Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေ

 1148

ယွန်း (NP News) - ဒီဇင်ဘာ ၂၂

Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ဒေါက်တာညွန့်ဖေက ဒီဇင်ဘာလ(၂၁)ရက်တွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် အထက် ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“Naypyitaw State Academy ကို နိုင်ငံတော်ရဲ့ ထိပ် တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေပြီး Naypyitaw State Academy က ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေအနေနဲ့ အစဉ်လေ့လာသင်ယူပြီး အမြဲမပြတ်ကြိုးစားနေဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာညွန့်ဖေက အသိပေးပြောကြားထားသည်။

Naypyitaw State Academy ကို မဟာဌာနကြီးခုနစ်ခုဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်တွင် ဖွင့်လှစ်ခဲ့ပြီး Comprehensive University အဖြစ် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် တက္ကသိုလ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဟာဌာနကြီး ခုနှစ်ခုတွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးသိပ္ပံပညာ မဟာဌာန၊ လူမှုရေးပညာမဟာဌာန၊ အားကစားပညာမဟာဌာနတို့ ပါဝင်ကြောင်း သိရသည်။

ဆေးသိပ္ပံပညာမဟာဌာနကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ပူးပေါင်း၍ စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

အဆိုပါကျောင်းကို နေပြည်တော်၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော်ရှိ မြို့နယ်(၈)ခုမှ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်မျိုးစုံအား ရွေးချယ်သင်ယူလေ့လာနိုင်ရန်အတွက် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်တွင် ပညာရေးဝန်ကြီးဌာနမှ ပညာရေးဝန်ထမ်း (၂၄ဝဝ) ကျော်ဖြင့် သင်ကြားမှုများဆောင်ရွက်ရန် ခွင့်ပြုထားပြီး နေပြည်တော်ရှိ ဌာနဆိုင်ရာ အသီး သီး၌ တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ် ကျွမ်းကျင်ပညာရှင်များဖြင့်ပါ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
Naypyitaw State Academy ကို ႏိုင္ငံေတာ္၏ ထိပ္တန္းတကၠသိုလ္ တစ္ခုျဖစ္ေအာင္ ဦးတည္ခ်က္ထားေဆာင္႐ြက္ေန

ယြန္း (NP News) - ဒီဇင္ဘာ ၂၂

Naypyitaw State Academy ကို ႏိုင္ငံေတာ္၏ ထိပ္တန္းတကၠသိုလ္ တစ္ခုျဖစ္ေအာင္ ဦးတည္ခ်က္ထားေဆာင္႐ြက္ေနေၾကာင္း ပညာေရးဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

ပညာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး‌ေဒါက္တာၫြန႔္ေဖက ဒီဇင္ဘာလ(၂၁)ရက္တြင္ Naypyitaw State Academy သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အထက္ ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“Naypyitaw State Academy ကို ႏိုင္ငံေတာ္ရဲ႕ ထိပ္ တန္းတကၠသိုလ္ တစ္ခုျဖစ္ေအာင္ ဦးတည္ခ်က္ထားေဆာင္႐ြက္ေနၿပီး Naypyitaw State Academy က ဆရာ၊ ဆရာမေတြ၊ ေက်ာင္းသားေက်ာင္းသူေတြအေနနဲ႔ အစဥ္ေလ့လာသင္ယူၿပီး အၿမဲမျပတ္ႀကိဳးစားေနဖို႔လိုအပ္ပါတယ္” ဟု ေဒါက္တာၫြန႔္ေဖက အသိေပးေျပာၾကားထားသည္။

Naypyitaw State Academy ကို မဟာဌာနႀကီးခုနစ္ခုျဖင့္ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ (၉)ရက္တြင္ ဖြင့္လွစ္ခဲ့ၿပီး Comprehensive University အျဖစ္ ျမန္မာ ႏိုင္ငံတြင္ ပထမဦးဆုံး ဖြင့္လွစ္ႏိုင္ခဲ့သည့္ တကၠသိုလ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မဟာဌာနႀကီး ခုႏွစ္ခုတြင္ ဝိဇၨာပညာမဟာဌာန၊ သိပၸံပညာမဟာဌာန၊ စီးပြားေရးပညာမဟာဌာန၊ ဥပေဒပညာမဟာဌာန၊ ေဆးသိပၸံပညာ မဟာဌာန၊ လူမႈေရးပညာမဟာဌာန၊ အားကစားပညာမဟာဌာနတို႔ ပါဝင္ေၾကာင္း သိရသည္။

ေဆးသိပၸံပညာမဟာဌာနကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္း ပညာေရးဝန္ႀကီးဌာန ႏွင့္ က်န္းမာေရးဝန္ႀကီး ဌာနတို႔ပူးေပါင္း၍ စတင္ဖြင့္လွစ္ႏိုင္ခဲ့သည္။

အဆိုပါေက်ာင္းကို ေနျပည္ေတာ္၌ တာဝန္ထမ္းေဆာင္ေနၾကသည့္ ႏိုင္ငံ့ဝန္ထမ္းမိသားစုမ်ား၏ သားသမီးမ်ား၊ ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္(၈)ခုမွ ေဒသခံျပည္သူမ်ား၏ သားသမီးမ်ားအေနျဖင့္ ႏိုင္ငံတကာအဆင့္မီ အဆင့္ျမင့္ ပညာရပ္မ်ိဳးစုံအား ေ႐ြးခ်ယ္သင္ယူေလ့လာႏိုင္ရန္အတြက္ ရည္႐ြယ္ကာ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

တကၠသိုလ္တြင္ ပညာေရးဝန္ႀကီးဌာနမွ ပညာေရးဝန္ထမ္း (၂၄ဝဝ) ေက်ာ္ျဖင့္ သင္ၾကားမႈမ်ားေဆာင္႐ြက္ရန္ ခြင့္ျပဳထားၿပီး ေနျပည္ေတာ္ရွိ ဌာနဆိုင္ရာ အသီး သီး၌ တာဝန္ထမ္းေဆာင္ေနၾကသည့္ ဘာသာရပ္ ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ပါ သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.