လျှပ်စစ်သုံးယာဥ်အမျိုးမျိုး အပါအဝင် ပစ္စည်း (၁၄)မျိုးကို သွင်းကုန်လိုင်စင်ကြိုတင်ရယူရန်မလိုဘဲ အကောက်ခွန်ကုန်လှောင်ရုံများ၌ သိုလှောင်ခွင့်ပြုမည်

 3373

ယွန်း (NP News) - ဒီဇင်ဘာ ၂၁

လျှပ်စစ်သုံးယာဥ်အမျိုးမျိုး အပါအဝင် ပစ္စည်း (၁၄)မျိုးကို သွင်းကုန်လိုင်စင်ကြိုတင်ရယူရန်မလိုဘဲ အကောက်ခွန်ကုန်လှောင်ရုံတွင် သိုလှောင်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ဒီဇင်ဘာလ(၂၀)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းမည့် ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှကုန်ပစ္စည်းများတင်သွင်းမှုအားလုံးကို ဆိပ်ကမ်းသို့ မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ပြီးခဲ့သည့်လပိုင်းကထုတ်ပြန်ထားပြီးဖြစ်သည်။

သို့သော် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတ ကာဈေးလျော့ကျသည့်အချိန်တွင် ဝယ်ယူစုဆောင်းသိုလှောင်၍ ပြည်တွင်းသို့တင်သွင်းခြင်း (သို့မဟုတ်) ပြန်လည်တင်ပို့ခြင်းများကို ဆောင်ရွက်နိုင်ရန် ကုန်စည်များကို သွင်းကုန်လိုင်စင်ကြိုတင်ရယူရန်မလိုဘဲ အကောက်ခွန် လုပ်ထုံးလုပ်နည်းများအတိုင်း အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

ထို့ပြင် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သော ကုန်ပစ္စည်းများကို လိုအပ်သည့်အချိန်တွင် တင်သွင်းသိုလှောင်ခြင်းများ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူစေရန်ရည်ရွယ်၍ အထက်ပါကဲ့သို့ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိုလှောင်မှုများကို သတင်းလွှာထုတ်ပြန်သည့်(ဒီဇင်ဘာ လ ၂၀ ရက်)မှစ၍ ဆောင်ရွက်နိုင်ပြီး ဆေးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ အပါအဝင် စိုက်ပျိုးရေးသွင်းအားစုများ၊ တိရစ္ဆာန်သုံးဆေးဝါးများ၊ လျှပ်စစ်သုံးယာဥ်အမျိုးမျိုး၊ စက်မှုသုံးဆီများနှင့် ထုတ်ပိုးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဘက်ထရီလျှပ်စစ်သုံးယာဥ်များ၏ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများ၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်း ပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ၊ စားသောက်ကုန်ကြမ်းပစ္စည်းများ၊ CMP စနစ်၏ အစိတ်အပိုင်းဖြစ်သော ကုန်ကြမ်းပစ္စည်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းများကိုလည်း သွင်းကုန်လိုင်စင်ကြိုတင်ရယူရန်မလိုဘဲ အကောင်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အကောက်ခွန်ကုန် လှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်မည့် ကုန်စည်အမျိုးအစားအုပ်စုများကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္သုံးယာဥ္မ်ားအမျိုးမျိုး အပါအဝင္ ပစၥည္း (၁၄)မ်ိဳးကို သြင္းကုန္လိုင္စင္ႀကိဳတင္ရယူရန္မလိုဘဲ အေကာက္ခြန္ကုန္ေလွာင္႐ုံမ်ား၌ သိုေလွာင္ခြင့္ျပဳမည္
ယြန္း (NP News) - ဒီဇင္ဘာ ၂၁

