမောင်းသင့်တယ်"ဟု ဝါရင့်ကားမောင်းသူတစ်ဦးဖြစ်သည့် ဦးမျိုးနိုင်စိုးက အကြုံပြောကြားခဲ့သည်။

ယမန်နေ့(ဒီဇင်ဘာလ ၁၈ ရက်)၊ နံနက်ပိုင်းကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၂၉/၇ အနီးတွင် ရန်ကုန်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့မောင်းနှင်လာသည့် (၁၀)ဘီးကုန်တင်ကား၏ ကားမောင်းသူအိပ် ငိုက်ပြီး အရှိန်းမထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိထန်းပင်အားပွတ်တိုက်မိ၍မီးလောင်ကာ လမ်းလယ်ကျွန်းပေါ်ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိကြောင်း အမြန်လမ်းမီး သတ်တပ်ဖွဲ့စခန်းမှ သိရသည်။

zawgyi version
ကားအင္ဂ်င္ခန္းမွမီးစေလာင္၍ Express ကားတစ္စီးလုံးပ်က္စီးဆုံးရႈံးခဲ့မႈ အျမန္လမ္းတြင္ျဖစ္ပြား

ေက်ာ္(NP News) - ဒီဇင္ဘာ ၁၉

ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ Express ကားတစ္စီး၏ အင္ဂ်င္ခန္းမွမီးစတင္ေလာင္ကြၽမ္းရာမွ ကားတစ္စီးလုံးပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕စခန္းမွ သိရသည္။

ျဖစ္စဥ္သည္ ယေန႔(ဒီဇင္ဘာလ ၁၉ ရက္)၊ နံနက္ ၆ နာ ရီခန္႔က ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး၏ ေပပင္ေလးအျမန္လမ္းမီးသတ္တပ္ဖြဲ႕စခန္းအပိုင္ မိုင္တိုင္အမွတ္ ၂၄၆/၃ ႏွင့္ ၂၄၆/၄ တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ အမ်ိဳးသား(၇)ဦးႏွင့္အမ်ိဳးသမီး(၁)ဦးတို႔လိုက္ပါလာသည့္ ခရီးသည္တင္ Express ကားသည္ အခင္းျဖစ္ေနရာအေရာက္၌ ကားေနာက္ရွိ အင္ဂ်င္ခန္းမွတဆင့္မီးစတင္ေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

"ကားအင္ဂ်င္ခန္းကေန မီးစေလာင္ၿပီး လမ္းေပၚမွာထိုးရပ္သြားတယ္။ ခရီးသည္ေတြအမ်ားႀကီးမပါဘူး။အကုန္ လုံးေျပးဆင္းႏိုင္ခဲ့ၾကတယ္။ ကားေပၚမွာက ကားေမာင္းတဲ့လူအပါအဝင္ ၈ ေယာက္ပါတယ္။ ထိခိုက္ဒဏ္ရာရတဲ့လူတစ္ေယာက္မွမရွိပါဘူး။ ကားကေတာ့တစ္စီးလုံးမီးေလာင္ပ်က္စီးသြားတယ္။ လိုအပ္တဲ့စစ္ေဆးတာေတြလုပ္ေနပါတယ္"ဟု အျမန္လမ္းမီးသတ္တပ္ဖြဲ႕မွ တာဝန္ ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္မႈအား ေပပင္ေလးအျမန္လမ္းမီးသတ္စခန္း၊ဘုရားေတာင္အျမန္လမ္းရဲစခန္းတို႔မွ တပ္ဖြဲ႕ဝင္မ်ားကသြားေရာက္ျငႇိမ္းသတ္ခဲ့ၾကသျဖင့္ နံနက္ ၆ နာရီ ၅၀ မိနစ္၌ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

"အဓိကက အျမန္လမ္းေပၚမွာေမာင္းေတာ့မယ္ဆိုရင္ ကားရဲ႕ႀကံ့ခိုင္မႈ၊ ကားေမာင္းတဲ့လူရဲ႕လန္းဆန္းေနမႈအေပၚမွာမူတည္တယ္။ ကိုယ္တိုင္ေမာင္းမယ္ဆိုရင္လည္း လန္းလန္းဆန္းဆန္းရွိေနသင့္တယ္။ ဒါမွအိပ္မငိုက္မွာ ေဘးကေနလည္းတစ္ေယာက္ကထိုင္ၿပီး ကားေမာင္းတဲ့လူအိပ္မငိုက္ေအာင္စကားေတြေျပာေပးသင့္တယ္။ လမ္းေၾကာကအရွည္ေမာင္းရတာျဖစ္တဲ့အတြက္ ခရီးသည္တင္ကားေတြ၊ အျမန္လမ္းေပၚျဖတ္သန္းခြင့္ျပဳထားတဲ့ ကုန္ကားေတြဆိုရင္ ကားေမာင္းတဲ့လူ ၂ ေယာက္ရွိသင့္တယ္။ အျမန္လမ္းမွာေမာင္းၿပီဆိုရင္ေတာ့ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ပုံမွန္ေလးပဲေမာင္းသင့္တယ္"ဟု ဝါရင့္ကားေမာင္းသူတစ္ဦးျဖစ္သည့္ ဦးမ်ိဳးႏိုင္စိုးက အႀကဳံေျပာၾကားခဲ့သည္။

ယမန္ေန႔(ဒီဇင္ဘာလ ၁၈ ရက္)၊ နံနက္ပိုင္းကလည္း ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ ေဗာဓိကုန္းအျမန္လမ္းမီးသတ္စခန္းအပိုင္ မိုင္တိုင္အမွတ္ ၁၂၉/၇ အနီးတြင္ ရန္ကုန္ၿမိဳ႕ဘက္မွ မႏၲေလးၿမိဳ႕ဘက္သို႔ေမာင္းႏွင္လာသည့္ (၁၀)ဘီးကုန္တင္ကား၏ ကားေမာင္းသူအိပ္ ငိုက္ၿပီး အရွိန္းမထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းရွိထန္းပင္အားပြတ္တိုက္မိ၍မီးေလာင္ကာ လမ္းလယ္ကြၽန္းေပၚေရာက္ရွိရပ္တန႔္သြားခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ထိခိုက္ဒဏ္ရာရရွိခဲ့သူမရွိေၾကာင္း အျမန္လမ္းမီး သတ္တပ္ဖြဲ႕စခန္းမွ သိရသည္။

Related news

© 2021. All rights reserved.