လက်လုပ်မိုင်းတပ်ဆင်ထားသော Bluetooth ဘောက်မှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ရာ အရပ်သားထိခိုက်ခဲ့မှု ရန်ကုန်မြို့၌ ဖြစ်ပွား

 9698

မြူနစ် (NP News) - ဒီဇင်ဘာ ၂၁

လက်လုပ်မိုင်းတပ်ဆင်ထားသော Bluetooth ဘောက်မှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ရာ အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်သည် ယနေ့(ဒီဇင်ဘာလ ၂၁ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၇)ရပ်ကွက်၊ ဇေယျာမြိုင်လမ်းရှိ ကွမ်းယာဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် (၅ဝ)နှစ်ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ကွမ်းယာရောင်းရန်အတွက် ဆိုင်သို့ရောက်ရှိစဉ်အချိန်၌ ကွမ်းယာဆိုင်ထိုင်ခုံအောက်၌ Bluetooth ဘောက်တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းသည် ယင်း Bluetooth ဘောက်အား ကောက်ယူလိုက်စဉ်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

၎င်းကဲ့သို့ ပေါက်ကွဲမှုကြောင့် ၎င်းတွင် မျက်နှာ၊ လက် နှင့် ပေါင်တို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း၊ မြို့နယ်အများအပြားရှိ လမ်းမများပေါ်တွင် လက်လုပ်မိုင်းတပ်ဆင်ထားသော Bluetooth ဘောက်မှတစ်ဆင့် ပေါက် ကွဲမှုများဖြစ်ပွားခဲ့ဖူးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ဖူးသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် လမ်းပေါ်တွင် တွေ့ရှိရသည့် Bluetooth ဘောက်အပါအဝင် မသင်္ကာဖွယ်ရာပစ္စည်းများကို ကိုင်တွယ်ယူဆောင်ခြင်း မပြုလုပ်ကြရန်လည်း လုံခြုံရေးအဖွဲ့ဝင်များက သတိပေးထားသည်။

zawgyi version
လက္လုပ္မိုင္းတပ္ဆင္ထားေသာ Bluetooth ေဘာက္မွ ေပါက္ကြဲမႈထပ္မံျဖစ္ပြားခဲ့ရာ အရပ္သားထိခိုက္ခဲ့မႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြား
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၂၁

လက္လုပ္မိုင္းတပ္ဆင္ထားေသာ Bluetooth ေဘာက္မွ ေပါက္ကြဲမႈထပ္မံျဖစ္ပြားခဲ့ရာ အရပ္သားအမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့မႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

ေပါက္ကြဲမႈျဖစ္စဥ္သည္ ယေန႔(ဒီဇင္ဘာလ ၂၁ ရက္)၊ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ (၅၇)ရပ္ကြက္၊ ေဇယ်ာၿမိဳင္လမ္းရွိ ကြမ္းယာဆိုင္တစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အသက္ (၅ဝ)ႏွစ္ေက်ာ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးသည္ ကြမ္းယာေရာင္းရန္အတြက္ ဆိုင္သို႔ေရာက္ရွိစဥ္အခ်ိန္၌ ကြမ္းယာဆိုင္ထိုင္ခုံေအာက္၌ Bluetooth ေဘာက္တစ္လုံးကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎သည္ ယင္း Bluetooth ေဘာက္အား ေကာက္ယူလိုက္စဥ္အခ်ိန္၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။

၎ကဲ့သို႔ ေပါက္ကြဲမႈေၾကာင့္ ၎တြင္ မ်က္ႏွာ၊ လက္ ႏွင့္ ေပါင္တို႔၌ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး လက္ရွိတြင္ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးလ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းကလည္း ရန္ကုန္တိုင္း၊ ၿမိဳ႕နယ္အမ်ားအျပားရွိ လမ္းမမ်ားေပၚတြင္ လက္လုပ္မိုင္းတပ္ဆင္ထားေသာ Bluetooth ေဘာက္မွတစ္ဆင့္ ေပါက္ ကြဲမႈမ်ားျဖစ္ပြားခဲ့ဖူးၿပီး ထိခိုက္ဒဏ္ရာရရွိသူ အမ်ားအျပားရွိခဲ့ဖူးသည္။

ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ လမ္းေပၚတြင္ ေတြ႕ရွိရသည့္ Bluetooth ေဘာက္အပါအဝင္ မသကၤာဖြယ္ရာပစၥည္းမ်ားကို ကိုင္တြယ္ယူေဆာင္ျခင္း မျပဳလုပ္ၾကရန္လည္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သတိေပးထားသည္။

Related news

© 2021. All rights reserved.