လွ်ပ္စစ္သုံးယာဥ္မ်ားအမျိုးမျိုးအပါအဝင္ ပစၥည္း (၁၄)မ်ိဳးကို သြင္းကုန္လိုင္စင္ႀကိဳတင္ရယူရန္မလိုဘဲ အေကာက္ခြန္ကုန္ေလွာင္႐ုံတြင္ သိုေလွာင္ႏိုင္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနက ဒီဇင္ဘာလ(၂၀)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အေကာက္ခြန္ကုန္ေလွာင္႐ုံတြင္ ထည့္သြင္းမည့္ ကုန္ပစၥည္းမ်ားအပါအဝင္ ျပည္ပမွကုန္ပစၥည္းမ်ားတင္သြင္းမႈအားလုံးကို ဆိပ္ကမ္းသို႔ မေရာက္မီ သြင္းကုန္လိုင္စင္ရရွိၿပီးမွ တင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ၿပီးခဲ့သည့္လပိုင္းကထုတ္ျပန္ထားၿပီးျဖစ္သည္။

သို႔ေသာ္ ကုန္သည္လုပ္ငန္းရွင္မ်ားအေနျဖင့္ ႏိုင္ငံတ ကာေဈးေလ်ာ့က်သည့္အခ်ိန္တြင္ ဝယ္ယူစုေဆာင္းသိုေလွာင္၍ ျပည္တြင္းသို႔တင္သြင္းျခင္း (သို႔မဟုတ္) ျပန္လည္တင္ပို႔ျခင္းမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ ကုန္စည္မ်ားကို သြင္းကုန္လိုင္စင္ႀကိဳတင္ရယူရန္မလိုဘဲ အေကာက္ခြန္ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း အေကာက္ခြန္ကုန္ေလွာင္႐ုံသို႔ ထည့္သြင္းသိုေလွာင္ႏိုင္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ထား သည္။

ထို႔ျပင္ ျပည္တြင္းထုတ္လုပ္မႈလုပ္ငန္းအတြက္ လိုအပ္ေသာ ကုန္ပစၥည္းမ်ားကို လိုအပ္သည့္အခ်ိန္တြင္ တင္သြင္းသိုေလွာင္ျခင္းမ်ား ေဆာင္႐ြက္ရာ၌ ပိုမိုလြယ္ကူေစရန္ရည္႐ြယ္၍ အထက္ပါကဲ့သို႔ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သိုေလွာင္မႈမ်ားကို သတင္းလႊာထုတ္ျပန္သည့္(ဒီဇင္ဘာ လ ၂၀ ရက္)မွစ၍ ေဆာင္႐ြက္ႏိုင္ၿပီး ေဆးႏွင့္ ေဆးအေထာက္အကူျပဳပစၥည္းမ်ား အပါအဝင္ စိုက္ပ်ိဳးေရးသြင္းအားစုမ်ား၊ တိရစာၦန္သုံးေဆးဝါးမ်ား၊ လွ်ပ္စစ္သုံးယာဥ္အမ်ိဳးမ်ိဳး၊ စက္မႈသုံးဆီမ်ားႏွင့္ ထုတ္ပိုးပစၥည္းမ်ား ပါဝင္ေၾကာင္း သိရသည္။

ထို႔ျပင္ ဘက္ထရီလွ်ပ္စစ္သုံးယာဥ္မ်ား၏ ဆပ္စပ္ပစၥည္းမ်ားႏွင့္ အပိုပစၥည္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းသုံးကုန္ၾကမ္းမ်ား၊ ေဆးဝါးကုန္ၾကမ္း ပစၥည္းမ်ားႏွင့္ ပရေဆးကုန္ၾကမ္းမ်ား၊ စက္မႈကုန္ၾကမ္းမ်ား၊ စားေသာက္ကုန္ၾကမ္းပစၥည္းမ်ား၊ CMP စနစ္၏ အစိတ္အပိုင္းျဖစ္ေသာ ကုန္ၾကမ္းပစၥည္းမ်ားႏွင့္ ျပည္တြင္းစက္မႈကုန္ထုတ္လုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ စက္ပစၥည္းမ်ားကိုလည္း သြင္းကုန္လိုင္စင္ႀကိဳတင္ရယူရန္မလိုဘဲ အေကာင္ခြန္ကုန္ေလွာင္႐ုံတြင္ ထည့္သြင္းသိုေလွာင္ရန္ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ အေကာက္ခြန္ကုန္ ေလွာင္႐ုံသို႔ ထည့္သြင္းသိုေလွာင္ႏိုင္မည့္ ကုန္စည္အမ်ိဳးအစားအုပ္စုမ်ားကို လိုအပ္သလို ျပင္ဆင္ျဖည့္စြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.